HOT NEWS
Main menu

ပင်နယ်တီ နှစ်ကြိမ် ခွင့်ပြုပေးခဲ့ရသည့် အပေါ် လက်ခံနိုင်ရန် ခက်ခဲကြောင်း လီဗာပူးနည်းပြ ညည်းတွား

တန်းဆင်းဇုန်တွင် ရပ်တည်နေသည့် ဆန်းဒါးလန်းအသင်းအား အနိုင်မရရှိခဲ့သည့်အတွက် ချဲလ်ဆီးအသင်းနှင့် အမှတ်ကွာဟမှု မြင့်တက်ခဲ့ပြီး လီဗာပူးအသင်းနည်းပြ ကလော့ပ်က ဆုံးဖြတ်ချက်အချို့ကြောင့် နစ်နာခဲ့ ရကြောင်း၊ ပင်နယ်တီနှစ်ကြိမ်ခွင့်ပြု ပေးခဲ့ရသည့် အပေါ်လက်ခံရန်ခက်ခဲကြောင်း ပွဲအပြီးတွင်ပြောကြားခဲ့သည်။

Read more...

ဒိုင်များ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်ကြောင့် ချန်ပီယံဆုများစွာ ရရှိခဲ့ခြင်းဖြစ်ဟု၊ မန်ယူနည်းပြ မော်ရင်ဟို ပြန်လည် တုံ့ပြန်၊ ချဲလ်ဆီး-စပါး ထိပ်တိုက်တွေ့ဆုံမှုက မန်ယူအတွက် အခွင့်ကောင်းဖြစ်ကြောင်း ဝန်ခံသွားခဲ့

ဝက်စ်ဟမ်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ကွင်းလယ်ဒိုင်မိုက်ဒင်း၏ အလေးပေးခြင်းကို ခံခဲ့ရကြောင်း ဝေဖန်နေမှုများအပေါ် မန်ယူနည်းပြမော်ရင်ဟိုက ပြန်လည်တုံ့ပြန်ခဲ့ပြီး စိတ်ပျက်စရာ ဝေဖန်မှုများဖြစ်ကြောင်း ဒိုင်များ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်အချို့ ကြောင့် ချန်ပီယံဆုများစွာရရှိထားသကဲ့သို့ ယူဆရမည်ဖြစ်ကြောင်း ပြက်ရယ်ပြု မှတ်ချက်ပြုခဲ့သည်။

Read more...

နည်းပြဘဝ နောက်ဆုံး အသင်းမှာ မန်စီးတီး ဖြစ်လာနိုင်ကြောင်း ဂွါဒီယိုလာ ဖွင့်ဟ

ပရီးမီးယားလိဂ် ရာသီဝက်ပွဲစဉ်များ အပြီးတွင် ရှုံးပွဲလေးပွဲအထိ ရှိခဲ့သည့် မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ အနာဂတ်အခြေအနေများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများပြုလုပ်ခဲ့ပြီး နည်းပြဘဝကနေ အနားယူမည့် အခြေအနေရှိနေကြောင်း၊ စာချုပ်သက်တမ်းကုန်အထိ တာဝန်ယူပြီး နည်းပြဘဝ၏ နောက်ဆုံးအသင်းမှာ မန်စီးတီးဖြစ်နိုင်ကြောင်း အံအားသင့်ဖွယ် ဖွင့်ဟသွားခဲ့သည်။

Read more...

ပြီးခဲ့သည့် နွေရာသီက အသင်းဟောင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ကြောင်း ဒီယေဂိုကော်စတာ ဝန်ခံသွားခဲ့

ပြီးခဲ့သည့်ရာသီတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိခြင်းကြောင့် စိတ်ပျက်မိကာ နွေရာသီအပြောင်းအရွှေ့၌ အသင်းဟောင်း အက်သလက်တီကို သို့တစ်ကျော့ပြန်သွားရောက်ကစားရန် နီးစပ်ခဲ့ကြောင်း ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက သတင်းထောက်များကို ဖြေကြားခဲ့သည်။

Read more...

ပဲလေ့စ်ကို သွင်းယူခဲ့သည့် ကင်းမြီးကောက် ဂိုးမှာ ကစားသမား ဘဝ အကောင်းဆုံး ဂိုးဟု ဂျီရော့ဒ် သတ်မှတ်၊ နည်းပြ သက်တမ်း တစ်လျှောက် ဂျီရော့ဒ် သွင်းဂိုးမှာ အလှပဆုံး ဖြစ်ကြောင်း အာစင်ဝင်းဂါး ချီးကျူး

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် ကင်းမြီးကောက်သွင်းဂိုးမှာ မိမိ၏ကစားသမားဘဝ၌ အကောင်းဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ထိုသွင်းဂိုးမှာ ကံတရားကြောင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု အာဆင်နယ်တိုက်စစ်မှူး ဂျီရော့ဒ်က ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ ဆန်းချက်ဇ်၏ပေးပို့မှုမှ ဘယ်ခြေဖြင့်ချိတ်ကာ နောက်ပြန်သွင်းယူခဲ့သည့်သွင်းဂိုးဖြင့် အာဆင်နယ်အသင်းသည် ပဲလေ့စ်ကို ၂-ဝ ဂိုးဖြင့် အနိုင်ရ ပြီး အမှတ်ပေးဇယား တတိယနေရာထိတက်လှမ်းလာနိုင်ခဲ့ကာ အဆိုပါသွင်းဂိုးမှာ မန်ယူမှ မာခီတာရန်၏ သွင်းဂိုးနှင့်တူညီနေခဲ့သည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS