Main menu
HOT NEWS
adv

ဝေးလ်နှင့်ပွဲအမီ ကွင်းလယ်လူ ဟာဇက် ပြန်ကစားနိုင်မည် ဟု ဘယ်လ်ဂျီယံ နည်းပြ အတည်ပြု

ဘယ်လ်ဂျီယံအသင်း၏ နည်း ပြဝီမော့ခ်က ဟန်ဂေရီအသင်းအား အနိုင်ရရှိခဲ့သည့် ၁၆ သင်းရှုံးထွက် အဆင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်း ကြောင့် လူစားလဲခံခဲ့ရသည့်ဟာဇက်အနေဖြင့် ဝေးလ်အသင်းနှင့်ရင်ဆိုင် ရမည့် ကွာတားဖိုင်နယ်ပွဲစဉ်အမီ နိုင်ငံ့အသင်းအတွက် ပြန်ကစားပေး နိုင်မည်ဖြစ်ကြောင်း အတည်ပြုထုတ် ဖော်ပြောကြားသွားခဲ့သည်။

Read more...

လက်ရွေးစင် အသင်းနှင့်အတူ ချန်ပီယံဆု ရယူရန် ပေါ်တူဂီအသင်း တိုက်စစ်မှူး စီရော် targetedနယ်ဒို ပစ်မှတ်ထားနေ

ယူရိုပြိုင်ပွဲဝင်ပေါ်တူဂီအသင်း၏ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သည့် စီရော်နယ်ဒိုသည် လက်ရွေးစင်အသင်းနှင့်အတူ ချန်ပီယံဆုရယူ၍ ကစားသမားဘဝ၏ ပြီးပြည့်စုံသည့်အောင်မြင်မှုနှင့်အတူ စံချိန် တင်ရန်ပစ်မှတ်ထား နေကြောင်း မီဒီယာများ၏ဖော်ပြချက်အရသိရသည်။

Read more...

ရာထူးမှ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြ ရွိုင်းဟော့ဆန် ဒေါသတကြီး တုံ့ပြန် အသင်းသားများ နည်းပြ ရွိုင်းဟော့ဆန် အပေါ် ကြောက်ရွံ ခဲ့ရကြောင်း ရွန်းနီဖွင့်ဟ

ကျင်းပလျက်ရှိသည့် ယူရို ၂ဝ၁၆ ရှုံးထွက် ပွဲစဉ်တွင် အိုက်စလန်ကို အံအားသင့်ဖွယ်အရေး နိမ့်ခဲ့ခြင်းကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး ရာထူးမှ နုတ်ထွက်ခဲ့သည့် အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်သည် ရာထူးမှနုတ်ထွက် ခဲ့ခြင်းနှင့်ပတ်သက်၍ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအပေါ် ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့ကြောင်း ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရသိရသည်။ ယူရို ၂ဝ၁၆ ခြေစစ်ပွဲစဉ်တွင် ရှုံးပွဲမရှိရလ ဒ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် အင်္ဂလန်အသင်းသည် ပြိုင်ပွဲအတွင်း၌ အုပ်စုပွဲစဉ်များတွင်ရှုံးပွဲမရှိရလဒ် ဖြင့် ၁၆သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းများ ကြောင့် ချန်ပီယံဆုအတွက် ရေပန်းစားဆုံးအသင်းများတွင် ပါဝင်ခွင့်ရရှိခဲ့သော်လည်း အိုက်စလန်အား မထင်မှတ်ဘဲအရေးနိမ့်ခဲ့ခြင်းကြောင့် ကွာတား တက်ခွင့်ဆုံးရှုံးခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။

Read more...

လက်ရွေးစင် အသင်းမှ အနားယူရန် မရှိကြောင်း အသင်းခေါင်းဆောင် ရွန်းနီ ဆို

ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် အိုက်စလန်အသင်းအား အရေးနိမ့်ခဲ့ ခြင်းကြောင့် ၁၆ သင်းရှုံးထွက် အဆင့်နှင့် ကျေနပ်ခဲ့ရသည့် အင်္ဂလန်အသင်း၏အသင်း ခေါင်းဆောင် တိုက်စစ်မှူးရွန်းနီက လက်ရွေးစင်အသင်း တွင်ရှိနေ သည့် အချိန်များအတွက် ဂုဏ်ယူမိခြင်းကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသော်လည်း လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူရန်အစီအစဉ်မရှိကြောင်း မီဒီယာများထံထုတ်ဖော်ပြောကြားသွားခဲ့သည်။ အုပ်စုတွင်း ပွဲစဉ်များတွင် အထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့သည့် အင်္ဂလန်အသင်းသည် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွင် ပြိုင်ပွဲ၏အင်အားအနည်းဆုံးအသင်းတစ်သင်းဖြစ်သည့် အိုက်စလန်အသင်းအား အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ခြင်းကြောင့် ယူရို ၂ဝ၁၆ ပြိုင်ပွဲအား ရှုံးထွက်အဆင့်ဖြင့်ကျေနပ်ခဲ့ရပြီ ဖြစ်သည်။

Read more...

အသင်းခေါင်းဆောင် မက်ဆီအနေဖြင့် နိုင်ငံအသင်းအတွက် ဆက်ကစား ပေးစေလိုကြောင်း အာဂျင်တီးနား သမ္မတ တိုက်တွန်းေArgentina President Fဘာလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ပြီး အဖွဲ့ချုပ်ရုံးအား ဗုံးဖောက်ခွဲမည်ဆိုသည့် ခြိမ်းခြောက်စာများ လက်ခံရရှိခဲ့

အာဂျင်တီးနားနိုင်ငံ သမ္မတမာရီစီယိုမာခရီသည် ၂ဝ၁၆ ရာ ပြည့်ကိုပါ အမေရိကဖလား ဗိုလ်လုပွဲတွင် ချီလီအသင်းအား အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းကြောင့် လက်ရွေးစင်အသင်းမှအနားယူ ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာထားသည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအနေဖြင့် နိုင်ငံအသင်းအတွက် ဆက်လက်ကိုယ်စားပြုကစား ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616