HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရပ်ဆိုင်းခဲ့သော ရေနံပိုက်လိုင်း စီမံကိန်းများအတွက် နစ်နာကြေးပေးရန် တရုတ်ကုမ္ပဏီများနှင့် မလေးရှားဆွေးနွေးနေ

ရပ်ဆိုင်းခဲ့သော ရေနံပိုက်လိုင်း စီမံကိန်းများအတွက် နစ်နာကြေးပေးရန် တရုတ်ကုမ္ပဏီများနှင့် မလေးရှားဆွေးနွေးနေ

ကွာလာလမ်ပူ၊ မေ ၂၆

မလေးရှားနိုင်ငံသည် ရင်းဂစ် ငွေ ၉ ဒသမ ၄ ဘီလီယံဖိုးရှိ ရေနံပိုက်လိုင်းစီမံကိန်းများနှင့် ပတ်သက်၍ နစ်နာကြေးပေးရန်အတွက် တရုတ်အခြေစိုက်ကန်ထရိုက်တာများနှင့် ဆွေးနွေးနေကြောင်းသိရသည်။  မလေးရှားအစိုးရသည် အလုပ်ရပ်ဆိုင်းခဲ့သည့်အတွက် ယင်းစီမံကိန်းများကို ကြီးကြပ်နေသည့် Suria Strategic Energy Resource (SSER) ကုမ္ပဏီက China Petroleum Pipeline Engineering ကုမ္ပဏီနှင့် Huanqiu Project Manage ment Beijing ကုမ္ပဏီတို့ထံပေးရမည့် စုစုပေါင်းနစ်နာကြေးကို အစိုးရ ကညှိနှိုင်းနေကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အလုပ်ပြီးမြောက်သည့် ပမာဏထက် အလုပ်တိုးတက်မှုအချိန်ဇယားအပေါ် အခြေခံပြီး ကန်ထရိုက်တာများထံသို့ ငွေပေးချေခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်းက 'ရှေ့နေချုပ်၏အဖွဲ့သည် အစိုးရကိုယ်စား ဆွေးနွေးညှိနှိုင်းနေပြီးတော့ နောက်ထပ်လုပ်ဆောင်ရမယ့် ခြေလှမ်း တွေနဲ့ပတ်သက်လို့ အစိုးရကို ထောက်ခံချက်ပေးမှာပါ'ဟု ပြောကြားခဲ့သည်။ ပြောဆိုဆွေးနွေးကြသည့်အထဲတွင် လုပ်ဆောင်ရန်ကျန်ရှိ နေသေးသည့် လုပ်ငန်းများအတွက် နစ်နာကြေးကို ပြန်လည်ပေးအပ်ရန် လည်းပါဝင်သည်။


SSER ကုမ္ပဏီသည် ပိုက်လိုင်းနှစ်ခု စီမံကိန်းများအတွက် အလုပ်၏ ၁၃ ရာခိုင်နှုန်း ပြီးစီး ချိန်တွင် ရင်းဂစ် ၈ ဒသမ ၃ ဘီလီယံ(သို့မဟုတ်) စာချုပ်တန်ဖိုး ၏ ၈၈ ရာခိုင်နှုန်းကို ပေးဆောင် ခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးဝန် ကြီးဌာနကဆိုသည်။  ယင်းပြီးမြောက်သည့် အလုပ်များကိုလည်း ငွေကြေးပိုင်းဆိုင်ရာ စစ်ဆေးမှုနှင့် အတည်ပြုမှု မလုပ်ရသေးကြောင်းလည်း သိရသည်။

Ref: Bloomberg

#democracytoday

Rate this item
(0 votes)
back to top