HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဖိလစ်ပိုင် ပညာရေးအတွက် အာရှဖွံ့ ဖြိုးရေးဘဏ် ADB က ဒေါ်လာသန်း ၃ဝဝ ချေးမည်  

ဖိလစ်ပိုင် ပညာရေးအတွက် အာရှဖွံ့ ဖြိုးရေးဘဏ် ADB က ဒေါ်လာသန်း ၃ဝဝ ချေးမည်   

မနီလာ၊ မေ ၂၇

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) သည် ဖိလစ်ပိုင်နိုင်ငံ ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးငှားရန် မေ ၂၇ ရက်က အတည်ပြုဆုံး ဖြတ်လိုက်သည်ဟု ဘဏ်၏အရှေ့ တောင်အာရှဆိုင်ရာ အကြီးတန်းအရာရှိ လင်းနက်ပီရက်စ်က ထုတ် ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် အထက်တန်းအဆင့်သင်ယူနေကြသော ကျောင်းသား ၁ဝ ဒသမ ၆ သန်းရှိပြီး ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အတွင်း ခုနစ်တန်း၌တက်ရောက် သင်ကြားကြမည့် ကျောင်းသား နှစ်စဉ်နှစ်သန်းစီရှိလာမည်ဖြစ်သည်။ ယင်းထောက်ပံ့မှုအရ ဖိလစ်ပိုင်နိုင်ငံတွင် စာမသင်ကြားရ သော ဆင်းရဲသားများ ပျောက်သွားနိုင်ပြီး ပညာမသင်ကြားရ၍ အလုပ်အကိုင်မရရှိသူ ၁၄ ရာခိုင် နှုန်း လျော့ချသွားနိုင်မည်ဖြစ်သည်။


''ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးပြောင်းလဲမှုမှာ အရေး ကြီးတဲ့ နည်းပညာတတ်ကျွမ်းသူရှိဖို့ အရေးတကြီးလိုအပ်နေပါတယ်'' ဟု ၎င်းင်းကဆက်လက်ပြောဆိုလိုက်သည်။ ပြီး ''လူသားရင်းနှီးမြှုပ်နှံဖို့အတွက် နိုင်ငံသားများ ပညာတတ်မှဖြစ်ပါမည်'' ဟုလည်း ဆက်လက် ပြောကြားလိုက်သည်။ ADB ရဲ့ ချေးငွေနဲ့ ပညာ ရေးသင်ရိုးများ ပြောင်းလဲရေး ဆွဲခြင်းနဲ့ လိုအပ်တဲ့ ဆရာ ဆရာမ ခန့်ထားခြင်းများပြုနိုင်ပါလိမ့်မယ်''ဟုလည်း ဆက်လက်ပြောကြားလိုက် သည်။

 

Rate this item
(0 votes)
back to top