HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မဟာဗျူဟာမြောက်သည့် အတွက် ရင်းနှီးမြှုပ်နှံရန် ချက်နိုင်ငံလုပ်ငန်းရှင်များကို ဖိတ်ခေါ်  

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မဟာဗျူဟာမြောက်သည့် အတွက် ရင်းနှီးမြှုပ်နှံရန် ချက်နိုင်ငံလုပ်ငန်းရှင်များကို ဖိတ်ခေါ်   

ရန်ကုန်

မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ မဟာဗျူဟာမြောက်သည့်နိုင်ငံဖြစ်ခြင်း ကြောင့် အခွင့်အလမ်းများ အပြည့်အဝရှိနေ ကာ ရင်းနှီးမြှုပ်နှံဖို့အတွက် ချက်သမ္မတနိုင်ငံရှိ လုပ်ငန်းရှင်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့သည်။ ဇွန် ၄ ရက်က ချက်သမ္မတနိုင်ငံ Prague  မြို့တော်တွင် ပြုလုပ်သည့် ချက်-မြန်မာ စီးပွား ရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် လည်း ဖော်ပြထားသည်။

ချက်နိုင်ငံလုပ်ငန်းရှင်များအနေဖြင့် မြန်မာ နိုင်ငံသို့ လာရောက်လေ့လာကြည့်ရန်နှင့် ရင်း နှီးမြှုပ်နှံသည့်အခါ စိတ်မပျက်စေရန်အတွက်လည်း ကတိပေးပြောဆိုခဲ့သည်။  ထို့အပြင် အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံရှိသည့် အာဆီယံဈေးကွက်သည် စားသုံးသူ ဦးရေ ၃ ဒသမ ၅ သန်းခန့် အလားအလာရှိ သကဲ့သို့ ကမ္ဘာ့ GDP ၏ ၂ဝ ရာခိုင်နှုန်းရှိနေ ကာ ကမ္ဘာတွင် အားမာန်အပြည့်နှင့် ဈေးကွက် တစ်ခုဖြစ်လာဖို့ရှိကြောင်းလည်း အဆိုပါစီးပွား ရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သေးသည်။


အဆိုပါစီးပွားရေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဦးသောင်းထွန်း၊ မြန်မာ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် များ၊ ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန် ရှိသူများ၊ ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Andrej Babis နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်ကလည်း မြန်မာ နိုင်ငံသည် ဈေးကွက်စီးပွားရေးအရ အရှေ့ တောင်အာရှတွင် နောက်ဆုံးအခွင့်အလမ်း တစ်ခုအဖြစ်ရှိနေသည့်အတွက် လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဖိတ်ခေါ် ခဲ့သေးသည်။


ထိုနေ့နံနက်ပိုင်းခန့်ကလည်း ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Tomas Petricek  နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအ ကြား ဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်များမှတစ်ဆင့် နှစ်ဖက်ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်ရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။  ထိုနေ့၌ပင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် Prague  မြို့ရှိ Charles University သို့ သွားရောက်ကာ အဆိုပါတက္ကသိုလ် ရှိ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ 'ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းမှုနှင့် ကြုံတွေ့ရ သောစိန်ခေါ်မှုများ'ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့သေးသည်။ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက် တာသောမတ်ဇီမာက နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Historical Medal Charles University ဂုဏ် ထူးဆောင်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top