HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ကုန်တင်ယာဉ်များ တိုက်ရိုက်ပြေးဆွဲနိုင်ရေး စီစဉ်နေ

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ကုန်တင်ယာဉ်များ  တိုက်ရိုက်ပြေးဆွဲနိုင်ရေး စီစဉ်နေ

ရန်ကုန်

မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ကုန်တင်ယာဉ်များဖြင့် တိုက်ရိုက်ပြေးဆွဲနိုင်ရန် အတွက် MoU  ရေးထိုးမည့်အစီအစဉ်ကို ဆောင်ရွက်နေကြောင်း သိရသည်။ နှစ်နိုင်ငံ ကုန်တင်ယာဉ်များ တိုက်ရိုက်ပြေးဆွဲနိုင်ရန်အတွက် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU ကို ရေးထိုးရေးကို ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။  ထိုကဲ့သို့ဆောင်ရွက်ရခြင်းသည် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

''G to G  အရင်ဆုံးစမ်းပြီးတော့ ယိုးဒယားနဲ့ ကျွန်တော်တို့နဲ့ ကုန်သွယ်ကြမယ်။ သူတို့ဘက်ကလာတဲ့ကားတွေက ကျွန်တော်တို့ SEZ သီလဝါအထိကိုလာမယ်။ ကျွန်တော်တို့ကလဲ ယိုးဒယားအထိသွားမယ်။ အဲဒါလေးကို အရင်စမ်းသပ်ပြီး ပြေးဆွဲမယ်''ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါလုပ်ငန်းကို စတင်ပါက စမ်းသပ်ကာလအတွင်း တစ်နိုင်ငံကို ကုန်တင်ယာဉ် အစီးရေ ၁ဝဝ ခန့်ဖြင့် စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။


နယ်စပ်ဖြတ်ကျော်မောင်းနှင်ကုန်သွယ်ရမည့်စနစ်ဖြစ်ခြင်းကြောင့် စိန်ခေါ်မှုများရှိလာနိုင်သည့်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်(မတ်လအထိ)အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ပို့ကုန်ကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၁၅၇ဝ ဒသမ ဝ၄၁ သန်း ရှိခဲ့ပြီး သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ဝ၇၅ ဒသမ ၁ဝ၅ သန်း အထိရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

BN

#theyangontimes

Rate this item
(0 votes)
back to top