HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာနိုင်ငံမှ UMG အမှတ်တံဆိပ် ဆိုင်ကယ်များ အာဆီယံဈေးကွက် စတင်ဖြန့်ချိ

မြန်မာနိုင်ငံမှ UMG အမှတ်တံဆိပ် ဆိုင်ကယ်များ အာဆီယံဈေးကွက် စတင်ဖြန့်ချိ

မန္တလေး

မြန်မာနိုင်ငံ UMG Group of Companies မှ UMG MOTOR  မော်တော် ဆိုင်ကယ်အမှတ်တံဆိပ်များကို ဗီယက်နမ်နိုင်ငံ တွင် ထုတ်လုပ်လျက်ရှိရာ ယခုအခါ အာဆီယံနိုင်ငံဈေးကွက်သို့ စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရသည်။ UMG Group of Companies ကို မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှ စတင်တည် ထောင်ခဲ့ရာ အဓိကလုပ်ငန်းကြီးကိုးခုဖြင့် ပြည် တွင်းမှာသာမက အာရှနိုင်ငံများမှာပါ ကုန် သွယ်၊ ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၄ ခုနှစ်မှစတင်၍ မော်တော်ဆိုင်ကယ်မျိုးစုံကို ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချလျက် ရှိရာ ယခုအခါ UMG MOTOR အမှတ် တံဆိပ်ဖြင့် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သော UMG ဆိုင်ကယ်များကို ဖြန့်ချိရောင်းချရာအာဆီယံနိုင်ငံဈေးကွက်များ၌ပါ စတင်ဖြန့် ဖြူးရောင်းချနေပြီဖြစ်သည်။

''UMG အမှတ်တံဆိပ်နဲ့ Selena; Damon နဲ့  RT 250i  မော်တော်ဆိုင်ကယ်အမျိုးအစား သုံးမျိုး အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချိနိုင်ပါ ပြီ။ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများမှာဖြန့်ချိခြင်းမိတ်ဆက်ပွဲများ လုပ်ခဲ့ပြီးပါပြီ။ မြန်မာ နိုင်ငံအနေနဲ့ မန္တလေး မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းနဲ့ ၅၅ လမ်းထောင့်၊ UMG  မန္တလေး ရုံးခန်းမမှာ မေ ၂၉ ရက် ည ၇ နာရီအချိန် က မိတ်ဆက်ပွဲပြုလုပ်ပါတယ်။ ဆက်လက်ပြီး လာအို၊ သီရိလင်္ကာတို့မှာ မိတ်ဆက်ပွဲပြုလုပ် ပြီး အရှေ့တောင်အာရှနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံ များကို ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်''ဟု UMG Group မှ ပြည်သူ့ဆက်ဆံရေးနှင့် အမှတ် တံဆိပ်မန်နေဂျာ ဦးကျော်လင်းစိုးက ပြောသည်။


လက်ရှိစတင်ထုတ်လုပ်ဖြန့်ချိသည့်အထဲမှ Selnat အမျိုးအစားမှာ 125CC  စကူတာ ပုံစံအမျိုးသမီးစီးဖြစ်ပြီး ပြည်တွင်းရောင်းဈေး ကျပ် ၂၃၈ဝဝဝဝ၊  Damon မှာ 125CC 4 Stroke  စကူတာယာဉ်အမျိုးအစားဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးစီးဖြစ်ကာ ရောင်းဈေး ကျပ် ၂၆၈ဝဝဝဝဝ၊ RT 250i  မှာအမျိုးသား စီးဖြစ်ပြီး Sport Biker များအတွက် ထုတ်လုပ်ထားရာ ရောင်းဈေးမှာ ကျပ် ၅၉၉ဝဝဝဝ ဖြစ်သည်။ အဆိုပါဆိုင်ကယ်အမျိုးအစားသုံးမျိုးစလုံးကို အဖြူရောင်၊ မလိုင်ရောင်၊ ရှန်ပိန် ရောင်၊ အနီရောင်၊ ခဲရောင်များဖြင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချမည်ဖြစ်ရာ လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့် ပစ္စည်းမှန်ဈေးမှန် ဖြန့်ချိ မည်ဖြစ်ကြောင်း သိရသည်။

 လှိုင်ထွေးအောင်

#theyangontimes

 

Rate this item
(0 votes)
back to top