HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် လုပ်ငန်းပေါင်း ၁၂ ခု ခွင့်ပြုပေးခဲ့  

နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် လုပ်ငန်းပေါင်း ၁၂ ခု ခွင့်ပြုပေးခဲ့   

ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းကိုးခုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းသုံးခုတို့ကို ခွင့်ပြုအတည်ပြုပေးခဲ့ ကြောင်းသိရသည်။  အဆိုပါအစည်းအဝေးကို မေလနောက်ဆုံးပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံးတွင် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန် တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေး ဆုံးဖြတ်ချက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၁၁ သန်းနှင့် မြန်မာကျပ်ငွေ ၆၂ဝ၅ ဒသမ ၁၉၅ သန်းတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၁၂ ခုတို့မှ ပြည်တွင်းလုပ် သား ၆၅၃၂ ဦးတို့အတွက် အလုပ်အကိုင်အ ခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။


၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ရှိ အောက်တိ ဘာ ၁ ရက်မှ မေလဆန်းပိုင်းအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုအတည်ပြုပေးခဲ့ သည်မှာ လုပ်ငန်းပေါင်း ၁၅၅ ခုရှိရာ အဆိုပါ လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၇ဝ၂ ဒသမ ၃ဝ၆ သန်း ဖြစ်ကြောင်း သိရသည်။ ထို့အတူ အဆိုပါကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုအတည်ပြုပေး ခဲ့မှုမှာ လုပ်ငန်းပေါင်း ၉၁ ခုဖြစ်ကာ အဆိုပါ လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၂၄၅ ဒသမ ၈၆၅ သန်းအပါအဝင် ကျပ် ၆၈၉၂၃၆ ဒသမ ဝဝ၁ သန်းဖြစ်ကြောင်း သိရသည်။

BN

#theyangontimes

Rate this item
(0 votes)
back to top