HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

နယ်သာလန်နိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးနေ ဟုဆို  

နယ်သာလန်နိုင်ငံက မြန်မာနိုင်ငံကို  နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးနေ ဟုဆို   

ရန်ကုန်

နယ်သာလန်နိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံရေးအပိုင်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ကူညီပံ့ပိုးပေးလျက်ရှိ ကြောင်း မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်သံရုံးမှသိရသည်။ (၁)နိုင်ငံရေးအပိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးအရေး၊ ကျား/မရေးရာကိစ္စများကိုဆောင် ရွက်ပေးနေပြီး၊ (၂)စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအပိုင်းတွင် ရေနှင့်စိုက်ပျိုး ရေးကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်း ရေးကိစ္စများကို ကူညီပါဝင်ဆောင်ရွက် ပေးလျက်ရှိသည်။

''ကျွန်တော်တို့ နယ်သာလန်သံရုံးက ဆောင်ရွက်နေတာ နှစ်ပိုင်းရှိပါတယ်။ နိုင်ငံရေးအပိုင်းနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ အပိုင်းရှိပါတယ်။ နိုင်ငံ ရေးအပိုင်းဆိုရင်တော့ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းရေးပတ်သက်တာ၊ Women Enpowerment တို့၊ Gender တို့စသဖြင့်ရှိပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမှာတော့ ရေရယ်၊ စိုက်ပျိုးရေးရယ် နှစ်ပိုင်းရှိပါတယ်။ စိုက်ပျိုးရေးမှာဆိုရင် မျိုးစေ့ကနေစပြီးတော့ အပင်အထိ၊ စားသုံးသူလက်ထဲရောက် တဲ့ကုန်ချောအထိ ကျွန်တော်တို့ တောက် လျှောက်ကို အကြံပေးနေတာတွေ လုပ် ဆောင်နေပါတယ်။ ရေနဲ့ပတ်သက်လို့က တော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းတာတွေ၊ ဆည်တံခါးဆောက်တာတွေ၊ ရေထိန်းတံခါးဆောက်တာတွေ၊ ရေဆိုး သန့်စင်တာတွေ၊ သောက်ရေဖြန့်ဖြူးပေး တာတွေ ဆောင်ရွက်ပေးပါတယ်။ ဧရာ ဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက်နည်းပညာဖြင့်လည်းကောင်း၊ အကြံဉာဏ်အား ဖြင့်လည်းကောင်း ဖြည့်စွက်ဆောင်ရွက်နေပါတယ်''ဟု နယ်သာလန်ဘုရင့် နိုင်ငံသံရုံး စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အကြီးတန်းအရာရှိ ကိုရဲဝဏ္ဏလှိုင်က ပြောသည်။


ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့်အကြံဉာဏ်များကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ''ဒီအပြင် မြန်မာနိုင်ငံမှာရှိတဲ့ ဖွံ့ဖြိုး ရေးမိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ADB တို့၊ ကမ္ဘာ့ဘဏ်တို့၊ ပြင်သစ်တို့၊ ယူကေတို့စသဖြင့် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ အလုပ် လုပ်နေတာလည်း ရှိပါတယ်။ မန္တလေး တိုင်းအစိုးရအဖွဲ့နဲ့ လုပ်နေတာလည်းရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွက် လောလောဆယ်တော့ ငွေကြေးတွေကို တိုက်ရိုက်လှူဒါန်းတာတော့ မရှိသေးပါဘူး။ မကြာခင်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။ နည်းပညာပိုင်းအားဖြင့်တော့ အများကြီး လုပ်ပေးနေတာတွေရှိပါတယ်''ဟု ၎င်းင်းကဆက်လက်ပြောသည်။


ရန်ကုန်မြို့တွင် လက်ရှိရင်ဆိုင်နေရသည့် ယာဉ်ကြောကျပ်တည်းသောပြဿနာများ၊ အမှိုက်ပြဿနာများ၊ ရေကြီးရေလျှံသည့်ပြဿနာများကို နည်းပညာကိုအသုံး ပြု၍ဖြေရှင်းနိုင်ရန် ကောင်းမွန်သောအကြံဉာဏ်များလိုအပ်လျက်ရှိပြီး နယ်သာလန်နိုင်ငံမှ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top