HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဈေးအသက်သာဆုံး စက်သုံးဆီဆိုင်များဖြစ်သည့် ရန်ကုန်ပက်ထရို (YP)ဆိုင်များ ရန်ကုန်မြို့အနှံ့ဖွင့်မည်  

ဈေးအသက်သာဆုံး စက်သုံးဆီဆိုင်များဖြစ်သည့်  ရန်ကုန်ပက်ထရို (YP)ဆိုင်များ ရန်ကုန်မြို့အနှံ့ဖွင့်မည်   

ရန်ကုန်

ပြည်တွင်းစက်သုံး ဆီဈေးကွက်တွင် ဈေးနှုန်းအသက် သာဆုံးဖြင့် ရောင်းချပေးနေသည့် ရန်ကုန်ပက်ထရို (Yangon Petrol) စက်သုံးဆီဆိုင်များ ရန်ကုန်မြို့ နေရာအနှံ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။ ဇွန် ၅ ရက်က တိုင်းအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ် သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးဦးဟံထွန်း က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Yangon Petrol(YP)  ကုမ္ပဏီ တွင် တိုင်းဒေသကြီးအစိုးရက ရင်းနှီးမြှုပ်နှံထားခြင်းမရှိသကဲ့သို့ အစု ရှယ်ယာဝင်ထားသည့် လုပ်ငန်း မဟုတ်လည်းမဟုတ်ဘဲ တိုင်းအစိုး ရအနေဖြင့် ဈေးနှုန်းကြီးကြပ်နိုင် ရန် သာသဘောတူညီချက် ရယူခြင်း သာဖြစ်ကြောင်း ဝန်ကြီးဦးဟံထွန်း ကပြောသည်။ " လက်ရှိအခြေအနေမှာစက် သုံးဆီဈေးနှုန်းကိုကြည့်မယ်ဆိုရင် တစ်လီတာ ၆ဝ ဝန်းကျင်ကွာခြားပါ တယ်။ Yangon petro က ရောင်း ချတဲ့ ဆီဈေးနှုန်းနဲ့ အခြားပတ်ဝန်း ကျင်ဆိုင်က ရောင်းနေတဲ့ ဆီဈေးနှုန်း က တစ်လီတာကို ၆ဝ ကွာပါတယ်။ အဲ့တော့တစ်ဂါလံကို ၂၄ဝ၊၂၅ဝ ဝန်းကျင်လောက်ကွာခြားနေတဲ့ အတွက် Yangon petro  ရှိတဲ့နေရာ မှာ ကားတော်တော်များများထည့် ကြတာတွေ့ရပါတယ်။ တစ်တိုင်းလုံး ဖြန့်ကြက်ဆောင်ရွက်နိုင်ဖို့ကြိုးပမ်း ဆောင်ရွက်နေပါတယ်'' ဟု ဝန်ကြီး ဦးဟံထွန်းက ပြောသည်။


Yangon Petrol  စက်သုံးဆီ ဆိုင်များ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင် ရေး မြေနေရာရှာဖွေနေပြီး မြေ နေရာရရှိရေးအတွက် အခက်အခဲ အချို့ရှိနေကြောင်း သိရသည်။ ''မြေရရှိမှုမှာအခက်အခဲအချို့ ရှိပါတယ်။ ဆိုင်ဖွင့်ဖို့ အဆင်ပြေ တဲ့နေရာဖြစ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ဒီလိုအဆင်ပြေနိုင်မယ့် နေရာကို ရှာဖွေနေပါတယ်ဒဒ ဝန်ကြီး ဦးဟံထွန်းက ပြောသည်။ လက်ရှိအချိန်တွင် ပြည်သူ အချို့ကလည်း ၎င်းင်းတို့နှင့်နီးစပ်ရာ နေရာများတွင် Yangon Petrol စက်သုံးဆီဆိုင်များလာရောက်ဖွင့် ပေးရန် တောင်းဆိုမှုများရှိခြင်း ကြောင့် ဆိုင်များဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး မြေနေရာရရှိမှုအခက်အခဲကြောင့် ဆိုင်များဖွင့်လှစ်ရန်နှောင့်နှေးနေ ခြင်းဖြစ်ကြောင်း သိရသည်။


ဇွန် ၅ ရက် ရန်ကုန်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီ ဈေးနှုန်းများအရ ရန်ကုန်ပက်ထရို (YP) ဆိုင်များတွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၈ဝဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၈၈ဝ ကျပ်၊ Max Energy ဆိုင်တွင် အောက်တိန်း ၉၂ တစ်လီတာ လျှင် ၈၅ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၂ဝ ကျပ်၊ Denko ဆိုင်တွင် အောက်တိန်း ၉၂ တစ် လီတာလျှင် ၈၅ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၂ဝ ကျပ်၊ New Day  ဆိုင်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၄ဝ ကျပ်၊ Terminal ဆိုင်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၈ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၅ဝ ကျပ်တို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း သိရသည်။


ရန်ကုန်ပက်ထရို (YP)  အနေ ဖြင့် လက်ရှိရန်ကုန်တွင် ရတနာ လမ်းမပေါ်၊ တက်လမ်းအိမ်ရာအနီး၊ ၁ဝ၊တောင်ရပ်ကွက်၊ သာကေတ မြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ်၊ အိုး အိမ်မှတ်တိုင်အနီး ၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်း ရပ်ကွက်အမှတ်-၂၇၊ ၉၊ လူနေ။ ရပ်ကွက်အမှတ်-ရွှေပင်လုံအိမ်ရာ၊ (တောင်၊ မြောက်လမ်းဆုံ)တို့တွင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပြီး ဌာန ဆိုင်ရာမြေနေရာများပေါ်တွင် စုစု ပေါင်း စက်သုံးဆီဆိုင် ၂၆ ဆိုင် ဖွင့်လှစ်ရန် တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top