HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် သုတေသနနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်နေ

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် သုတေသနနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်နေ

နေပြည်တော်

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဌာနဝန်ထမ်းများ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိစေရန်အတွက် ပြည်ပမဟာဘွဲ့၊ ဘွဲ့လွန်သင်တန်းများနှင့် လေ့လာရေး ခရီးစဉ်များ စေလွှတ်ပြီးနောက် အဆိုပါသင်တန်းများမှ ပြန်လည်ရောက်ရှိလာကြသည့် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာသင်ကိုယ်စားလှယ်များ၏ ရရှိလာသည့် အတွေ့အကြုံ၊ ဗဟုသုတများနှင့် နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာများကို စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများအချင်းချင်း ပြန်လည်မျှဝေ ဖလှယ်နိုင်ကြစေရန် ရည်ရွယ်လျက် ပြည်တွင်းပြည်ပ ပညာသင်ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ ရှင်းလင်းပွဲကို ဇွန် ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၄၃)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှင်းလင်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယòန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှညွှန် ကြားရေးမှူးများ၊ ပြည်တွင်း ပြည်ပ ပညာသင် ကိုယ်စားလှယ်များ တက်ရောက်ကြပြီးညွှန် ကြားရေးမှူးချုပ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်ဆိုင်ရာ နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့် နည်း ပညာများ၊ ဂျီအေပီ ကျင့်စဉ်များနှင့် အော်ဂဲနစ်စံချိန်စံòန်းများ၊ သုတေသနလုပ်ငန်း စဉ်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးပညာပေးရေး လုပ်ငန်းများဖြင့် တောင်သူ များ ဈေးကွက်ဝင် ဈေးကောင်းရသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဝင်ငွေတိုးတက် ရရှိ စေရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊

 

ပညာရှင်ဝန်ထမ်းများအနေဖြင့် မိမိတို့ လေ့လာဆည်းပူးခဲ့သည့် ပညာရပ်များနှင့် ကျွမ်းကျင်မှုအလိုက် လူမှန်၊ နေရာ မှန် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပညာရှင်ဝန်ထမ်းများ ပြုန်းတီးမှု မဖြစ်ပေါ် စေရေးအတွက် စိတ်ဝင်စားရာနယ်ပယ်အလိုက် တာဝန်ချထား၍ သုတေသနနှင့် နည်း ပညာပြန့်ပွားရေး လုပ်ငန်းများကို စီမံဆောင်ရွက်ကြရန်နှင့် ပံ့ပိုးကူညီကြရန် လို ကြောင်း၊ သက်ဆိုင်ရာကဏ္ဍများတွင် ကိုယ်စွမ်းဉာဏ်စွမ်းများ စိုက်ထုတ်ပြီး စီမံခန့်ခွဲမှု နည်းလမ်းကောင်းများဖြင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး ကြိုးပမ်း အားထုတ်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပြည်တွင်းပြည်ပ ပညာသင်ကိုယ်စားလှယ် ဝန်ထမ်းများက မိမိတို့၏ သင်တန်းအတွေ့အကြုံများကို ပြန် လည်ရှင်းလင်း မျှဝေခဲ့သည်။

MOI

 

Rate this item
(0 votes)
back to top