HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်သန်းတစ်ထောင် ခုနစ်ရာကျော် သုံးစွဲခဲ့  

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်သန်းတစ်ထောင် ခုနစ်ရာကျော် သုံးစွဲခဲ့   

ရန်ကုန်၊ ဇွန် ၂၇ 

ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေး ကောက်တင်မြှောက်ပွဲအတွက် အသုံးစရိတ် ကျပ် ၁၇၅၆ ဒသမ၇ဝ၂သန်းသုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။ ဇွန်၂၇ ရက်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့နယ်မဲဆန္ဒ နယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မတ် ၃၁ ရက်က ကျင်းပခဲ့ သော ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့် ဆင့်ရွေးကောက်ပွဲကုန်ကျငွေအသုံးစရိတ်အား မည်သည့်ဘဏ္ဍာ ငွေမှ ထုတ်နုတ်သုံးစွဲခဲ့ကြောင်းနှင့် ငွေစုစုပေါင်းမည်မျှကုန်ကျသုံးစွဲခဲ့သည်ကိုသိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန် စည်ပင်ရွေးကောက်ပွဲကုန်ကျစရိတ်ကို ရန်ကုန်တိုင်း ဒေသကြီးဘတ်ဂျက်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁ဝဝဝ၊ ၂ဝ၁၈ ကြား ခြောက်လကာလအတွင်း ကျပ်သန်း ၁ဝဝဝ စုစုပေါင်းကျပ်သန်း ၂ဝဝဝ သုံးစွဲရန်လျာထားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။ ''ရွေးကောက်ပွဲ ကုန်ကျစ ရိတ်ကတော့ စုစုပေါင်းလူဦးရေ စာရင်းကောက်ယူခြင်း၊ မဲစာရင်း ပြုစုခြင်းနဲ့ ရွေးကောက်ပွဲကျင်းပ ခြင်းတို့အတွက် အသုံးစရိတ်စုစု ပေါင်းကတော့ကျပ်ငွေ ၁၇၅၆ ဒသမ၇ဝ၂သန်းကိုသုံးစွဲခဲ့ပါတယ်'' ဟု ၎င်းင်းက ပြောသည်။


လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ''မြို့တော်ဝန်ကြီးကတော့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကဘတ်ဂျက်နဲ့ တင်ပြလုပ်တယ်လို့ပြောတယ်။ ကျွန်တော် လည်းငွေစာရင်းကော်မတီအဖွဲ့ ဝင်တစ်ယောက်ပါ။ ကျွန်တော်အဲ့ ဒီခေါင်းစဉ်မတွေ့ဘူး။ ဘယ်ခေါင်း စဉ်လေးနဲ့ ရွေးကောက်ပွဲအတွက် သုံးဖို့ ဘယ်လိုခေါင်းစဉ်နဲ့ပြပြီးလွှတ် တော်ကို တင်ပြခဲ့တာလည်း။ အဲ့ ဒါကိုအတိအကျ သိချင်ပါတယ်'' ဟု ထပ်ဆင့်မေးမြန်းခဲ့ရာ လွှတ် တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြ ပေးမည်ဟု ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့သည် ဟန်ချက်ညီ ညီလှုပ်ရှား ဆောင်ရွက်နေသည် ဟု ရန်ကုန်မြို့တော်ဝန်ကပြောသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီအဆင့် ဆင့် ရွေးကောက်တင်မြောက်ပွဲ ကျင်းပနိုင်ရန် အဖွဲ့ဝင်တစ်ဦးပါဝင် သော ရန်ကုန်မြို့တော်စည်ပင် သာယာရေး ရွေးကောက်ပွဲကော်မရှင်ကိုယခုနှစ်ဇန်နဝါရီ၃ရက်ကဖွဲ့စည်းပေးခဲ့ပြီး ရွေးကောက်ပွဲ ကိုမတ်လ၃၁ရက်တွင် ကျင်းပခဲ့ သည်။ စည်ပင်သာယာ ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း၂၇၂ ဦးဝင်ပြိုင်ခဲ့ကြပြီး တစ်သီးပုဂ္ဂလ ၁၅၉ဦး၊ ဒီချုပ်ပါတီမှ ဦး ၉ဝ နှင့် ပြည်ခိုင်ဖြိုးပါတီမှ ၂၃ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ NLD ပါတီဝင်ရောက်မယှဉ် ပြိုင်သည့်နေရာ၁၄ခုနှင့် ရှုံးနိမ့်ခဲ့ သည့်တစ်နေရာတွင်တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ၁၅ဦးကအနိုင်ရခဲ့ သည်။


စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း မြို့နယ်တစ်ခု ချင်းစီအလိုက် မြို့နယ်အဆင့်စည် ပင်သာယာကော်မတီ ဥက္ကဋ္ဌတစ် ဦးစီနှင့်အဖွဲ့ဝင်နှစ်ဦးစီအဖြစ် စုစု ပေါင်း၉၉ဦးနှင့် မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်ခြောက်ဦးအား ရွေးကောက်ပွဲ၌ရွေးချယ်ကြခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင် ကော်မတီဝင် ခြောက်နေရာကို NLD  ပါတီကိုယ်စားပြုကိုယ်စား လှယ်လောင်းများက အနိုင်ရရှိခဲ့သည်။  ရွေးချယ်ခံလိုက်ရသည့် ကော် မတီဝင်ခြောက်ဦးနှင့် ယခင်ရှိပြီး သားမြို့တော်ဝန်အပါ ကော်မတီဝင်ငါးဦး စုစုပေါင်း၁၁ဦးတို့က လျှိုဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခံ ရသူများထဲမှ ဒုတိယမြို့တော်ဝန် တစ်ဦးအားရွေးချယ်ပေးခဲ့ကြသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top