HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နောက်ထပ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကို အတည်ပြု၊ ကျပ် ၃၁ ဘီလီယံကို တိုင်းလွှတ်တော် ခွင့်ပြု  

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နောက်ထပ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကို အတည်ပြု၊ ကျပ် ၃၁ ဘီလီယံကို တိုင်းလွှတ်တော် ခွင့်ပြု   

ရန်ကုန်၊ ဇွန် ၂၇

ရန်ကုန်တိုင်း ဒေသကြီး၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေရသုံးဆိုင် ရာဥပဒေကိုအတည်ပြုခဲ့ပြီး ကျပ် ၃၁ ဘီလီယံကို ဇွန် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုခဲ့ကြောင်းသိရသည်။ ''စက်တင်ဘာလတုန်း အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ ဘီလီယံ ၆၅ဝ ရခဲ့ပြီးဖြစ်ပါတယ်။ အခု ဒီဥစ္စာကနောက်ထပ်ဘဏ္ဍာငွေဆိုတာက ထပ်ပြီးဆောင်ရွက်သင့်တဲ့ လုပ်ငန်းများကိုထပ်ပြီး ဆောင်ရွက်နိုင်ဖို့ ဘတ်ဂျက်ကိုတိုးပြီး တော့ရာထား သတ်မှတ်ခြင်းဖြစ်ပါတယ်'' ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦး မြင့်သောင်းက လွှတ်တော်အပြီးတွင် သတင်းမီဒီယာများကို ပြောသည်။

နောက်ထပ်ရရှိခဲ့သော ဂျက်အရသုံးစွဲရန် ပြည်ထောင်စုမှ ခွဲဝေပေးသောငွေများ ပါဝင်သကဲ့သို့ အခွန်ဝေဆုများ၊ ရငွေများနှင့် ဌာနဆိုင်ရာများမှ ကောက်ခံရရှိ ငွေများပါဝင်ကြောင်း ၎င်းင်းကဆိုသည်။ ''ဒီနေ့ခွင့်ပြုတာက အားလုံး က ၃၁ ဘီလီယံပါ၊ ၃၁ ဘီလီယံကို နောက်ထပ်ဘဏ္ဍာငွေ ရသုံးဆိုင် ရာဥပဒေနဲ့ အတည်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီကနေ့ဥပဒေကို ဝန်ကြီးချုပ်ကြီး လက်မှတ်ထိုးဖို့လိုပါမယ်။ အဲဒီဥပဒေလက်မှတ်ထိုး ပြီးသက်ရောက်တဲ့နေ့ကစပြီး ၃၁ ဘီလီယံကို စတင်သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်''ဟု ၎င်းင်းကပြောသည်။ ယင်းခွင့်ပြုခဲ့သော ၃၁ဘီလီ ယံကိုသုံးလအတွင်း အပြီးသတ် သုံးစွဲရမည် ဖြစ်ကာဆောင်ရွက် ရမည့်လုပ်ငန်းများကို ပြီးပြတ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိ ရသည်။


ရန်ကုန်တိုင်း ဒေသကြီး၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်နောက်ထပ် ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေကိုဇွန်၁၇ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဦးမြင့်သောင်းက လွှတ် တော်သို့တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအပြင်ဘဏ္ဍာရေး ကော်မရှင်သို့တင်ပြပြီးနောက် ရန်ကုန် တိုင်းအစိုးရ ဖော်ဆောင်မည့်အထဲတွင်မူလဖြည့်စွက်ခွင့်ပြုငွေ တောင်း ခံစဉ်ပါဝင်ခဲ့ခြင်းမရှိသော လုပ်ငန်းသစ်ခြောက်ခုပါဝင်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ၏သဘောထားမှတ်ချက် အစီရင်ခံစာပါ အချက်အလက်များကို လည်းပယ်ဖျက်ပေးရန် ဝန်ကြီးကလွှတ်တော်သို့တင်ပြခဲ့သည်။


ယင်းလုပ်ငန်းခြောက်ခုကို လုပ် ဆောင်ရန်လွှတ်တော်သို့ ရှင်းလင်းတင်ပြထားပြီး ဖြစ်သည့်အ တွက်အစီရင်ခံစာပါ အချက်အချို့မှာမှားယွင်းနေခြင်းကြောင့် ပယ်ဖျက်ပေးရန် တင်ပြရခြင်းဖြစ် ကြောင်း ၎င်းင်းကပြောသည်။  ယင်းလုပ်ငန်းများမှာသီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဌသင်္ဂါယနာမဟာပါသန လိုဏ်ဂူတော်ကြီး၌ (၅၉)ကြိမ်မြောက်ဘွဲ့ နှင်းသဘင်အခမ်းအနား၏လုံခြုံ ရေးအတွက် စီစီတီဗီကင်မရာတပ် ဆင်ရန်ကျပ်၈၂သန်း၊ ကျောက်တန်း မြို့နယ်တွင်လုပ်ငန်းသုံးခုနှင့် ထန်းတပင်မြို့နယ်တွင် လုပ်ငန်းသစ် နှစ်ခုတို့ ဖြစ်ကြောင်းသိရသည်။

NT, TTMT

#democracytoday

Rate this item
(0 votes)
back to top