HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

စစ်တွေမြို့၌ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ အကုန်အကျခံ၍ မြို့သစ်စီမံကိန်းတစ်ခု ထပ်မံ အကောင်အထည်ဖော်ရန် စီစဉ်နေ  

စစ်တွေမြို့၌ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ အကုန်အကျခံ၍ မြို့သစ်စီမံကိန်းတစ်ခု ထပ်မံ အကောင်အထည်ဖော်ရန် စီစဉ်နေ   

စစ်တွေ၊ ဇွန် ၂၇

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့၌ အမေရိ ကန်ဒေါ်လာ ၃၈ ဘီလီယံ အကုန်အကျခံကာ မြို့သစ်စီမံကိန်းတစ်ခုကို ထပ်မ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းအား စစ်တွေ မြို့၏ အရှေ့မြောက်ဘက်ရှိ ကျေး တောကျေးရွာနှင့် ရွှေမင်းဂံကျေးရွာအနီး မြေဧက ၇ဝဝဝ ပေါ်တွင် Gold Coast KTMG Development ကုမ္ပဏီက အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိတွင် စီမံကိန်းအကောင်အ ထည် ဖော်ခွင့်ရရန် ကုမ္ပဏီအနေ ဖြင့် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

''သူတို့ကနေပြီးတော့ လိုအပ်တဲ့မြေဧက ၇ဝဝဝ ကို ရရှိအောင် သူတို့ ပထမဆုံးကြိုးစားမယ်။ ကြိုးစားလို့ ရလာတဲ့အခါ လွှတ်တော်နဲ့ အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လုပ်ပိုင်ခွင့်ရဖို့အတွက်ကို အထက်ကိုတင်ပြမယ်။ တင်ပြပြီးလို့ ရတယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုပြီးတော့ သူက ပြောသွားပါတယ်''ဟု ရခိုင်ပြည်နယ်လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။ အဆိုပါစီမံကိန်း ဆောင်ရွက် ခွင့်ရရှိပါက ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် အပြီးတည် ဆောက်သွားမည်ဟုလည်းဆိုသည်။ စီမံကိန်းအတွက် ခန့်မှန်းကုန် ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံဖြစ်ပြီး ရင်းနှီးမြှုပ်နှံရန်အတွက် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ကုမ္ပဏီများကိုလည်း စီမံကိန်းအ ကောင်အထည်ဖော်မည့် ကုမ္ပဏီက ဖိတ်ခေါ်ထားကြောင်းသိရသည်။


''အဲဒီလို စီမံကိန်းကြီးဖြစ်လာမယ်ဆိုရင်တော့ ရခိုင်ပြည်မှာရှိတဲ့ လူငယ်လေးတွေ၊ အလုပ်လက်မဲ့ လူ တွေလည်း အလုပ်အကိုင်နဲ့ ပညာ ရေးအခွင့်အလမ်းတွေ ပိုမိုတိုးတက် ပြီး တခြားစီးပွားရေး လုပ်ငန်းလည်း တိုးတက်လာမှာ ဖြစ်တဲ့အတွက် သူတို့တွေကိုတော့ ကျွန်တော်တို့ လွှတ် တော်က အမြဲတမ်း ကြိုဆိုကြောင်း ပြောပြလိုက်ပါတယ်''ဟု ဦးမြသန်းကဆိုသည်။ စစ်တွေမြို့၏ အရှေ့ဘက်ရှိ ပင်လယ်ကမ်းနားတွင်လည်း မြို့ သစ်စီမံကိန်းတစ်ခုကို ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော BXT ကုမ္ပဏီနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ၂ဝဝ၇ ခုနှစ်မှ စတင်အကောင်အထည် ဖော်နေကြောင်းလည်း သိရသည်။

GC

#democracytoday

 

Rate this item
(0 votes)
back to top