HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဟွာဝေး ကုမ္ပဏီကြီးက အမေရိကန်နှင့် လုပ်ငန်းဆက်သွယ်မှုများ အဆက်ဖြတ်လိုက်ပြီဖြစ်၍ ကုမ္ပဏီ၌ လုပ်ကိုင်နေသော အမေရိကန် အလုပ်သမားများကို လုပ်ငန်းရပ်စဲကာ အမေရိကန်သို့ ပြန်ပို့  

ပေကျင်း၊ ဇွန် ၂

ဟွာဝေးကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဒန်ဝမ်ရှန်းက အမေရိကန်နှင့် အဆက်အသွယ် ဖြတ်လိုက်ပြီဖြစ်၍ တရုတ်နိုင်ငံ ရှန်ဂျင်းမြို့ ရှိ ဟွာဝေးနည်းပညာကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေကြသော အမေရိကန်လုပ်သားများအား အလုပ်မှရပ်စဲကာ လွန်ခဲ့သော နှစ်ပတ်ခန့် ကပင် မိခင်နိုင်ငံသို့ ပြန်လည်စေ လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောဆို လိုက်သည်ဟု ဇွန် ၂ ရက်က The Financial Times သတင်းစာတွင် ဖော်ပြရေးသားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကုန်သွယ်ရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်ကို တိုက်ခိုက်ရန် အဆင်သင့် ရှိသော်လည်း ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီး ဆို  

စင်ကာပူ၊ ဇွန် ၂

တရုတ်နိုင်ငံသည် ကုန်သွယ် ရေးကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံကို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသော်လည်း ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဇွန် ၂ရက်တွင် ပြောဆိုခဲ့သည်။  စင်ကာပူနိုင်ငံတွင်ကျင်းပနေသည့် နိုင်ငံတကာလုံခြုံရေးဒိုင်ယာ လော့ခ်ဆွေးနွေးပွဲတွင် တရုတ်ဗိုလ်ချုပ်ကြီးဝေးဖန်ဟဲက ''အမေရိကန်နိုင်ငံကစတင်ခဲ့တဲ့ ကုန်သွယ်ရေး သဘောထားကွဲလွဲမှုနဲ့ပတ်သက်လို့ အမေရိကန်ဘက်က ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ကတံခါးကို ဆက်ဖွင့်ထားမှာပါ။ တကယ်လို့ သူတို့က တိုက်ခိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့ကအဆင်သင့်ပါပဲ'' ဟုပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်က အိန္ဒိယနိုင်ငံအား ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးထားခြင်းအား ရုပ်သိမ်း

ဝါရှင်တန်၊ ဇွန် ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိန္ဒိယနိုင်ငံအပေါ် ကုန်သွယ်ခွန်များ မကောက်ယူဘဲ ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးထားမှုအား ဇွန် ၅ ရက်မှစတင်ကာ ရုပ်သိမ်းလိုက်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်ဟု ဇွန် ၂ ရက်သတင်းများအရ သိရသည်။ ယင်းသည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေး ကာကွယ်ရေးမူဝါဒကြောင့် မမျှတသော ကုန်သွယ်ရေးစနစ် ဖြစ်သည်ဟု အမေရိကန်က ယူဆကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိမ် ဖြူတော်က သတင်းထုတ်ဖော်ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

Facebook ဖွင့်ပြီးကြည့်လိုက်တာ ကျပ်သိန်းတစ်သောင်းခွဲဆုက ကျွန်တော်ထိုးထားတဲ့ ဂဏန်းနဲ့တူနေတယ်။ အဲဒီအချိန်ကတည်းကအရမ်းပျော်နေပြီ

အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုရှင် ကွမ်းယာရောင်းသူကိုဝင်းကျော်နှင့်တွေ့ဆုံခြင်း

(၄)ကြိမ်မြောက် ကျပ်၁ဝဝဝတန်အောင်ဘာလေသိန်းဆုဖွင့်ပွဲ၏ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲဆုကို ကခ ၅၅၅၂၈၁ နံပါတ်ဖြင့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်တွင်နေထိုင်သူ 'ပွင့်သစ်ကွမ်းယာဆိုင်'ပိုင်ရှင် ကိုဝင်းကျော်ကဆွတ်ခူးရရှိခဲ့ပါတယ်။ ဆွတ်ခူးရရှိခဲ့တဲ့ ကိုဝင်းကျော်နှင့်ဆက်သွယ်မေးမြန်းမှုကို ဖော်ပြပေးလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်း ဧရိယာအတွင်း ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန် စစ်တမ်းကောက်မည်

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွင်း ရှိ ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန်အတွက် လိုအပ်သည့် စစ်တမ်းကောက်ယူခြင်းအားစတင်တော့မည်ဟု သိရသည်။ ယင်းစစ်တမ်းကို ယခုလလယ်ပိုင်းမှစ၍ သုံးလကြာကောက် ယူမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူမည့် eguard Enviromental Services ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟကပြောသည်။ ''စီမံကိန်းဧရိယာတစ်လျှောက်က ထိခိုက်နိုင်တဲ့သူတွေကို စစ် တမ်းကောက်မယ်။ ငါးမြို့နယ်လုံးကို သုံးလလောက်ကောက်ဖို့လျာ ထားတယ်''ဟု ၎င်းင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

(၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ထီပေါက်သည့် ကံထူးရှင်များအနက် ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်ဆုငွေများကို ဇွန် ၃ ရက်မှစတင်၍ နေ့ချင်းပြီး ထုတ်ပေးမည်  

ရန်ကုန်၊ ဇွန် ၁

ဇွန် ၁ရက်တွင် ဖွင့်လှစ်ပေးခဲ့သည့် လေးကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ထီ ပေါက်သည့်ကံထူးရှင်များအနက် ကျပ်ဆယ်သိန်းနှင့်အထက် ကံထူး ရှင်များ၏ဆုငွေများကို ဇွန်၃ရက်မှ စတင်၍ နေ့ချင်းပြီး ထုတ်ပေးသွား မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။ လေးကြိမ်မြောက် ကျပ်၁ဝဝဝ တန် အောင်ဘာလေသိန်းဆုထီဖွင့် ပွဲကို ဇွန်၁ရက် နံနက် ၈နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရှိအောင်ဘာလေသိန်းဆုဌာနခွဲ ထီ ဖွင့်ပွဲခန်းမ၌ကျင်းပခဲ့ပြီး ထီပေါက် သည့်ကံထူးရှင်များအနက် ကျပ်၁ဝ သိန်းနှင့်အထက် ကံထူးရှင်များအား ထီဆုငွေထုတ်ပေးခြင်းကို ဇွန်၃ရက် မှစတင်၍လည်းကောင်း၊ ကျန်ကံထူး ရှင်များအား ထီဆုငွေထုတ်ပေးခြင်း ကို ဇွန် ၁၁ရက်မှ စတင်၍လည်း ကောင်း လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အာရှ ငွေကြေးမူဝါဒဆိုင်ရာ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲ စင်ကာပူတွင်ပြုလုပ်  

စင်ကာပူ၊ မေ ၃၁

ချီကာဂိုဘုသ်စီးပွားရေး တက္ကသိုလ်၏ ငွေကြေးထောက်ပံ့မှုဖြင့် ခြောက်ကြိမ်မြောက်အာရှ ငွေကြေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ (AMPF) ကို စင်ကာပူအမျိုးသားတက္ကသိုလ်၊ စီးပွားရေးကျောင်းနှင့် စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့တို့ ပူးပေါင်းကာ မေ ၃၁ ရက်က ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းက ယင်းနေ့တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

နယ်စပ်ခိုလှုံ ရွှေ့ပြောင်းသူများအရေး ဟန့်တားနိုင်ရန် မက္ကဆီကို သွင်းကုန်များပေါ်တွင် အမေရိကန်က အခွန် ၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံ  

ဝါရှင်တန်၊ မေ ၃၁

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က မက္ကဆီကိုသွင်းကုန်များ အပေါ်တွင် ဇွန် ၁ဝ ရက်မှစတင် ကာ ၅ ရာခိုင်နှုန်းထပ်တိုးကောက် ခံမည်ဖြစ်ပြီး ယင်းသည် အမေရိ ကန်အလယ်ပိုင်း ရွှေ့ပြောင်းဒုက္ခ သည်များ နယ်စပ်ဖြတ်ကျော်တိုး ဝင်လာနေမှုကို ဟန့်တားနိုင်ရန် ရည်ရွယ်သည်ဟု ပြောဆိုလိုက် သည်ဟု မေ ၃၁ ရက်သတင်းများ အရသိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...