HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ငရုတ်သီးကို Re-export သီးနှံအဖြစ် ကုန်သွယ်ခွင့် ပေးထားသော်လည်း ပြန်လည် တင်ပို့နိုင်ခြင်း မရှိသေး

ရန်ကုန်

 

ငရုတ်ကို ပြန်လည်တင်ပို့ကုန် Re- export သီးနှံအဖြစ် ကုန်သွယ်ခွင့်ပေးထား သော်လည်း လက်ရှိအချိန်အထိ ပြန်လည်တင်ပို့နိုင်ခြင်း မရှိသေးကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ''ဝန်ကြီးဌာန ကနေ ကုန်စည်အမယ်တွေ ခွင့်ပြုခဲ့ရာမှာ ငရုတ်သီးဆိုရင်လဲ မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးရေးသီးနှံမယ်ထဲ ပါဝင်တယ်။ ငရုတ်ကို Re- export နဲ့ ပို့ဖို့ခွင့်ပြုထားပေမယ့် ငရုတ်အသင်းဘက်က မလုပ်နိုင်သေးဘူး''ဟု ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ရွှေချည်ထိုး လုပ်ကိုင်သူများ ရှိလာ

မန္တလေး

 

မန္တလေးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ရွှေချည်ထိုးလုပ်ကိုင်သူများရှိလာကြောင်း စိန်မြင့်ရွှေချည်ထိုးလုပ်ငန်းမှသိရသည်။ ''ရွှေချည်ထိုးလုပ်ငန်းက အချုပ်အလုပ်ပညာရပ်တစ်ခုဖြစ်တယ်။ မိန်းကလေးတွေရဲ့ မွေးကတည်းက အချုပ်အလုပ်ကို တတ်ကျွမ်းပြီးသားဖြစ်တယ်။ ရွာကမိန်းကလေးတွေက လယ်ယာစိုက်ချိန်မှာစိုက်တယ်။ စိုက်ပျိုးပြီးနားတဲ့အချိန်တွေမှာ အပိုဝင်ငွေရအောင် ရွှေချည်ထိုးလုပ်ငန်းတွေကို လုပ်ကိုင်လာကြတယ်''ဟု စိန်မြင့်ရွှေချည်ထိုးလုပ်ငန်းပိုင်ရှင် ဦးစိန်မြင့်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေး တိုင်းဒေသကြီး အတွင်း အဆင့်မြင့် လယ်ယာ ဧက ၄ဝဝ ဖော်ထုတ်ရန် လျာထား

မကွေး၊ စက်တင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း အဆင့်မြင့်လယ်ယာဧက ၄ဝဝ ဖော်ထုတ်ရန် လျာထားကြောင်း မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ဒီမိုကရေစီတူဒေးကို ပြောသည်။ လယ်ယာမြေပုံစံ မကျသည့်အကွက်များအား အဆင့်မြင့်လယ် ယာဖော်ထုတ်ရန် ဧက ၄ဝဝ လျာထားပြီး တိုင်းဒေသကြီးအစိုးရထံ ရန်ပုံငွေ ၂၃၄ ဒသမ ၃၄၄ သန်း တင်ပြတောင်းခံထားကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ချင်းပြည်နယ်နှင့် ကလေးဒေသထွက် ချင်းရိုးရာ အထည်များ ပြည်တွင်းသာမက ပြည်ပကပါ မှာယူမှု များပြားနေ

ကလေး၊ စက်တင်ဘာ ၂၆

 

ချင်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဒေသထွက် ချင်းရိုးရာ ဝတ်စုံများမှာ ယခုအခါ၌ ပြည်တွင်းသာမက အိမ်နီးချင်းနိုင်ငံနှင့် ပြည် ပနိုင်ငံရပ်ခြားအထိပါ ဈေးကွက်ထိုး ဖောက်၍ အရောင်းသွက်ကာ မှာယူမှုများပြားနေသည့်အတွက် လစဉ်တင်ပို့ရောင်းချနေရကြောင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံ မှ သိရသည်။ ချင်းလူမျိုးတို့ သားစဉ်မြေးဆက် ဝတ်ဆင်လာခဲ့ကြသော ရိုးရာ ဝတ်စုံ အမျိုးအစား စုစုပေါင်း ၅၂ မျိုးခန့်ရှိပြီး ချင်းလူမျိုးတို့၏ ဒေသ အလိုက်၊ မြို့နယ်အလိုက်၊ လူမျိုးနွယ်စုအလိုက် ချင်းရိုးရာအထည် အဆင်ဒီဇိုင်းအမျိုးအစား ပေါင်း ၅ဝ ကျော် ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ပြင်သစ်အေဂျင်စီမှ ယူရို ၂၅ သန်းချေးယူမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆

 

ရေသွင်းစိုက်ပျိုးမည့် ဧရိယာအပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Irrigated Agriculture Inclusive Development Project-IAIDP) အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ ချေးငွေ ယူရို ၂၅ သန်းရယူသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယ၀န်ကြီးချုပ်ပြောကြားခဲ့သည့် ဗီဇာကင်းလွတ်ခွင့် မြန်မာနိုင်ငံသားများ ယနေ့အထိ ခံစားခွင့်မရသေး၊ ဗီဇာကြေး ယခင်အတိုင်းပေးဆောင်နေရဆဲဖြစ်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄-အိန္ဒိယ နိုင်ငံသို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများကို ဗီဇာကင်း လွတ်ခွင့်ပြုမည်ဟု အိန္ဒိယ၀န်ကြီး ချုပ်၏ချစ်ကြည်ရေးခရီးစဉ်တွင် ပြောကြားခဲ့သော်လည်း ယခုအချိန် အထိမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သံရုံးဘက် မှအကြောင်း မပြန်သေး သည့်အတွက် ပုံမှန်အတိုင်း ဗီဇာ ကြေး ပေးဆောင်နေရဆဲဖြစ် ကြောင်း သိရသည်။ ယင်းဗီဇာကင်းလွတ်ခွင့်ဆိုင် ရာကိစ္စအတွက် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံရုံးထံဆက်သွယ် မေးမြန်းထားပြီး သံရုံးဘက်မှ တိကျသည့် အဖြေ တစ်ခုကို မပေးနိုင် သေးကြောင်း၊ ဗီဇာကင်းလွတ်ခွင့် ရရှိရေးသည်ပြည်သူများအတွက် အကျိုးရှိခြင်းကြောင့် မျက်ခြည်မ ပြတ်ဆောင်ရွက်နေကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှအမြဲတမ်း အတွင်းဝန်ဦးကျော်ဇေယျက စက် တင်ဘာ၂၃ ရက်က ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရေကြောင်းတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ရန် ရေကြောင်းတိုင်းတာရေးအမြန်ရေယာဉ်သုံးစင်း ၀ယ်ယူ

ရန်ကုန်၊ စက်တင်ဘာ ၂၄- မန္တလေး-ညောင်ဦး ရေလမ်းဖွံ့ဖြိုး တိုး တက်စေရေးစီမံကိန်းတွင် ရေ ကြောင်းတိုင်းတာရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် အမေ ရိကန်ဒေါ်လာ နှစ်သိန်းနှစ်သောင်း ကျော်တန်ဖိုးရှိ ရေကြောင်းတိုင်း တာရေးအမြန်ရေယာဉ် သုံးစင်းကို ၀ယ်ယူခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ယင်းအမြန်ရေယာဉ်များဖြင့် မန္တလေးနှင့်ပုဂံကြား ရေလမ်းကြောင်းရှာဖွေခြင်း၊ ရေအနက်တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေ လမ်းအသုံးပြုသူများအတွက် အ ချိန်နှင့်တစ်ပြေးညီ ဘေးကင်းသည့် ရေလမ်းများသတ်မှတ်ပေးခြင်း၊ ရေလမ်းကောင်းမွန်ရေးအင်ဂျင်နီ ယာလုပ်ငန်းများအတွက် ရေလမ်း အခြေအနေများကို ဖော်ထုတ်ပေး ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ညောင်နှစ်ပင်စက်မှုဇုန်စီမံကိန်းတွင် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကိုရီးယားရင်းနှီးမြှုပ်နှံမည်

ရန်ကုန်၊ စက်တင်ဘာ ၂၄ - ညောင်နှစ်ပင်စက်မှုဇုန်စီမံကိန်း တွင် ကိုရီးယားမှ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း သိရသည်။ မှော်ဘီမြို့နယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံ အဆောက်အအုံနေရာရှိ မြေဧက ၆၀၀ အနက် ဧက ၅၇၀ တွင် လာ မည့်နှစ်ဆန်း၌ စက်မှုဇုန်စီမံကိန်း စတင်တည်ဆောက်ရန်အတွက် မြေရှင်းလင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံKorea Land and Housing Corporation  ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်းနှင့် အစိုးရ မှ ၄၀ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...