HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကုန်ကြမ်း အဆင်မပြေမှု၊ ဈေးမြင့်တက်မှု၊ လုပ်သားရှားပါးမှုနှင့် လျှပ်စစ်မီး ပုံမှန် မလာမှုတို့ကြောင့် ဆီစက်ပိုင်ရှင်များ အခက်အခဲဖြစ်နေ  

မကွေး၊ မေ ၃၁

မကွေးမြို့ပေါ်ရှိ ဆီစက်ပိုင်ရှင်များသည် ရာသီဥတု မကောင်းမှု၊ ကုန်ကြမ်းနှမ်းမြေပဲ ဝယ်ယူရာတွင် အဆင်မပြေမှု၊ ကုန်ကြမ်းဈေးမြင့်တက်နေမှု၊ လုပ်သားရှားပါးမှုနှင့် လျှပ်စစ်မီးပုံမှန် မလာမှုစသည့် အခက်အခဲအမျိုး မျိုးများကြောင့် ရပ်တည်ရေးခက် ခဲနေကြောင်း မေ ၃ဝ ရက်က မကွေးမြို့၌ကျင်းပသည့် ဆီလက် လီရောင်းသူများ၊ ဆီစက်ပိုင်ရှင် နှင့် လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲတွင် မကွေးမြို့ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ အမေထွား ဆီစက်ပိုင်ရှင် ဦးဌေးအောင်က ပြောကြားသည်။ ရာသီဥတုမကောင်းသဖြင့် နှမ်း၊မြေပဲစိုက်ပျိုးရေးအဆင်မပြေ ခြင်းကြောင့် ကုန်ကြမ်းများဝယ်ယူ ရသည်မှာ အဆင်မပြေခြင်း၊ ကုန် ကြမ်းဖြစ်သည့် နှမ်းမြေပဲဈေးမြင့် တက်ခြင်း၊ လုပ်သားရှားပါးခြင်း၊ လျှပ်စစ်မီးပုံမှန်မလာခြင်းစသည့် အခက်အခဲများကြောင့် မကွေးမြို့ နယ်အတွင်းရှိ ဆီစက်ပိုင်ရှင်များရပ် တည်ဖို့ အခက်အခဲဖြစ်ကြောင်း မကွေးမြို့ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့လယ်ယာသီးနှံ ဈေးနှုန်းဈေးကွက်များမှာ နိုင်ငံခြားတိုင်းပြည်များ၏ လက်ခုပ်ထဲက ရေလိုဖြစ်နေဟုဆို

နေပြည်တော်၊ မေ ၃ဝ

လယ်ယာ သီးနှံဈေးနှုန်းများ၊ ဈေးကွက်များမှာ နိုင်ငံခြားတိုင်းပြည်များ၏ လက် ခုပ်ထဲကရေလိုဖြစ်နေပြီး တစ်ဖက် သတ် အကျိုးရှိအောင် ဆောင်ရွက် နေခြင်းကို မြန်မာနိုင်ငံတောင်သူလယ် သမားများ တွေ့ကြုံခံစားနေရ ကြောင်း မအူပင်မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန် ဝင်းက ပြောကြားခဲ့သည်။ မေ ၃ဝ ရက်ကကျင်းပသည့် ပြည့်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ရက်မြောက် နေ့အစီအစဉ်တွင် လယ်ယာသား ငါးကဏ္ဍထုတ်လုပ်မှု၊ အထွက်နှုန်းအ ရည်အသွေးမြင့်မား၍ နိုင်ငံခြား သို့ တင်သွင်းနိုင်စေရန် သုတေသ နနှင့် တိုးချဲ့ထုတ်လုပ်ရေးစနစ်(Research and Extension System)  ပိုမိုအားပေးဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်းအဆိုကို တင်သွင်း စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ချင်းပြည်နယ် မင်းတပ်မြို့၌ ငွေကျပ်သုံးဘီလီယံ အကုန်အကျခံ၍ တက္ကသိုလ်တစ်ခု တည်ဆောက်မည်ဟု ပြည်နယ်ဝန်ကြီးပြော  

မင်းတပ်၊ မေ ၃ဝ 

ချင်းပြည်နယ် (တောင်ပိုင်း)မင်းတပ်မြို့တွင် ငွေ ကျပ်သုံးဘီလီယံအကုန်အကျခံ၍ တက္ကသိုလ်တစ်ခုကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုဝန်ကြီးထံမှသိရသည်။ ''ဟိုအရင်တုန်းက ကျွန်တော် တို့ ချင်းပြည်နယ်က ချင်းတိုင်းရင်း သားတွေ တက္ကသိုလ်ပညာသင်ကြား မယ်ဆိုရင် ပြည်မထဲကိုသွားပြီး ခက်ခက်ခဲခဲပညာသင်ကြရတယ်၊ သွားစရိတ်၊ စားစရိတ်မနည်းမနော ကုန်ကျခံပြီးသွားလာကြရတယ်၊ အခုချင်းပြည်နယ်မှာပဲ ကိုယ့်အိမ် ကနေ တက္ကသိုလ်ပညာကိုသင်ယူ နိုင်တော့မှာဖြစ်ပါတယ်'' ဟုပြည် နယ်စည်ပင်သာယာရေး၊ လျှပ်စစ် နှင့်စက်မှုဝန်ကြီးဦးစိုးထက်က မေ ၃ဝ ရက်တွင်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၆ဝဝ ကျော်ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၁၁ ခု အတည်ပြုပေးခဲ့  

ရန်ကုန်၊ မေ ၃ဝ 

ပြည်တွင်းလုပ် သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၆ဝဝ ကျော် ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခုကို မေ၂၉ ရက်က အတည်ပြုပေးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှသိရသည်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၈/၂ဝ၁၉) ကြိမ်မြောက်အစည်းအဝေးကို မေ ၂၉ ရက်တွင် ရန်ကုန်မြို့၊ ရန် ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုနှင့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုတို့အား အတည်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ယင်းလုပ်ငန်းများမှ ပြည် တွင်းလုပ်သားများအတွက် အလုပ် အကိုင်အခွင့်အလမ်းပေါင်း ၅၆၃၂ ခုကို ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

Global Earth အများပိုင်ကုမ္ပဏီ အစုရှယ်ယာရှင်များကို ဇွန်လအတွင်း ဖိတ်ခေါ်မည်  

ရန်ကုန်၊ မေ ၂၉

မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်တည် ထောင်ထားသည့် Global Earth အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ ရှင်များကို ဇွန်လအတွင်း ဖိတ် ခေါ်သွားမည်ဖြစ်ကြောင်း သိရ သည်။ Global Earth အများပိုင် ကုမ္ပဏီကို ငါးမွေးမြူရေးကဏ္ဍ၊ SMEs လုပ်ငန်းများတိုးတက်ဖွံ့ ဖြိုးစေရန်ရည်ရွယ်တည်ထောင် ထားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီအ နေဖြင့် ဦးစွာဧရာဝတီတိုင်းဒေသ ကြီး၊ ပန်းတနော်မြို့နယ်တွင် ငါး တန်မွေးမြူရေးလုပ်ငန်းကို အ ကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်စည်ပင် နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်တွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမရှိသေးဟု ဝန်ကြီးချုပ် ဆို

ရန်ကုန်၊ မေ ၂၉

စည်ပင်သာယာနယ်နမိတ်ပြင်ပ ၁၁ မြို့နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ချင်သော်လည်း ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ မေ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မ တီရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည့်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များလုပ်ငန်းများကို ခိုင်ခိုင်မာမာ ထူထောင်ထားရန်လိုအပ်ဟုဆို

ရန်ကုန်၊ မေ ၂၉

တရုတ်-အမေ ရိကန်စီးပွားရေးပဋိပက္ခအခြေအ နေများကြောင့် တရုတ်ရင်းနှီးမြှုပ်နှံ မှုများမြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် လာနိုင်သည့်အတွက် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လုပ်ငန်းများခိုင်ခိုင်မာမာထူ ထောင်ထားရန် လိုအပ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအမြဲ တမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ပြောသည်။ မေ ၂၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန် ကြီးဌာနတွင် ကျင်းပပြုလုပ်သော အစိုးရ၏ပြည်သူအတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြဝတီနယ်စပ် သောင်ရင်းမြစ်ဖြတ် ဂိတ်များမှ တရားမဝင် ထိုင်းကုန်စည်များကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဟုဆို

ရန်ကုန်၊ မေ ၂၈

မြဝတီနယ်စပ် သောင်ရင်းမြစ် ဖြတ်ကျော်ဂိတ်များမှ ထိုင်းကုန်ပစ္စည်းများပြည်တွင်းသို့ လွယ်လွယ်ကူကူစီးဝင်မှု ကြောင့် တရားမဝင်ကုန်စည်များကို ထိန်းချုပ်နိုင်ခြင်း မရှိသေး ကြောင်း မြဝတီနယ်စပ်ကုန်သွယ် ရေးစခန်းမှသိရသည်။ အဆိုပါ တရားမဝင်ကုန်စည် များကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်း၏ တရားဝင်သွင်း ကုန်တင်သွင်းမှုပမာဏမှာ သိသိ သာသာ လျော့ကျလျက်ရှိကြောင်း သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက''ထိုင်းနိုင်ငံကတရား ဝင်ပို့တယ်ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံဘက်မှာက ခွင့်မပြုထား တာတွေရှိတယ်။ နှစ်နိုင်ငံကုန် သွယ်မှုစာရင်းကို တိုက်ကြည့်တဲ့ အခါ တရားမဝင်တင်ပို့တင်သွင်းမှု တွေရှိနေတာတွေ့ရတယ်။ ကုန် သွယ်မှုစာရင်း အမြဲတမ်းအမေရိ ကန်ဒေါ်လာ တစ်ဘီလီယံလောက် ကွာဟတယ်''ဟု မေ ၂၈ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...