HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

စစ်ကိုင်း တိုင်းဒေသကြီးတွင် သရက်ကို GAP စနစ်ဖြင့် စိုက်ပျိုးခဲ့သော်လည်း ဈေးကွက်တွင် ဈေးပိုရခြင်းမရှိသေး ဟုဆို  

စစ်ကိုင်း၊ မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၌ သရက်စိုက်ပျိုး ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများ (GAP) နည်းဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ဈေးကွက်တွင်ရောင်းချသည့်အခါ ထူးထူးခြားခြား ဈေး ကောင်းရရှိခြင်းမရှိဘဲ အခြားသရက်သီးများကဲ့သို့ပင် ဈေးတူ ရောင်းချနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။ Good Agricultural Practices(GAP) နည်းဖြင့် ဆောင်ရွက်သည့်စနစ်တွင် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရိတ်သိမ်းပြီး နောက်စားသုံးသူများအပေါ် အန္တရာယ်ဖြစ်စေမှုများ လျော့ နည်းစေရန် ရည်ရွယ်ဆောင်ရွက် သည့်စနစ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ဘတ်စ်ကားများကို ပြည်ပသို့ ပို့မည်

ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်ထုတ်လုပ်သည့် SC Neustar ဘတ်စ်ကားသစ်များကို ပြည်ပသို့ တင်ပို့မည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားများထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ရောင်းချနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်စက်မှုဇုန်၌ မေ ၂၈ ရက်က ပြုလုပ်သည့် SC Neustar ဘတ်စ်ကားသစ် မိတ်ဆက်ပွဲတွင် ၎င်းင်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကျပ်သိန်းပေါင်း သိန်းနှင့်ချီသည့် လမိုင်းမြို့အွန်လိုင်း လေလံစုမဲကိစ္စ ပြဿနာမဖြစ်ပွားမီက မွန်ဝန်ကြီးချုပ်ထံ တင်ပြဖူးခဲ့ ဟုဆို  

ရန်ကုန်၊ မေ ၂၇

ကျပ်သိန်းပေါင်း သိန်းနှင့်ချီသည့် လမိုင်းမြို့ အွန်လိုင်း လေလံစုမဲကိစ္စနှင့်ပတ်သက်ပြီး ပြဿနာမဖြစ်ပွားမီကပင် မွန်ဝန်ကြီးချုပ်ထံ တင်ပြဖူးခဲ့ကြောင်းသိရသည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် အွန်လိုင်းလေလံစု မဲကစားကြရာ သတ်မှတ်ရက်အတွင်း ဒိုင်မှငွေမထုတ်ပေးနိုင်ခြင်းနှင့် ပတ်သက်၍ လေလံမဲကစားကြသူ ရာနှင့်ချီသည့် လူအုပ်ကဒိုင်ဖြစ် သူ၏နေအိမ်နှင့် ၎င်းင်း၏ဆွေမျိုး နေအိမ်များကို ဝင်ရောက်ဖျက် ဆီးမှုများရှိခဲ့ပြီး အွန်လိုင်းမဲဒိုင်တစ်ဦးအား သက်ဆိုင်ရာက အမှု ဖွင့်ထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်သို့ တင်ပို့သည့် ထိုင်းမော်တော်ယာဉ်နှင့် အပိုပစ္စည်းဈေးနှုန်း မှန်ကန်မှုမရှိသဖြင့် ဒဏ်ကြေးပေးဆောင်ရမည်  

ဘန်ကောက်၊ မေ ၂၇

ထိုင်းနိုင်ငံမှအမေရိကန်သို့ တင်သွင်းလာသော မော်တော်ယာဉ် အပိုပစ္စည်းတွင် ပို့ကုန်ဈေးနှုန်းများ ပီပြင်စွာဖော်ပြမထားခြင်းကြောင့် ဒဏ်ကြေးများပေးဆောင်ရလိမ့်မည်ဟု ထိုင်းကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် သြရာမွန်ဆပ်သာဝီသွန်းက မေ ၂၇ ရက်က ထုတ် ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖိလစ်ပိုင် ပညာရေးအတွက် အာရှဖွံ့ ဖြိုးရေးဘဏ် ADB က ဒေါ်လာသန်း ၃ဝဝ ချေးမည်  

မနီလာ၊ မေ ၂၇

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) သည် ဖိလစ်ပိုင်နိုင်ငံ ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးငှားရန် မေ ၂၇ ရက်က အတည်ပြုဆုံး ဖြတ်လိုက်သည်ဟု ဘဏ်၏အရှေ့ တောင်အာရှဆိုင်ရာ အကြီးတန်းအရာရှိ လင်းနက်ပီရက်စ်က ထုတ် ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရပ်ဆိုင်းခဲ့သော ရေနံပိုက်လိုင်း စီမံကိန်းများအတွက် နစ်နာကြေးပေးရန် တရုတ်ကုမ္ပဏီများနှင့် မလေးရှားဆွေးနွေးနေ

ကွာလာလမ်ပူ၊ မေ ၂၆

မလေးရှားနိုင်ငံသည် ရင်းဂစ် ငွေ ၉ ဒသမ ၄ ဘီလီယံဖိုးရှိ ရေနံပိုက်လိုင်းစီမံကိန်းများနှင့် ပတ်သက်၍ နစ်နာကြေးပေးရန်အတွက် တရုတ်အခြေစိုက်ကန်ထရိုက်တာများနှင့် ဆွေးနွေးနေကြောင်းသိရသည်။  မလေးရှားအစိုးရသည် အလုပ်ရပ်ဆိုင်းခဲ့သည့်အတွက် ယင်းစီမံကိန်းများကို ကြီးကြပ်နေသည့် Suria Strategic Energy Resource (SSER) ကုမ္ပဏီက China Petroleum Pipeline Engineering ကုမ္ပဏီနှင့် Huanqiu Project Manage ment Beijing ကုမ္ပဏီတို့ထံပေးရမည့် စုစုပေါင်းနစ်နာကြေးကို အစိုးရ ကညှိနှိုင်းနေကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည့်အစား ၁ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံပေးရန် အစိုးရသို့ တင်ပြတောင်းဆို

ရန်ကုန်၊ မေ ၂၆

လက်ကိုင်ဖုန်းဟန်းဆက်(Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည့်အစား ၁ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံပေးရန် မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းမှ အစိုးရသို့ တင်ပြ တောင်းဆိုထားရှိကြောင်း သိရသည်။ လာမည့် ဇွန် ၁ ရက်မှစတင်၍ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်အပိုပစ္စည်းများ၊ တင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များအနေဖြင့် ရောင်းချသည့် အရောင်းပြေစာပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချ ရမည်ဖြစ်ပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်း မရှိပါက ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပဲစင်းငုံ လက်ကျန် နည်းလာသဖြင့် ပဲဈေး အတက်ဘက် ဦးတည်နေ

ရန်ကုန်၊ မေ ၂၆ 

ဈေးကွက်အတွင်း ပဲစင်းငုံလက်ကျန်နည်း လာနေသည့်အတွက် ပဲသစ်တစ်တန်ကျပ် ၁ဝ သိန်းဖြင့် အတက်ဘက်သို့ ဦးတည်နေကြောင်း သိရသည်။ ပဲစင်းငုံအဟောင်းနှင့်အသစ် စုစုပေါင်း တစ်သိန်းခန့်သာ လက် ကျန်ရှိသဖြင့် အိန္ဒိယဘက်မှ ဝယ်ယူချိန်၌ အဆင်သင့်ဖြစ်စေရန်ကြို တင်ဝယ်ယူမှုများကြောင့် ပဲစင်းငုံ ဈေးမှာ အတက်ဘက်သို့ ဦးတည် နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အလုပ်အမှုဆောင် ဒေါက်တာ မျိုးလွင်က မေ ၂၆ တွင် ဒီမိုကရေ စီတူဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...