HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြဝတီမြို့တွင် ကြက်သွန်ဖြူများ ဈေးမြင့်တက်

မြဝတီ၊ မေ ၂၅

ကရင်ပြည်နယ် မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ တွင် ကြက်သွန်နီကုန်သည်များ အရှုံးပေါ်နေပြီး ကြက်သွန်ဖြူဈေး မှာလည်း မြင့်တက်နေကြောင်းသိရသည်။ '' ကြက်သွန်နီက အမျိုးအစား လေးမျိုးခွဲထားတယ်။ နံပါတ် ၂ အဆင့်က ထိုင်းဘက်ကိုပို့တယ်။ ထိုင်းဘက်က မြန်မာကြက်သွန်နီကို အလွန်ကြိုက်နှစ်သက်ကြတယ်။ ထိုင်းမှာကြက်သွန်ထွက်ပေမယ့် မြန်မာ ကြက်သွန်လို အရည်အသွေးမကောင်းဘူး။ မြန်မာကြက်သွန်ကို ထိုင်းက တစ်ကီလိုကို ၁ဝ ဘတ်ပေးတယ်။ သူတို့က ဂျူတီမဆောင်ဘဲ ဘန် ကောက်ကိုပို့တော့ ထိုင်းအကောက်ခွန်နဲ့ ထိုင်းရဲတွေကဖမ်းတဲ့အခါ မြန်မာဘက်ကို ကြက်သွန်ဖိုးငွေ တွေ မပေးနိုင်တော့ဘူး။ အြေ<ွကး ပေးတာက ယုံကြည်မှုနဲ့ပေးကြတာ ပေါ့။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင် ပဋိပက္ခကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ကျဆင်းခဲ့ဟုဆို

ရန်ကုန်၊မေ ၂၅

ရခိုင်ပဋိပက္ခ ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် (ငြိမ်း)ဦးတင့်သွင်က ပြောသည်။ မြောက်ဦးပဋိပက္ခနှင့် မြန်မာ့ ခရီးသွားလုပ်ငန်း ဒီဗွီဘီဒီဘိတ် အစီအစဉ်တွင် ၎င်းင်းကပြောကြားခဲ့ ခြင်း ဖြစ်သည်။ ''၂ဝ၁၇ ဒီဇင်ဘာမှာ ကျွန် တော်တို့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာပဲ GMSC  နဲ့ ပတ်သက်ပြီး စုပေါင်းအစည်းအဝေးလုပ်တဲ့အခါမှာ သုတေသနလုပ်နေ တဲ့ပညာရှင်က ပထမဆုံးစပြီး သတိပေးခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ခရီးသွားလုပ် ငန်းဟာ ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခကိစ္စတွေကြောင့်မို့လို တ ဖြည်းဖြည်းနဲ့ ဝင်ရောက်မှုလျော့ ကျဖို့ရှိတယ်ဆိုပြီး ကြိုတင်ပြင် ဆင်ထားဖို့ သတိပေးခဲ့ပါတယ်''ဟု ၎င်းင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်သို့ အစားအသောက်တင်ပို့သော သင်္ဘောတင်ခများ ဈေးနှုန်းတိုးမြှင့်ပေးမည်

ဘန်ကောက်

အမေရိကန်ကုန်သွယ်ရေး အာဏာပိုင်များသည် ထိုင်းအစား အသောက်ပြည်ပပို့ကုန်တင်ပို့သူ များအား သင်္ဘောတင်ခများတိုး မြှင့်ပေးသွားမည်ဟု လော့စ်အိန် ဂျလိစ်အခြေစိုက် ထိုင်းကုန်သွယ် ရေးစင်တာမှ အမှုဆောင်ညွှန်ကြား ရေးမှူး ကွမ်နာပါဖိ(ဗ်)နီးလ်က မေ ၂၄ ရက်က ထုတ်ဖော်ပြောဆို လိုက်သည်ဟု သတင်းများအရသိရှိရသည်။  ယင်း၌ လူသုံးစားသောက် ကုန်နှင့် တိရစ္ဆာန်အစာပို့ကုန် သမားများအတွက်ပါ အကျုံးဝင် သည်ဟုလည်းသိရှိရသည်။ ယင်း သည် ၂ဝ၁၁ ခုနှစ် အစားအစာ များလုံခြုံရေး အက်ဥပဒေအရ သတ်မှတ်ပေးခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကရင်ပြည်နယ်တွင် စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ယခင်ကထက် လေးဆခန့် တိုးတက်လာဟု ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

ဘားအံ၊ မေ ၂၄

ကရင်ပြည်နယ် အနေဖြင့် စီးပွားရေးတိုးတက်လာ သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ စီး ပွားရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုအနေ ဖြင့် ယခင်ကထက် လေးဆခန့်တိုး တက်လာကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မေ ၂၃ ရက် မွန်းလွဲ ၁နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ ဝေးခန်းမတွင် ကျင်းပခဲ့သည့် ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကလေးဒေသ၌ စပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၉ဝဝဝဝ ကျော် ထုတ်ချေးရန် ဘလျာထား

ကလေး၊ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ တောင်သူများအတွက် ၂ဝ၁၉ ခုနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေကျပ်သိန်း ၉ဝဝဝဝ ကျော် ထုတ်ချေးနိုင်ရန် လျာထားတောင်းခံထား ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မန်နေဂျာ ဦးဝင်းဇော်က မေ ၂၂ ရက်တွင်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ယခုဘဏ္ဍာနှစ် နှစ်ဝက်ကျော်ကာလအတွင်း စုစုပေါင်းကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ တစ်ဘီလီယံခန့်ရှိ

ရန်ကုန်၊ မေ ၂၄

ယခုဘဏ္ဍာနှစ် နှစ်ဝက်ကျော် ကာလအတွင်း စုစု ပေါင်းကုန်သွယ်မှုလိုငွေ အမေရိ ကန်ဒေါ်လာ တစ်ဘီလီယံခန့်ဖြစ် ပေါ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ နမှ သိရသည်။ ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ်စမှ မေလ တတိယပတ်အထိ ခြောက်လကျော် ကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုး စုစု ပေါင်းမှာ အမေရိကန်ဒေါ်လာ ၁ဝ၄၅၃ ဒသမ ၉၃၂ သန်း ရှိသော် လည်း သွင်းကုန် စုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၁၄၃၃ ဒသမ ၁၆၅ သန်းရှိခြင်းကြောင့် စုစုပေါင်း ကုန်သွယ်မှုလိုငွေ အမေ ရိကန်ဒေါ်လာ ၉၇၉ ဒသမ ၂၃၃ သန်းဖြစ်ပေါ်ခြင်းဖြစ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အောင်လံမြို့၌ နွားစာဈေးမြင့်တက်မှုနှင့် အပူချိန်မြင့်တက်မှုကြောင့် နွားမွေးမြူရေး လုပ်ငန်းတွင် နို့အထွက်နှုန်းလျော့ကာ တွက်ခြေ မကိုက်ဖြစ်နေ

အောင်လံ၊ မေ ၂၃

နွားအစာ ဈေးမြင့်တက်မှုနှင့်အပူချိန်မြင့်တက် နေမှုတို့ကြောင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းတွင် နွားနို့ အထွက်နှုန်းလျော့ကျကာ တွက်ခြေ မကိုက်ဖြစ်နေကြကြောင်း သိရသည်။ ''နွားအစာဈေးက အရင်နှစ်ကထက်ပိုတက်တယ်။ အခုနှစ်ရာသီဥတုက ပိုပူနေတော့ နွားတွေ အစာမစားနိုင်တော့ နွားနို့အထွက် နှုန်းပါကျတယ်။ အစာဈေးနဲ့နို့အ ထွက်နှုန်းမကိုက်တော့ နွားနို့ဈေးကပုံမှန်ပဲဆိုတော့ နွားမွေးမြူသူ တွေ တွက်ခြေမကိုက်ဘူး''ဟု အောင်လံမြို့မှ နို့စားနွားမွေးမြူ ရေးလုပ်ကိုင်သူ ကိုမောင်မောင် ထွေးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

Huawei ကုမ္ပဏီနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို Panasonic ရပ်ဆိုင်း

တိုကျို၊ မေ ၂၃

ဂျပန်နိုင်ငံမှ Panasonic ကုမ္ပဏီသည် အမေရိကန်နိုင်ငံက လုံခြုံရေး စိုးရိမ်မကင်းမှုများ ကြောင့်ပိတ်ပင်ခဲ့သည့် တရုတ်ဆက် သွယ်ရေးကုမ္ပဏီကြီး Huawei နှင့် လမ်းခွဲသည့် ကုမ္ပဏီများစာရင်း တွင်ပါဝင်လာခဲ့ပြီး ယင်းကုမ္ပဏီနှင့်လုပ်ကိုင်နေသော စီးပွားရေးလုပ် ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း မေ ၂၃ ရက်တွင် ကြေညာခဲ့သည်။  ဂျပန်နှင့် ဗြိတိသျှမိုဘိုင်းဝန် ဆောင်မှု ကုမ္ပဏီလေးခုတို့က 5G စနစ်သုံး Huawei ဟန်းဆက်အသစ်များဖြန့်ချိမှုကို ရွှေ့ဆိုင်းလိုက် ကြောင်းကြေညာခဲ့ပြီး တစ်ရက်အကြာတွင်ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...