HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ်၏ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး စီမံချက်ကြောင့် မူဆယ်နယ်စပ်တွင် ဆန်၊ ပြောင်း၊ သကြားများ သုံးလကျော်ကြာသည်အထိ သောင်တင်နေဆဲ

ရန်ကုန်၊ မေ ၂၃

တရုတ်နိုင်ငံ၏တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး စီမံချက်ကြောင့်မူ ဆယ်နယ်စပ်တွင် ဆန်၊ ပြောင်း၊ သကြားများ သုံးလကျော်ကြာ သည်အထိ သောင်တင်နေဆဲဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံမှတင်ပို့နေသည့် ဆန်ကွဲအပါအဝင် ဆန်၊ ပြောင်း၊ သကြားတင်ပို့မှုများကို တရုတ်နိုင်ငံမှတင်သွင်းခွင့်မပေးသဖြင့် မူဆယ်နယ်စပ်တွင် ဂိုဒေါင်အပြည့် သောင်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။ မူဆယ်ဆန်ကုန်သည် ဦးမင်း သိန်းက''မူဆယ်နယ်စပ်မှာပိတ် မိနေတဲ့ဆန်၊သကြား၊ပြောင်းတွေ ကသုံးလကျော်တဲ့အထိ ပြန်မဖွင့် သေးဘူး။ ဖေဖော်ဝါရီလကတည်း ကပိတ်တာ သုံးလလောက်ရှိပြီ။လောလောဆယ်တော့ ဂိုဒေါင်ထဲ ပဲထည့်ထားရတယ်။သကြားကတော့ တစ်နှစ်လောက်ထားလို့ရတယ်။ဆန်ကတော့ သိပ့်မလွယ်ဘူး။လောလောဆယ်အထိ ပျက်စီးမှုမ ရှိသေးဘူး။ တချို့ကလည်း မန္တ လေးကိုပြန်ပို့ဖို့ စီစဉ်နေကြတယ်''ဟုမေ၂၃ရက် ကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ သတင်းပေးတိုင်ကြားပေးရန် ဒုတိယသမ္မတ ဖိတ်ခေါ်

ရန်ကုန်၊ မေ ၂၂

တရားမဝင် ကုန်သွယ်မှုများ ထိရောက်စွာဖမ်း ဆီးနှိမ်နင်းနိုင်ရေးအတွက် တရား မဝင်ကုန်သွယ်မှုများကို စီးပွား ရေးလုပ်ငန်းရှင်များ သတင်းပေး တိုင်ကြားပေးရန် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက မေ ၂၂ ရက်တွင် ဖိတ်ခေါ်ပြောကြားခဲ့သည်။ မေ ၂၂ ရက်က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်း ပပြုလုပ်သည့် ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် များ၏(၂၇)ကြိမ်မြောက် ပုံမှန်တွေ့ ဆုံဆွေးနွေးပွဲတွင်ပြောခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တရုတ် ဝယ်လက်များက အသားကောင်း ကျောက်အပွင့်များကို ဈေးကောင်းပေး ဝယ်ယူလျက်ရှိ

 

မန္တလေး၊ မေ ၂၂

မန္တလေးကျောက်စိမ်းဈေးကွက်အတွင်း တရုတ်ဝယ်လက်များက အသားကောင်း (ဘော်ဒီ) ကျောက်အပွင့်များကို ဈေးကောင်း ပေးဝယ်ယူလျက်ရှိပြီး ကျောက်စိမ်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများတွင် နေ့စဉ်အပ်ထည်များ ပုံမှန် ရရှိနေကြောင်း ကုန်သည်များနှင့် ပွဲစားများထံမှ သိရသည်။ ''တရုတ်ဝယ်လက်တွေက အရည်မပါပေမယ့် အသားကောင်းတဲ့ သူတို့စိတ်ကြိုက်ကျောက်စိမ်း အပွင့်တွေဆိုရင်တော့ ကျပ်သိန်းရာဂဏန်းအထိ ဈေးကောင်းပေး ဝယ်ယူကြတာပါ။ အပွင့်ဝိုင်းမှာက မှော်ကြီးကျောက်တွေ ရှားပါးလာတာရယ်၊ ဖားကန့်မှော်ကျောက် စိမ်းတွေ အဝင်မရှိသလောက်ဖြစ် နေတာကြောင့် ခန္တီးကျောက်တွေကိုသာ ရွေးချယ်ဝယ်ယူနေကြပြီး အလယ်အလတ်တန်းစားခါးပိုင်း ကျောက်တွေကလည်း တစ်နိုင်တစ်ပိုင်ဝယ် ရောင်းသမားတွေကြောင့် သူ့ဈေးကွက်နဲ့သူရှိနေသလို အရည်အသွေးနိမ့် အောက်ပိုင်းလက်ကောက် ကွင်းတွေကတော့ တစ်ကွင်းကို ငွေ ကျပ်သောင်းဂဏန်းလောက်ပဲ ဈေး ရပါတယ်'' ဟု မန္တလေးကျောက်ဝိုင်းမှ ကျောက်စိမ်းကုန်သည် ဦးသန်း ဇော်က မေ ၂၂ ရက်တွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအားဖွံ့ ဖြိုးရေး အရှိန်အဟုန်မြှင့်ရန် နိုင်ငံခြားငွေလုံးငွေရင်း ပိုမိုလိုအပ်

ရန်ကုန်

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံကျော် ရင်းနှီးမြှပ်နှံရန် လို အပ်ဆဲဖြစ်ပြီး အနာဂတ်တွင် လျှပ်စစ်စွမ်း အား ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင် ရန် နိုင်ငံခြားငွေလုံးငွေရင်းများ ပို၍လိုအပ် ကြောင်း သိရသည်။ ပေါများကြွယ်ဝလှသော သဘာဝ သယံဇာတများ ပိုင်ဆိုင်ထားသော မြန်မာ နိုင်ငံသည် လျှပ်စစ်စွမ်းအားလိုအပ်မှုကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်သင့်သလောက် မတိုးတက်ဘဲ လူမှုဘဝတိုးတက်မှု၏ အခြေခံ ကို လက်တွေ့ကျကျ ရင်ဆိုင်နေရသည်။ ထို့ ကြောင့် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု သည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၏ လိုအပ်ချက်များကိုဖြည့်ဆည်းရန်နှင့် ပြည် သူလူထု၏ လူနေမှုဘဝအဆင့်အတန်းမြင့် တက်ရန် အကြီးစားအတိုင်းအတာဖြင့် ဖြည့် ဆည်းနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပို့ကုန် ရငွေပြန်လည် ထည့်သွင်းရန် ပျက်ကွက် ကုမ္ပဏီပေါင်း ၉၃ခု ကျန်ရှိ၊ ဇွန် ၅ ရက်အထိ ပြန်မသွင်းပါက အရေးယူမည် ဟုဆို

ရန်ကုန်၊ မေ ၂၁

ပို့ကုန်ရငွေပြန် လည်ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီပေါင်း ၉၃ ခု ကျန် ရှိနေပြီး ယင်းကုမ္ပဏီများအနေ ဖြင့် ဇွန် ၅ ရက်အထိ ပြန်လည် ထည့်သွင်းခြင်းမပြုပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့သစ်တောကဏ္ဍ ဖွံ့ဖြိုးရန် ကမ္ဘာ့ဘဏ်အုပ်စုက အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ချေးပေးသွားမည်

ရန်ကုန်၊ မေ ၂၁ 

မြန်မာ့သစ် တော ကဏ္ဍဖွံ့ဖြိုးရန် ကမ္ဘာ့ဘဏ် အုပ်စုက အမေရိကန်ဒေါ်လာသန်း ၂ဝဝ ချေးငွေပေးမည့်အစီအစဉ် ရှိကြောင်း၊ မြန်မာနိုင်ငံသစ်တော ထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းမှ မေ ၂၂ ရက်ကသိရသည်။  ယင်းကဲ့သို့ချေးငွေချေးမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး World Bank Group ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍမှ တာဝန် ရှိသူများသည် မြန်မာနိုင်ငံသစ် တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သောအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၁၈ ခုနှစ် ဧပြီလမှ ၂ဝ၁၉ ခုနှစ် မတ်လအထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲကဏ္ဍမှ ကျပ် ၁ဝ၂၇ ဘီလီယံ ရှာဖွေနိုင်ခဲ့

နေပြည်တော်၊ မေ ၂၁

၂ဝ၁၈ ခုနှစ် ဧပြီလမှ ၂ဝ၁၉ ခုနှစ် မတ်လအထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲကဏ္ဍမှ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး ကျပ်ဘီလီယံ ၇၃၉ လျာထားသည့်အနက်မှ ကျပ် ၁ဝ၂၇ ဘီလီယံရှာ ဖွေနိုင်ခဲ့သည့်အတွက် ၁၃၉ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်သော စီးပွားရေးစီမံကိန်းကို အမေရိကန်က ရေးဆွဲနေ

ဝါရှင်တန်၊ မေ ၂ဝ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခပြေငြိမ်းနိုင်စေရန် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတစ်ရပ်ကို ရှေ့လအတွင်း ကျင်းပနိုင်စေရန် ဖြေရှင်း ရေးအခြေခံအချက်များအား အ မေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရှင်းလင်းပြသနိုင်ရေး ပထမအဆင့်ဆောင်ရွက်နေသည်ဟု အိမ်ဖြူတော်က မေ ၂ဝ ရက်က သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...