HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ့ယွန်းထည်များ ဥရောပနှင့် အနောက်နိုင်ငံဈေးကွက်တွင် ထိုးဖောက်နိုင်ရန် ထုတ်ကုန်အသစ်များ ထုတ်လုပ်နေ

ရန်ကုန်၊ မေ ၂ဝ

မြန်မာ့ယွန်းထည်များမှာ ပြည်တွင်းဝယ်လိုအားထက် ပြည်ပဝယ်လိုအား ပိုမိုများပြားနေသဖြင့် ဥရောပနှင့်အနောက်နိုင်ငံ ဈေးကွက်တွင် ထိုးဖောက်နိုင်မည့် ယွန်းထုတ်ကုန်အသစ်များကို ယခုနှစ်အတွင်း ထုတ်လုပ်နေကြောင်း Bagan House Lacquerware Workshop မှ Proprietor  ဒေါ်မော် မော်အောင်ထံမှ သိရသည်။ ရိုးရာ ယွန်းထည်များကို မပျောက်ပျက်အောင် တစ်ဖက်က ထုတ်လုပ်နေသကဲ့သို့ တစ်ဖက်ကလည်း မြန်မာ့ယွန်းဈေးကွက် ကျယ် ပြန့်စေရန် ဥရောပနှင့် နိုင်ငံတကာဈေးကွက်ဝင်မည့် ယွန်းထည်များကို ဖန်တီးနေခြင်းဖြစ်သည် ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၂၂ တွင် မြို့ပတ်ရထားစီး ခရီးသည် တစ်ရက်လျှင် နှစ်သိန်းခွဲကျော် ရှိလာမည်ဟု မျှော်မှန်းထား

ရန်ကုန်၊ မေ ၂ဝ

လာမည့် ၂ဝ၂၂ ခုနှစ်တွင်ရန် ကုန်မြို့ပတ် ရထားစီးခရီးသည် တစ်ရက်လျှင် နှစ်သိန်းခွဲကျော်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ပြည့်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။ မေ ၂ဝ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သောမြို့ပြစီမံကိန်းများဆောင်ရွက်ရန် ဂျပန်နိုင်ငံမှ ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံချေးငွေရယူရေးနှင့် ပတ်သက်ပြီး ပြည်သူ့စာရင်းပူးပေါင်း ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာ ဖတ်ကြားရာ၌ပြည်သူ့ငွေစာ ရင်းပူးပေါင်း ကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်နှင့် စီးပွားရေး အငြင်းပွားမှုတွင် အမေရိကန်မှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တိုက်တွန်း

ရှန်ဟဲ၊ မေ ၁၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံ၏ မကြာသေးမီက ကုန်သွယ်ရေးနှင့် ပတ်သက်၍ ပြောဆိုလုပ်ဆောင်ခဲ့ ခြင်းများသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြား စေခဲ့၍ အမေရိကန်နိုင်ငံသည် တရုတ်-အမေရိကန်စီးပွားရေး ရွက်ဆောင်မှုများတွင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်သင့်သည် ဟု အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မိုက်ပွန်ပီယိုနှင့် တယ်လီဖုန်း ပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်ဟု တရုတ်နိုင်ငံခြား ရေးဌာနက မေ ၁၉ ရက်တွင် သ တင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင် ဆားလုပ်ငန်း ကျဆင်းနေခြင်းမှာ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် အားနည်းချက်ကြောင့် ဟုဆို

စစ်တွေ၊ မေ ၁၉

ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းကျဆင်းနေခြင်းမှာ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် အားနည်းချက်ကြောင့်ဖြစ်ကြောင်း ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ရခိုင်ပြည်နယ်ကထုတ်သည့် ဆားများကို ၁၉၉၅ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန်အပါအဝင် အိမ် နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံ တင်ပို့ရောင်းချခဲ့သော်လည်း ၂ဝဝ၄ ခု နှစ်နောက်ပိုင်းမှစတင်ကာ ရခိုင်မှ ဆားထုတ်လုပ်သူများတွင် စက်ကိရိယာများခေတ်မမီခြင်းနှင့် အရင်းအနှီးများမရှိဖြစ်လာသကဲ့သို့ ဈေးကွက်လည်း ပျောက်လာသည့် အတွက် ရခိုင်မှဆားလုပ်ငန်းသည် ကျဆင်းခဲ့ရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ တိုးတက်လာစေရေး မြန်မာ့သြဘာနှင့် တောင်သူများပူးပေါင်း၍ အရည်အသွေးမြင့် မျိုးစေ့များ ထုတ်လုပ်မည် ဟုဆို

ရန်ကုန်၊ မေ ၁၉

ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍတိုးတက်လာစေ ရေးအတွက် မြန်မာ့သြဘာလုပ်ငန်းစုနှင့်တောင်သူများပူးပေါင်း၍ အရည်အသွေးမြင့်မျိုးစေ့များ ထုတ်လုပ်သွားမည်ဖြစ်ကြာင်း သိရသည်။ အဆိုပါမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် အသက်မွေးဝမ်း ကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (Livelihoods and Food Security Fund , LIFT)နှင့် မြန်မာ့သြဘာလုပ်ငန်းစုတို့ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားကို ဒေါ်လာရှစ်သန်းဖိုး အကူအညီပေးရန် တောင်ကိုရီးယားဆုံးဖြတ်၊ ကေဆောင်းစက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များကို လည်ပတ်ခွင့်ပြုမည်  

ဆိုးလ်၊ မေ ၁၈

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံတွင် အကူအညီပေးရေး ပရောဂျက်များအတွက် နိုင်ငံတကာအေ ဂျင်စီများသို့ ဒေါ်လာရှစ်သန်းလှူဒါန်းရန်နှင့် နှစ်နိုင်ငံဖက်စပ် စက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့တစ်ခု ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း မေ ၁၇ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန် မလည်ပတ်နိုင်မှုသည် လက်ရှိဆန်စပါးဈေးကွက်အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေ ဟုဆို

ရန်ကုန်၊ မေ ၁၈ 

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိ ဆန်စပါးဈေးကွက်အပေါ် ကြီးမား စွာသက်ရောက်မှုရှိနေကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ကထုတ် ပြန်လိုက်သည်။ နွေစပါးပေါ်ချိန်တွင် လျှပ်စစ် မီးပြတ်တောက်မှုကြောင့် စပါးအစို ဓာတ်များသဖြင့် စပါးဈေးများကျ ဆင်းနေကြောင်း မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင် သန်းဦးက ပြောသည်။ ''မီးကမလာနဲ့ စပါးတွေ အ ခြောက်မခံနိုင်တာတွေကြောင့် ဖြစ် တာ။ စပါးအရည်သွေးကြောင့် အစို ကြီးတွေမဝယ်နိုင်တာ အခြောက် မခံနိုင်ရင်ဝယ်လို့မရဘူး။ ကျွန်တော် ကိုယ်ပိုင်ငွေနဲ့ ဒိုက်ဦးနဲ့အုတ်တွင်း တို့ကစပါးတွေကို တင်းတစ်ရာကို အစိုဓာတ်ဈေး ကျပ်လေးသိန်းလေး သောင်းနဲ့ဝယ်ပေးနေတာ ခုတင်း တစ်သိန်းလောက်ဝယ်ပေးပြီးပြီ''ဟု ၎င်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူများထံ လျှပ်စစ်ဓာတ်အားကို ဈေးသက်သာစွာ ရောင်းချနိုင်ရန် စွမ်းအင်မူဝါဒကို ပြန်လည်သုံးသပ်သင့် ဟုဆို

ရန်ကုန်၊ မေ ၁

-ပြည်သူများထံ ဓာတ်အားကို ဈေးသက်သက်သာ သာဖြင့် ရောင်းချနိုင်ရန် လျှပ်စစ် မူဝါဒကို ပြန်လည်သုံးသပ်သင့် ကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော် ကျော်ဦးက ပြောသည်။  မေ ၁၈ရက် Orchid ဟိုတယ် တွင်ပြုလုပ်သည့် မီးမှန်ဖို့ မီတာခ တိုးပေးသင့်သလား ခေါင်းစဉ်ဖြင့် ဒီဗွီဘီဒီဘိတ်တွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။ ''လျှပ်စစ်ဓာတ်အားကို ဈေး ပေါပေါနဲ့ ရောင်းနိုင်အောင် ကျွန် တော်တို့ရဲ့စွမ်းအင်မူဝါဒကို ပြန်သုံး သပ်သင့်ပါတယ်''ဟု ၎င်းကဆက် လက်ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...