HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ကုန်တင်ယာဉ်များ တိုက်ရိုက်ပြေးဆွဲနိုင်ရေး စီစဉ်နေ

ရန်ကုန်

မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ကုန်တင်ယာဉ်များဖြင့် တိုက်ရိုက်ပြေးဆွဲနိုင်ရန် အတွက် MoU  ရေးထိုးမည့်အစီအစဉ်ကို ဆောင်ရွက်နေကြောင်း သိရသည်။ နှစ်နိုင်ငံ ကုန်တင်ယာဉ်များ တိုက်ရိုက်ပြေးဆွဲနိုင်ရန်အတွက် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU ကို ရေးထိုးရေးကို ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။  ထိုကဲ့သို့ဆောင်ရွက်ရခြင်းသည် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မဟာဗျူဟာမြောက်သည့် အတွက် ရင်းနှီးမြှုပ်နှံရန် ချက်နိုင်ငံလုပ်ငန်းရှင်များကို ဖိတ်ခေါ်  

ရန်ကုန်

မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ မဟာဗျူဟာမြောက်သည့်နိုင်ငံဖြစ်ခြင်း ကြောင့် အခွင့်အလမ်းများ အပြည့်အဝရှိနေ ကာ ရင်းနှီးမြှုပ်နှံဖို့အတွက် ချက်သမ္မတနိုင်ငံရှိ လုပ်ငန်းရှင်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့သည်။ ဇွန် ၄ ရက်က ချက်သမ္မတနိုင်ငံ Prague  မြို့တော်တွင် ပြုလုပ်သည့် ချက်-မြန်မာ စီးပွား ရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် လည်း ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးစပါးစိုက် စရိတ်ချေးငွေ ထုတ်ပေးရာတွင် တောင်သူတစ်ဦးချင်း ကြွေးကျေလျှင် ပြန်လည်ထုတ်ပေးရမည့်မူ ရှိသော်လည်း ထုတ်မပေး၍ တောင်သူအချို့အခက်တွေ့နေ ဟုဆို  

ခင်ဦး၊ ဇွန် ၄ 

မိုးစပါးစိုက်စရိတ် ချေးငွေထုတ်ပေးရာတွင် တောင်သူတစ်ဦးချင်းကြွေးကျေလျှင် ပြန်လည်ထုတ်ပေးရမည့်မူ ရှိနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ ထုတ်မပေးသေး၍ တောင်သူအချို့အခက်တွေ့နေကြကြောင်းသိရသည်။ ခင်ဦးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ်၊ မိုးသီးနှံများအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း ၁၅ဝဝဝဝ ကျော်ထုတ်ချေးရန်လျာထားပြီး ၂ဝ၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငြွေေ<ွကးကျေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ထုတ်ချေးပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

ချင်းပြည်နယ်၌ စက်မှုဇုန်ဖော်ဆောင်ရန် အကြို ဆန်းစစ်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းထား ဟုဆို  

ဟားခါး၊ ဇွန် ၎

ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စက်မှုဇုန်ကဏ္ဍ၌ လာ ရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်လျက်ရှိပြီး အကြိုဆန်းစစ်လေ့လာ မှုများလုပ်ဆောင်နိုင်ရန် မြေပြင်ကွင်း ဆင်းလေ့လာရေးအဖွဲ့များဖွဲ့စည်း ထားရှိပြီးဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကာလရှည် ချေးငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်အစီရင်ခံခြင်း လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းသင့်ဟုဆို

နေပြည်တော်၊ ဇွန် ၎

ကာလရှည်ချေး ငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်အစီရင်ခံခြင်း လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းထားသင့် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။  ဇွန် ၄ ရက်က ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank  ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့် စပ် လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာ၌ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးစိုးသိန်းက အထက်ပါအတိုင်း ထောက်ပြခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ယခင် ဧရာဝတီ တိုင်းဒေသကြီး အစိုးရက ဖောင်ဒေးရှင်းသို့ လွှဲပြောင်းပေးခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၅ ဘီလီယံကျော်စလုံး ပြန်လည်ရရှိပြီ  

ရန်ကုန်၊ ဇွန် ၃ 

ယခင်ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဖောင်ဒေးရှင်းတစ်ခုသို့ လွှဲပြောင်းပေးခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅ ဘီလီယံကျော်ကို အားလုံးပြန်လည်ရရှိပြီဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြောသည်။ ''အကုန်ပြန်ရပါပြီ။ အသေးစိတ်ကတော့ နောက်မှပြောပါမယ်။ အခုက လွှတ်တော်ကို မတင်ပြရသေးလို့''ဟု ဦးဌေးဝင်းက ဒီမိုက ရေစီတူဒေးသို့ ဇွန် ၃ ရက်တွင် အတည်ပြုပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

လာမည့် ဘဏ္ဍာနှစ်အတွက် အောင်ဘာလေထီ လက်မှတ်များကို ဝယ်ယူရောင်းချရန် လျှောက်ထားနိုင်ပြီ  

ရန်ကုန်၊ ဇွန် ၃

လာမည့်၂ဝ၁၉- ၂ဝ၂ဝဘဏ္ဍာနှစ်အတွက် အောင်ဘာလေထီလက်မှတ်များကို ဝယ်ယူ ရောင်းချရန် လျှောက်ထားနိုင်ပြီဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှသိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ်၁ဝဝဝတန် အောင်ဘာလေထီလက်မှတ်များကို ၂ဝ၁၉-၂ဝဘဏ္ဍာနှစ်အတွက် ၂ဝ၁၉ခုနှစ် အောက်တိုဘာလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ရာ ထီစာအုပ်ဝယ်ယူရောင်း ချလိုသူများအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သူဖြစ်ပါက အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)သို့လည်းကောင်း၊ မန္တလေး မြို့စည်ပင်သာယာရေးနယ်နိမိတ် အတွင်းနေထိုင်သူဖြစ်ပါက အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)သို့လည်းကောင်း၊ ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ ဝယ်ယူရောင်းချလိုသူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့လည်းကောင်း လျှောက် လွှာများကို သက်ဆိုင်ရာရုံးများသို့ ဇွန် ၁ဝရက်မှ ၂၁ရက်အတွင်း တင်သွင်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်တိုင်း အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိဟုဆို  

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိကြောင်းသိရသည်။  ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ် သော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အ ကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...