HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ပါဝင်သော 'ဧည့်သည်' ရုပ်ရှင်ဇာတ်ကား မကြာမီရုံတင်မည်

ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ပါဝင်သော 'ဧည့်သည်' ရုပ်ရှင်ဇာတ်ကား မကြာမီရုံတင်မည်

ရန်ကုန်၊ မေ ၂၄ 

ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူး ပုံဖော်ထားသော ''ဧည့်သည်'' အချစ်ဒရာမာ ရုပ်ရှင်ဇာတ်ကားကို မေ ၃ဝ ရက်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကားကို 7th Sense Film Production  က စီစဉ် ခြင်းဖြစ်သည်။

ယင်းဇာတ်ကားတွင် ပါဝင်ထားသော သရုပ်ဆောင်ရွှေထူးက ''ကျွန်တော်ကတော့ သရုပ်ဆောင်ပိုင်းမှာ အသစ်တစ်ယောက်ဖြစ်နေ တာကြောင့် လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။ ပရိသတ် တွေ ဇာတ်ကားကိုကြည့်ပြီးသွားရင် သရုပ်ဆောင်မှုအပိုင်းတွေကို ဝေဖန်ပေးပါ၊ ထောက်ပြပေးပါ။ ကျွန်တော်ရှေ့ဆက်ပြီးတော့ အများကြီး ကြိုးစားသွားရဦးမှာပါ။ ဒီဇာတ်ကားက ပထမဆုံးခေါင်းဆောင်ရိုက် ရတာဆိုတော့ တာဝန်ကြီးတယ်။ အရမ်းလည်း စိုးရိမ်တဲ့အပိုင်းတွေ ရှိပါတယ်။ အဓိကစိုးရိမ်တာကတော့ ပရိသတ်တွေ အားမပေးမှာကို အဓိကစိုးရိမ်ပါတယ်။ ဇာတ်ကားရုံတင်ရင် ပရိသတ်တွေ လာအားပေး ပါလို့ ပြောချင်ပါတယ်''ဟုပြောသည်။


ယင်းဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ် လမ်း၊ ဇာတ်ညွှန်းမိုးနီလွင်၊ တွဲဖက်ဒါရိုက်တာဥက္ကာတို့မှ ပါဝင်ထား ကြောင်း သိရသည်။

KZYH

#democracytoday

Rate this item
(0 votes)
back to top