HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'အချစ်ရေး အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ အလုပ်ကပဲ ကုစားပေးခဲ့တယ်' ခြူးလေး

'အချစ်ရေး အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ အလုပ်ကပဲ ကုစားပေးခဲ့တယ်' ခြူးလေး

ဇွန်လထဲတွင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးအ နေနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးသွားမယ့် သရုပ်ဆောင် ခြူးလေးကို အခုလိုတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး-လတ်တလောအနုပညာအလုပ် ဘာတွေလုပ်ဖြစ်ဖို့ရှိမလဲ။

ဖြေ-ရှေ့လထဲမှာ ''ချစ်ရပါသော နွေ''ဆိုတဲ့ဇာတ်လမ်းတွဲလေးပြဖို့ ရှိပါတယ်။ နောက်ရှေ့လထဲမှာပဲ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ နောက်ထပ်လည်းဇာတ်လမ်းတွဲအသစ်တွေထပ် ရိုက်သွားဖို့တွေလည်းရှိပါတယ်။

မေး-ဇာတ်လမ်းတွဲလေးထဲမှာရော ဘယ်လိုပုံစံမျိုးမြင်တွေ့ရမလဲ။

ဖြေ-ဒီဇာတ်လမ်းတွဲလေးထဲမှာ တော့ ချစ်နွေဆိုတဲ့ တက္ကသိုလ် ကျောင်းသူမလေးကာရိုက်တာက သရုပ်ဆောင်ထားပါတယ်။ကာရိုက်တာပုံစံလေးကတော့ မိဘမေတ္တာ လိုချင်တယ်။ ပရဟိတအလုပ်တွေ ကိုအရမ်းစိတ်ဝင်စားပြီး သူငယ်ချင်းတွေကို အရမ်းချစ်တတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင် မလေးတစ်ယောက်အဖြစ် သရုပ် ဆောင်ထားပါတယ်။

မေး-ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ် သက်ပြီးတော့လည်း ပြောပြပေးပါ။

ဖြေ-''ကြယ်ကြွေချိန်မှာ နင်နဲ့ငါ''ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကတော့ အလင်းရောင်နဲ့ပါ။ ဒီဇာတ်ကားကြီးက ခြူးလေးရဲ့ ပထမဆုံးခေါင်းဆောင်မင်းသမီး အဖြစ်ရိုက်ကူးရမယ့်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ကာရိုက်တာ ကတော့ချစ်စရာကောင်းပြီး စိတ် ဝင်စားဖို့ကောင်းတဲ့ ကာရိုက်တာ မျိုးလေးဖြစ်မှာပါ ။

မေး-အခုအချိန်မှာ အနုပညာ အလုပ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ဘယ်လိုသုံးသပ်မိလဲ။

ဖြေ-အနုပညာအလုပ်တွေနဲ့ပတ်သက်ရင်တော့ အခုအချိန်မှာ အများကြီးကြိုးစားဖို့လိုပါသေးတယ်။ အထူးသဖြင့် ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့ရော ကိုယ်ရောက် နေတဲ့နေရာမှာ ကိုယ့်ရဲ့နေပုံထိုင် ပုံဝတ်စားဆင်ယင်မှုတွေ အကုန်လုံးကအစ ဒီ ၂ဝ၁၉ မှာပြောင်း လဲမယ်ဆိုတဲ့အတိုင်းပဲ အကုန်လုံးကို ကြိုးစားပြီးတော့ ပြောင်းလဲ နေတဲ့အချိန်၊ ပြောရရင် အခုအချိန်က ကိုယ့်ကိုယ်ကိုယ် အားမရ သေးတဲ့အချိန်တွေဖြစ်ပါတယ်။

မေး-ကြားထဲမှာလည်း အချစ်နဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲစရာတွေ ကြုံတွေ့ခဲ့တာဆိုတော့ အလုပ်မှာ ရော ထိခိုက်တာမျိုးတွေရှိခဲ့လား။

ဖြေ-အဲဒီအချိန်ကတည်းက အလုပ်ကိုစိတ်သေချာကိုထည့်နိုင်ပါတယ်။ ဇာတ်လမ်းတွဲရိုက်နေတဲ့အချိန်မှာ ဒီပြဿနာတွေတက်တယ်ဆိုပေမယ့် ဇာတ်လမ်းတွဲထဲက စိတ်တွေ အိုက်တင်တွေကိုတော့ မလျော့ အောင်ကြိုးစားထားပါတယ်။ ကျန်တဲ့အကြောင်းအရာတွေနဲ့အလုပ် နဲ့ကိုတော့ရောထားတာမျိုးမရှိပါဘူး။ ကံကောင်းတာတစ်ခုက ဒီလိုတွေဖြစ်တဲ့အချိန်မှာတစ်ဖက်မှာကလည်း ကိုယ့်အလုပ်ကရှိနေတာကြောင့် ခြူးလေးက အလုပ်ကိုတော့ နံပါတ် (၁)ထားတာဆို တော့ ဒီအကြောင်းအရာကို အလုပ်က ကုစားပေးခဲ့တာကြောင့် အဆင်ပြေပြေဖြစ်သွားပါတယ်။

မေး-စိတ်ကိုအကောင်းဆုံးပြင်ဆင်နိုင်တဲ့အဓိကအချက်က ဘာဖြစ်မလဲ။

ဖြေ-အဓိကကတော့ ခြူးလေးရဲ့ပရိသတ်တွေ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ပရိသတ်တွေက မန္တလေးအထိကို လိုက်လာ ကြတယ်။ အနားမှာနေပေးတယ်။ လူအများကြီးနဲ့ပျော်ပျော်ရွှင်ရွှင် နေလိုက်ရတာလည်းပါတယ်။နောက် တစ်ခုကအလုပ်ကိုလည်း သေ ချာအာရုံစိုက်ပြီးတော့ လုပ်လိုက်တာကြောင့်လည်း တော်တော် လေးအဆင်ပြေသွားခဲ့ပါတယ်။

မေး-နောက်ထပ် အချစ်ရေးကိစ္စရော ဘယ်လိုစဉ်းစားထားတာရှိလဲ။

ဖြေ-အချစ်ရေးကတော့ အလုပ်နဲ့ပတ်သက်ရင်တော့ ဘာမှမဆိုင်ပါဘူး။ အချစ်က အချစ်ပဲ။ ချစ်နေရင်ပြီးရော ကိုယ်ချစ်တဲ့သူတွေ့ရင်ချစ်မယ်ဆိုတဲ့စိတ်ပဲရှိပါတယ်။ အဓိကကတော့ ကိုယ့်ကိုစိတ်ချမ်း သာမှုပေးနိုင်တဲ့သူကိုပဲ ရွေးချယ်မယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top