HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဘာစီလိုနာမြို့မှာ ပရိသတ်ရဲ့ အကိုင်အတွယ် ကြမ်းတမ်းမှုကို ကြုံခဲ့ရတဲ့ မိုင်လီဆိုင်းရပ်  

ဘာစီလိုနာမြို့မှာ ပရိသတ်ရဲ့ အကိုင်အတွယ် ကြမ်းတမ်းမှုကို ကြုံခဲ့ရတဲ့  မိုင်လီဆိုင်းရပ်   

လော့စ်အိန်ဂျလိစ်၊ ဇွန် ၎

အဆိုတော် မိုင်လီဆိုင်းရပ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်း၌ ဘာစီလိုနာမြို့တွင် ပရိသတ်တစ်ဦး၏ အကိုင်အတွယ် ကြမ်းတမ်းမှုနှင့် ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ အသက် (၂၆) နှစ်အရွယ် အဆိုတော်သည် ဟိုတယ်မှ ခင်ပွန်းဖြစ်သူ မင်းသား လီယန်ဟမ်းဝေါ့သ်နှင့်အတူ ထွက်ခွာလာချိန်တွင် ပရိသတ်တစ်ဦးက သူ့၏လည်ပတ်ကိုလက်ဖြင့်ဖက်ပြီး အနောက်မှာ ဆွဲလိုက်သည့်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရ ခြင်းဖြစ်သည်။ နာမည်မသိရသော ယင်းအမျိုးသားရှေ့သို့ မိုင်လီကလှည့်လိုက်သည့်အခါတွင် နမ်းနိုင်လောက်သည့် အနေအထားမျိုးအထိ ဖြစ်သွားခဲ့သည်။

လူအုပ်ကိုဖြတ်ပြီး ၎င်းင်းတို့စုံတွဲနှစ်ယောက် နောက်မှလိုက်ပါလာသည့် လုံခြုံရေးစောင့်များက ရှေ့မှကာရပ်ခဲ့ပြီး မိုင်လီနောက်မှ ယင်းအမျိုးသားကိုဟန့်တားခဲ့သည်။ မိုင်လီ မှာလည်း အသက် ၂၉ နှစ်အရွယ် ခင်ပွန်း မင်းသား လီယမ်ဆီသို့ပြေးသွားခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ၎င်းင်းတို့စုံတွဲ နှစ်ဦးက မှတ်ချက်မပေးခဲ့သော်လည်း ယင်းဖြစ်ရပ်တစ်ခုလုံးကို ကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုမှာ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။


ယင်းကဲ့သို့ အကိုင်အတွယ် ကြမ်းတမ်းသည့်ပရိသတ်နှင့် ကြုံတွေ့ခဲ့ရသည့် မိုင်လီက လေယာဉ်မစီးမီ လေဆိပ်လုံခြုံရေး များကြားထဲမှ ဖြတ်သန်းသွားရသည်မှာ လူများနှင့် ထိတွေ့ရာမှ ခွန်အားရရှိသည်ဟု ခံစားရသော ကြောင့် သဘောကျနှစ်ခြိုက်သည်ဟု ပြော ဆိုခဲ့ဖူးသည်။


¤င်းက ''ပရိသတ်တွေက ချစ်တာ လည်းရှိမယ်။ မုန်းတာလည်းရှိမယ်။ သူတို့မုန်းတာကို သိမယ်ဆိုရင် ကျွန်မကတော့ စိတ်ညစ်မခံလို့ အဲ့ဒါကိုလက်မခံဘူး။ ဒါပေမဲ့ သူတို့က ကျွန်မကိုချစ်မယ်ဆိုရင်တော့ ဝမ်းပန်းတသာနဲ့ လက်ခံမှာပါ။ လူတွေက လာပြီးထိကြတာကို ပြောရမယ်ဆိုရင် အဲ့ဒီအရာက ပိုဆိုးလာရ တယ်ဆိုတာကို သိပါတယ်''ဟုပြောသည်။ 

Ref: asiaone

#democracytoday

Rate this item
(0 votes)
back to top