HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မင်းသမီး အန်ဂျလီနာဂျိုလီနဲ့အတူ ရုပ်ရှင်မှာပါဝင်ဖို့ ဆွေးနွေးနေတဲ့ ကနူးရိဗ်  

မင်းသမီး အန်ဂျလီနာဂျိုလီနဲ့အတူ ရုပ်ရှင်မှာပါဝင်ဖို့ ဆွေးနွေးနေတဲ့ ကနူးရိဗ်   

လော့စ်အိနဂျလိစ်၊ ဇွန် ၎

Speed၊The Matrix နှင့် John Wick ရုပ်ရှင်တို့ဖြင့် လူသိများသော ဟောလိဝုဒ်စူပါစတားကနူးရိဗ်သည် Marvel ရုပ်ရှင်တစ်ခုတွင် ပွဲဦးထွက်ပါဝင်လာရန် ဆွေးနွေးနေကြောင်းသိရသည်။ အကယ်၍ ပါဝင်ဖြစ်မည်ဆိုပါက မင်းသားရိဗ် သည် The Eternals ရုပ်ရှင်တွင်ပါဝင်လာနိုင်ပြီး Marvel  စတူဒီယိုအနေဖြင့်လည်း မကြာမီလပိုင်းအတွင်း ရုပ်ရှင်ထုတ်လုပ်ရေး စတင်နိုင်မည်ဟုဆိုသည်။ အသက် ၅၄ နှစ်အရွယ် မင်းသားသည် လက်ရှိတွင် အွန်လိုင်းပေါ်၌ လူပြောများနေသည့် မင်းသားဖြစ်ပြီး လက်ရှိတွင် ၎င်းင်းပါဝင်ထားသည့် "John Wick: Chapter 3  Parabellum"  ရုပ်ရှင်ကိုလည်း ရုံတင်ပြသလျက်ရှိသည်။ ထို့ပြင် Netflix ၏ အချစ်ဟာသ ရုပ်ရှင် "Always Be My Maybe" တွင်လည်း အထူးသရုပ် ဆောင်အဖြစ် ပါဝင်ထားသည်။

MCU Cosmic မီဒီယာ၏ အဆိုအရ ဆွေးနွေးမှုများကို လုပ်ဆောင်နေပြီး မင်းသားရိဗ်က လက်မှတ်ရေးထိုးခြင်းမရှိသေးဟုဆိုသည်။ ဆွေးနွေးမှုများမှာလည်း ကနဦးအဆင့်သာရှိသေးသည်ဟုသိရသည်။ ယင်းရုပ်ရှင်တွင် ဆာဆီအဖြစ်မင်းသမီး အန်ဂျလီနာဂျိုလီ၊ အီကာရစ်အဖြစ် ရစ်ချက်မက်ဒန်၊ ကူမေး နန်ဂျီနီနှင့် ကိုရီးယားမင်းသား မာဒုံဆော့တို့ကလည်း အသီးသီးပါဝင်ကြမည်ဟု ကြေညာထားပြီး ဖြစ်သည်။


မင်းသားရိဗ်သည် Doctor Strange ရုပ်ရှင်တွင် ပါဝင်ရန် ၎င်းင်း၏နာမည်ကို ဖော်ပြခဲ့ပြီးကတည်းက Marvel Cinematic Universe ရုပ်ရှင်များတွင်ပါဝင်မည်ဟု ကောလာဟလထွက်ပေါ်ခဲ့ပြီးဖြစ်သည်။  ၁၉၇၆ ခုနှစ်တွင် ဂျက်ကရီဘီဖန်တီးခဲ့သော "The Eternals" ဇာတ်လမ်းသည် လူသားနှင့် စူပါစွမ်းအားရှင်ဂြိုဟ်သား The Eternals တို့ ပူးပေါင်းကာ ဗီလိန်များကို တိုက်ထုတ်ရမည့် လွန်ခဲ့သောနှစ်ပေါင်းများစွာမှ ဇာတ်ကြောင်းကို ဇာတ်အိမ်တည်မည်ဖြစ်သည်။ Marvel ကုမ္ပဏီအကြီးအကဲ ကီဗင်ဖေ့ဂ်ျက ယင်းရုပ်ရှင်ကို ထုတ်လုပ်မည်ဖြစ်သည်။

Ref: CNA

#democracytoday

Rate this item
(0 votes)
back to top