HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မိသားစုနဲ့ အတူနေချင်လို့ ရုပ်ရှင်ရိုက်ကူးရေး ခေတ္တနားထားတဲ့ မင်းသား ခရစ်ဟမ်းစ်ဝေါ့သ်  

မိသားစုနဲ့ အတူနေချင်လို့ ရုပ်ရှင်ရိုက်ကူးရေး ခေတ္တနားထားတဲ့ မင်းသား ခရစ်ဟမ်းစ်ဝေါ့သ်   

လော့စ်အင်ဂျလိစ်၊ ဇွန် ၅

မင်းသား ခရစ်ဟမ်းစ်ဝေါ့သ်က မည်သည့်ရုပ်ရှင်မှမရိုက်ဘဲ ခေတ္တအနားယူနေသော်လည်း ရုပ်ရှင်နှစ်ခုရိုက်ကူးရန် အစီအစဉ်ရှိသည့်အကြောင်း ထုတ်ပြောလာခဲ့သည်။ ကလေးသုံးဦးဖခင် အသက် (၃၅)နှစ်အရွယ်မင်းသားသည် မိသားစုနှင့်အတူ အချိန်ဖြုန်းရန် ယခုနှစ်အတွင်း ရိုက်ကူးရေးကို ခေတ္တနားထားကြောင်း သြစတြေးလျ၏ Daily Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။

၎င်းင်းက ''အခုနှစ်မှာ ကျွန်တော် ဘာဆိုဘာမှ ရိုက်မှာမဟုတ်ပါဘူး။ ကျွန်တော့်ကလေးတွေနဲ့အတူ အခုလိုမျိုး အိမ်မှာအတူရှိချင်လို့ပါ။ သူတို့တွေက အရမ်းအရေးကြီးတဲ့အရွယ်ရောက်နေပါပြီ။ သူတို့တွေဟာ ငယ်ပါသေးတယ်။ ကျွန်တော်အရင်ကထက် အပြင်ပိုထွက်လာတာကို သူတို့တွေလည်း သတိထားမိပါတယ်''ဟုဆိုသည်။ imdb မီဒီယာ၏ အဆိုအရ မင်းသားခရစ်သည် Hulk Hogan ၏ အတ္ထုပ္ပတ္တိရုပ်ရှင်တွင် သရုပ်ဆောင်မည့်အပြင် ''Down Under Cover''  ရုပ်ရှင်တွင် ထုတ်လုပ်သူနှင့် သရုပ်ဆောင်အဖြစ် ပါဝင်ဦးမည်ဟုသိရသည်။


၂ဝဝ၄ ခုနှစ်တွင် အနုပညာလုပ်ငန်းများ စတင်ခဲ့ချိန်၌ မိသားစုအတွက် ငွေရှာပေးနိုင်ရန် ဇာတ်ကောင် များအတွက် လူရွေးပွဲများစွာကိုဝင်ခဲ့သော်လည်း အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရသည်ဟုဆိုသည်။ ၂ဝ၁၁ ခုနှစ်တွင် မိုးကြိုးနတ်ဘုရား Thor အဖြစ် ပါဝင်ရန် ဖြစ်လာခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ ၎င်းင်းက ''ကျွန်တော်သရုပ်ဆောင် စလုပ်ရတဲ့အကြောင်း အရင်းကတော့ ရုပ်ရှင်နဲ့ ရုပ်သံကိုချစ်လို့ပါ။ ကျွန်တော့်မှာ ပိုက်ဆံမရှိတော့တာလည်း ပါဝင်ပါတယ်။ ကျွန် တော်က GI Joe ရုပ်ရှင်မှာလည်း ပါဝင်ဖို့နီးစပ်ခဲ့တယ်။ X-men ရုပ်ရှင်တွေမှာ ပါဝင်ဖို့နီးစပ်ခဲ့တယ်။ ပိုက်ဆံပြတ်သွားလို့ စိတ်မကောင်းလည်းဖြစ်ခဲ့ရတယ်။ တကယ်လို့သာ အဲ့ဒီဇာတ်ကောင်နှစ်ခုထဲက တစ်ခုကိုသာသရုပ်ဆောင်ဖြစ်မယ်ဆိုရင် X-men အဖြစ် ကျွန်တော်သရုပ်ဆောင်ဖြစ်တော့မှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

Ref:contactmusic

 #democracytoday

 

 

Rate this item
(0 votes)
back to top