HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဂီတပညာရှင်ဖြစ်လာတဲ့ ရီဟားနား  

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဂီတပညာရှင်ဖြစ်လာတဲ့ ရီဟားနား   

လော့စ်အိန်ဂျလိစ်၊ ဇွန် ၅

အဆိုတော်၊ မိတ်ကပ်စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ဒီဇိုင်နာနှင့် ထိပ်တန်းဖက်ရှင်ကုမ္ပဏီကို ထူထောင်နိုင်သည့် ပထမဆုံး လူမည်းအမျိုးသမီးရီဟားနားသည် ဒေါ်လာသန်း ၆ဝဝ ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဂီတပညာရှင်ဖြစ်လာခဲ့ ကြောင်း Forbes မဂ္ဂဇင်းက ဇွန် ၄ ရက်တွင် ပြောဆိုခဲ့သည်။ ဘာဘာဒို့စ်နိုင်ငံတွင် မွေးဖွားခဲ့သည့် အသက် (၃၁) နှစ်အရွယ် အဆိုတော်သည် ဒေါ်လာသန်း ၅၇ဝ ပိုင်ဆိုင် သော မက်ဒေါနား၊ ဒေါ်လာသန်း ၄၅ဝ ပိုင်ဆိုင်သော စလင်းဒီယွန်နှင့် ဒေါ်လာသန်း ၄ဝဝ ပိုင်ဆိုင် သော ဘီယွန်းစေးတို့၏ချမ်းသာမှုများကို ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။

ရီဟားနား၏ ပိုင်ဆိုင်မှုတန်ဖိုးတိုးတက်လာခြင်းသည် ၂ဝ၁၆ ခုနှစ်တွင်ထွက်ရှိခဲ့သည့် 'Work' သီချင်းစာသားထဲမှအတိုင်း အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ၂ဝဝ၃ ခုနှစ်တွင် ဂီတလောကထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ရွှေလမ်းခရီးကိုလျှောက်လှမ်းနိုင်ခဲ့သည့်အပြင် ပြင်သစ်ဇိမ်ခံကုမ္ပဏီ LVMH နှင့်ပူးတွဲပိုင်ဆိုင်သည့် Fenty Beauty မိတ်ကပ်ကိုလည်း ထုတ်လုပ်နိုင်ခဲ့သည်။ နာမည်ကျော်ကြားမှုနှင့်အတူ စီးပွားရေးလုပ်ငန်းမှ ၁၅ လတာကာလတွင်းရရှိခဲ့သည့် ငွေကြေးမှာ ဒေါ်လာသန်း ၅၇ဝ ရှိခဲ့သည်ဟုလည်းဆိုသည်။


၎င်းင်း၏ငွေဝင်သည့်အဓိကလမ်းကြောင်းမှာ နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်ခြင်းနှင့် ဂီတသီချင်းထုတ်လုပ်ခြင်းတို့ကြောင်းဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြသော်လည်း Savage X Fenty အတွင်းခံပစ္စည်း ထုတ်လုပ်မှုကြောင့်လည်းဖြစ်သည်ဟုဆိုသည်။ ပြီးခဲ့သည့်မေလတွင် ဇိမ်ခံဖက်ရှင် Brand တစ်ခုကို LVMH ပူးပေါင်းကာ မိတ်ဆက်ခဲ့ပြီး ယင်း Brand တွင် အဝတ်အထည်၊ ဖိနပ်နှင့် ဆက်စပ်ပစ္စည်းများပါ ဝင်သည်။

Ref:Bangkokpost

#democracytoday

Rate this item
(0 votes)
back to top