HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'အယူတော်မင်္ဂလာ' ရုပ်ရှင်ဇာတ်ကားနှင့် အနုပညာရှင်အချို့၏ စကားသံ  

'အယူတော်မင်္ဂလာ' ရုပ်ရှင်ဇာတ်ကားနှင့် အနုပညာရှင်အချို့၏ စကားသံ   

ဒါရိုက်တာညိုမင်းလွင် ရိုက် ကူးပုံဖော်ထားသော ''အယူတော် မင်္ဂလာ''ရုပ်ရှင်ဇာတ်ကားကို ဇွန် ၆ ရက်တွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဇာတ်ကားတွင် သ ရုပ်ဆောင် မြင့်မြတ်၊ ရန်အောင်၊ ခင်လှိုင်၊ ငြိမ်းချမ်းကျော်၊ရဲရင့်သွေး၊ နန်းဆုဦး၊ ပိုးအိအိခန့်၊ ထားထက်ထက် အစရှိသည့် သရုပ်ဆောင် များ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းအား ဓနုတ်ကိုကိုဇော်မှ ရေးသားထားကြောင်း သိရသည်။  ယင်းဇာတ်ကားအထူးပွဲပြသ ခြင်းကို ဇွန် ၄ ရက် ညနေက Junction City တွင်ပြုလုပ်ခဲ့ရာ အ ဆိုပါအနုပညာရှင်အချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ ညိုမင်းလွင်

ဒီဇာတ်ကားရဲ့အဓိက ဇာတ်လမ်းကတော့ လူလိမ်တွေရဲ့အ ကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ကျွန်တော်အ ရင်ကလည်း ''မိုက်ကြေးခွဲသူများ''ဆိုပြီး ရိုက်ခဲ့ဖူးပါတယ်။ English ဇာတ်ကား'' Now You See Me '' ဇာတ်ကားနဲ့တူနေတယ်လို့ ပြော တာလည်းမမှားပါဘူး။ ဒါပေမဲ့''Now You See Me''ဇာတ်ကားက ပြောရရင်နောက်ကျပါတယ်။ အဲဒီ ဇာတ်ကားထက်ရှေ့ပိုကျတဲ့ ဇာတ် ကားရှိပါတယ်။ ပြောရရင် ဒီဇာတ်ကားက   Now You See Me နဲ့ တော့ သိပ်မဆိုင်ပါဘူး။ ဒါပေမဲ့ လူလိမ်ဇာတ်ကားဆိုတော့ တူချင် လည်းတူနေမှာပေါ့။ ပြောလို့တော့ မရပါဘူး။ ဒီဇာတ်ကားက နှစ်နာရီ ကျော်ကြာကြည့်ရတဲ့အချိန်မှာ တော့ စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်လိမ့်မယ်။ ဇာတ်ကားပြီး သွားရင်တော့ ပြီးသွားပြီ။ ပဟေ ဠိတွေဝှက်ထားတာမရှိတော့ဘူး။ တွေးစရာတွေလည်း ကျန်မှာ မဟုတ်ပါဘူး။


သရုပ်ဆောင် ခင်လှိုင်

ဒီဇာတ်ကားလေးက လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ရိုက်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန် တော့်ဇာတ်ကောင်ကတော့ ဖိုက်တာတစ်ယောက်ဖြစ်တယ်။နည်း နည်းလည်း ပျော်တတ်တဲ့သူတစ် ယောက်ရဲ့ ကာရိုက်တာမျိုးအဖြစ် ပါဝင်ပါတယ်။ ဇာတ်ကားရိုက် တုန်းက အမှတ်တရဆိုရင်တော့ သရုပ်ဆောင်သစ်ဖြစ်တဲ့ ငြိမ်းချမ်းကျော်မှာရှိနေတဲ့ရောဂါကို ကျွန်တော်တို့ကမသိပါဘူး။ ကားရိုက်နေရင်းနဲ့ နေကလည်းအရမ်းကိုပူနေတဲ့အချိန်မှာ သူကချွေး တွေလည်း အရမ်းကိုထွက်နေပါတယ်။ သူ့မှာကဆားဓာတ်နည်း တဲ့ရောဂါမျိုးရှိနေတာကိုလည်း ကိုယ် တွေကမသိဘူး။ သရုပ်ဆောင်နေ ရင်းနဲ့သူကယိုင်နေတော့ နောက် နေတယ်ထင်ပြီး ပထမတော့ စိတ်ဆိုးမိသေးတယ်။ ပြီးတော့မှ သူကလဲကျသွားတယ်။ အဲဒီကျမှ ကျွန် တော်တို့လည်းသိရတာ။ အဲဒါ လေးကတော့ အမှတ်တရဖြစ်ပါ တယ်။


သရုပ်ဆောင် ထားထက်ထက်

ညီမက ဒီဇာတ်ကားထဲမှာ အကြားအမြင်ဆရာမဗေဒင်ဆရာမ အဖြစ် သရုပ်ဆောင်ရပါတယ်။ အဝတ်အစားပိုင်းတွေနဲ့ပတ် သက်ပြီးတော့လည်း တော်တော် လေးကို ပြင်ဆင်ရပါတယ်။ ကိုယ် တိုင်လည်း ဒီကာရိုက်တာကို သရုပ် မဆောင်ဖူးတော့ တကယ်လုပ်ရ တဲ့အပိုင်းတွေမှာ တော်တော်လေး ရင်ခုန်ပါတယ်။ လေ့လာရတဲ့အ ပိုင်းတွေကလည်း ကိုယ်လည်းအ ရင်က ဒီလိုအပြင်မှာ ဗေဒင်တွေ မေးဖူးတော့ သိထားတာလေးတွေ လည်း ရှိတယ်။ အသစ်ထပ်ပြီးတော့ သွားပြီး လေ့လာရတာလေးတွေ လည်းရှိပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top