HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မိခင်ရဲ့ တိုက်တွန်းမှုကြောင့် 'Lion King' ရုပ်ရှင်မှာ ပါဝင်ဖြစ်ခဲ့တဲ့ ဘီယွန်းစေး  

မိခင်ရဲ့ တိုက်တွန်းမှုကြောင့် 'Lion King' ရုပ်ရှင်မှာ ပါဝင်ဖြစ်ခဲ့တဲ့ ဘီယွန်းစေး   

လော့စ်အိန်ဂျလိစ်၊ ဇွန် ၅

ဘီယွန်းစေးသည် ¤င်းမိခင်၏တိုက်တွန်းချက်ကြောင့် The Lion King ရုပ်ရှင်တွင် နာလာအဖြစ်ပါဝင်ဖြစ်ခဲ့ကြောင်းသိရသည်။ အသက် (၃၇) နှစ်အရွယ်အဆိုတော်သည် မကြာမီ ရုံတင်တော့မည့် Disney ရုပ်ရှင်တွင် နာလာအဖြစ် အသံသရုပ် ဆောင်ထားပြီး ဘီယွန်းစေး၏မိခင် တီနာနိုးလဲစ်လောဆန်က ယင်းရုပ်ရှင်သည် သမီးဖြစ်သူ၏ငယ်ဘဝတွင် ကြီးမားသောအခန်း ကဏ္ဍမှပါဝင်ကြောင်း ပြောဆိုခဲ့သည်။

၎င်းင်းက ''ကျွန်မရဲ့ကလေးတွေ (ဘီယွန်းစေးနဲ့ ဆိုလန့်)နဲ့ ကျွန်မတို့ဟာ The Lion King  ရုပ်ရှင်ကို အကြိမ် (၃ဝ) လောက် ကြည့်ခဲ့ကြတယ်။ ဒါကြောင့် နာလာနေရာမှာ အသံသရုပ်ဆောင်ဖို့ ကျွန်မက သမီးကို အတင်းတိုက်တွန်းခဲ့တယ်။ ကျွန်မလည်း ရုပ်ရှင်ကိုကြည့်ပြီး ငိုခဲ့ရတယ်''ဟုပြောဆိုခဲ့တယ်။ မိခင်တီနာက ရုပ်ရှင်အတွက်ဖန်တီးနေသည့် ဘီယွန်းစေး၏ သီချင်းအချို့ကိုလည်း ကြားခဲ့ရပြီးဖြစ်သည်ဟုလည်း ဆိုသည်။


ဘီယွန်းစေး၏ Destiny's Child အဖွဲ့ဝင်အဆိုတော် မီရှဲလ် ဝီလီယံက ရုပ်ရှင်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ကိုပြောဆိုရန်ငြင်းဆိုခဲ့သော်လည်း ယင်းရုပ်ရှင်ကိုကြည့်ရှုရန် မ စောင့်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်။ ဒါရိုက်တာ ဂျွန်ဖက်ရုက လည်း ဘီယွန်းစေး၏ အံ့သြဖွယ်ကောင်းသောတင်ဆက်ပုံကို ချီး ကျူးခဲ့သည်။ The Lion King  ရုပ်ရှင်တွင် ခြင်္သေ့ကြီး စကား အဖြစ် မင်းသားချီဝပ်တဲ အီဂျီဖော၊ ခြင်္သေ့လေး ဆင်ဘာအဖြစ် မင်းသားဒေါ်နယ်ဂလိုဗာတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြ သည်။ 

Ref:asiaone

#democracytoday

Rate this item
(0 votes)
back to top