HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဇွန် ၂ဝ ရက်မှာ စစ်မှုထမ်းတော့မယ့် B1A4 အဖွဲ့ဝင် ဂျင်ယောင်း  

ဇွန် ၂ဝ ရက်မှာ စစ်မှုထမ်းတော့မယ့် B1A4  အဖွဲ့ဝင် ဂျင်ယောင်း   

ဆိုးလ်၊ ဇွန် ၅

B1A4 အဖွဲ့ဝင် ဂျင်ယောင်း၏ စစ်မှုထမ်းဆောင်မည့်ရက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန် ၅ ရက်တွင် LINKÄ အင်တာတိန်းမန့်မှ သတင်းရင်းမြစ်တစ်ခုက ''ဂျင်ယောင်းဟာ စစ်တပ်လူ့စွမ်းအားစီမံခန့်ခွဲရေးဌာနကနေ အကြမ်းဖျင်းသတိပေးချက်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ သူဟာ ဇွန် ၂ဝ ရက်မှာ တပ်သားစုဆောင်းမှုလေ့ကျင့် ရေးစင်တာကို ဝင်ရောက်ရမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အခြေခံစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ပြီးနောက် ဂျင်ယောင်းသည် ပြည်သူ့ဝန် ဆောင်မှုလုပ်သားတစ်ဦးအနေဖြင့် စစ်မှုထမ်းဆောင်မည်ဖြစ်သည်။ ၎င်းင်းသည် ဒရာမာ ရိုက်ကူးရေးနှင့် ဖျော်ဖြေပွဲများမှရရှိသောဒဏ်ရာများကြောင့် ၎င်းင်း၏ ညာဘက်ပခုံးအဆစ်နာကျင်မှုကို ခံစားခဲ့ရသည်။ ယင်းကြောင့် ၎င်းင်းသည် စစ်တပ်လူ့စွမ်းအား စီမံ ခန့်ခွဲရေးဌာန၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်တွင် အဆင့်လေးသတ်မှတ်ခံခဲ့ရပြီး တာဝန်ကျစစ်သား အဖြစ် တာဝန်ထမ်းဆောင်ရန် ကြံ့ခိုင်ခြင်းမရှိဟု ဆိုသည်။


ဂျင်ယောင်းသည် ၎င်းင်း၏စစ်မှုထမ်းတာဝန်ကို စိတ်အားထက်သန်စွာ ဖြည့်ဆည်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း အေဂျင်စီက ဆိုသည်။ တိတ်တဆိတ်သာ တာဝန်ထမ်းဆောင်လိုသည့်အတွက် ၎င်းင်း၏ စစ်မှု ထမ်းမည့်အချိန်နှင့် နေရာကို ကြေညာမည်မ ဟုတ်ပေ။

Ref:Ref:soompi

#democracytoday

Rate this item
(0 votes)
back to top