HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကေတီပယ်ရီက ဂီတဗီဒီယိုအတွက် မျက်နှာမှာအပ်စိုက်ပြီး သရုပ်ဆောင်ခဲ့  

ဟောလိဝုဒ်၊ ဇွန် ၁

နာမည်ကျော် အမေရိ ကန်အဆိုတော် ကေတီပယ်ရီ ဟာ သူမရဲ့ နောက်ဆုံးထွက် သီချင်း Never  Really Over  ရဲ့ ဂီတဗီဒီယို ကို ထွက်ရှိခဲ့ ပြီး ဒီဗီဒီယို မှာ ကေတီဟာ မျက်နှာမှာ ပင်အပ် တွေစိုက်ပြီး အံ့အားသင့် စဖွယ် သရုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ ၃၁ ရက် သန်းခေါင်အချိန်မှာမှ ထွက်ရှိခဲ့တဲ့ ယင်းဂီတဗီဒီယိုဟာ You Tube  မှာ နှစ်ရက် ခွဲအတွင်း ကြည့်ရှုသူ သန်းနဲ့ချီရှိနေပါပြီ။

ဆက်လက်ဖတ်ရှုရန် ...

ရောဘတ်ပတ်တီဆန်က ဘတ်မန်းအဖြစ် သရုပ်ဆောင်တော့မယ်လို့ သတင်းထွက်  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁

နာမည်ကျော် Twilight  ရုပ်ရှင်မှ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ရောဘတ် ပတ်တီဆန်ဟာ သူရဲ့ဇာတ်ကောင်အသစ် သရုပ်ဆောင်မှုအဖြစ် ဘတ်မန်းဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ လက်ခံလိုက်ကြောင်း ဇွန် ၁ ရက်မှာ သတင်းထွက်ပေါ်လာတယ်။ သူ သရုပ်ဆောင်ဖို့ လက်ခံလိုက်ကြောင်း သတင်းကို တွဲဖက်သရုပ်ဆောင်မယ့် အခြား သရုပ်ဆောင်တွေဖြစ်တဲ့ နီကိုလ်ပ်စ်ဖော့တ် နဲ့ ကာပဒ်ခရူဆက်ဒါတို့ကလည်း ထောက်ခံ ခဲ့ကြပါတယ်။ အသက် (၃၃)နှစ်အရွယ် ပတ်တီဆန် ဟာ Twilight ဇာတ်ကားက သွေးစုပ်ဖုတ် ကောင် ကာရိုက်တာမှာလည်း ပျိုတိုင်းကြိုက် တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တာမို့ ယခု လူမှုဝန်းကျင် အကျိုးပြု စူပါဟီးရိုးဘတ်မန်းဇာတ်ရုပ်မှာ လည်း ဒါရိုက်တာ Matt Reeves ရဲ့ ပုံဖော် မှုနဲ့အတူ လူကြိုက်များဦးမှာပဲလို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အင်စတာဂရမ်မှာ ဖော်လိုဝါ သန်း ၂ဝ ပြည့်သွားပြီဖြစ်တဲ့ Lisa

ဆိုးလ်၊ မေ ၃၁

ကမ္ဘာကျော် ကေပေါ့ပ်အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့မှ အဖွဲ့ဝင် Lisa ဟာ အင်စတာဂရမ်မှာ မေ ၂၉ ရက်က ဖော်လိုဝါ သန်း ၂ဝ ပြည့်သွားပြီလို့ all k Pop သတင်းအရ သိရပါတယ်။ သူမဟာ အဖွဲ့အမည်နဲ့မဟုတ်ဘဲ ကိုယ်ပိုင်အင်စတာဂရမ်အကောင့်ကို ၂ဝ၁၈ ခုနှစ် ဇွန်လမှာ စဖွင့်ခဲ့ပြီး တစ်နှစ်မပြည့်ခင်မှာဘဲ ဖော်လိုဝါ သန်း ၂ဝ ရခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်ကတည်းက Lisa  ဟာ ဖော်လိုဝါ အများဆုံး K Pop Star  တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်နေခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အကူအညီရဖို့ လူမှုကွန်ရက်မှာ အိုဟာရာ ငိုပြခဲ့ဟု စိတ်ကုဆရာဝန်ပြော  

ဆိုးလ်၊ မေ ၃၁

တောင်ကိုရီးယားနိုင်ငံမှ နာမည်ရ လူငယ်အမျိုးသမီးသရုပ်ဆောင်နဲ့ အဆိုတော် အိုဟာရာရဲ့ လူမှုကွန်ရက်ကပိုစ့်တွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီးပြောရရင် သူမဟာ အကူအညီလိုလို့ ငိုပြနေတာလို့ယူဆရကြောင်း စိတ်ရောဂါအထူးကုပညာရှင် ကင်မ်ဒေါင်ဂျူ က မေ ၃ဝ ရက်မှာ MBC ရုပ်သံမှ Selection TV အစီအစဉ်ရဲ့ မေးမြန်းခန်းမှာ ပြောကြား လိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အင်ဒိုနီးရှားမှာ Bahasa သင်ယူနေတဲ့ ခရစ္စဟမ်းဝေါ့သ်  

ဘာလီ၊ မေ ၃၁

ကမ္ဘာကျော် ''Thor'' ရုပ်ရှင်မှ အဓိကသရုပ်ဆောင်မင်းသား ခရစ္စဟမ်းဝေါ့သ်ဟာ အင်ဒိုနီးရှားနိုင်ငံက ကျောင်းတစ်ခုမှာ အင်ဒိုနီး ရှားနိုင်ငံသုံး ဘာသာစကား Bahasa ကို သင်ယူနေကြောင်း လူမှုကွန်ရက်မှာ ပိုစ့်တင်လိုက်ပြီး ၎င်းင်းရဲ့ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ ပါတယ်။ သူက အင်စတာဂရမ်မှာ ဘာလီကျွန်းမှာ ဂိမ်းဆော့နေတဲ့ပုံနဲအတူ''သိပ်ကောင်းတာပဲ။ ကျေးဇူးပါ''။ Bagus sekali  (တအားကျေနပ် စရာပါ)''ဆိုတဲ့ Bahasa ဘာသာနဲ့ စာသားကို အတူတွဲတင်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ဥပဒေရေးရာ ဒရာမာတစ်ခုမှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ မင်းသမီးဆောင်းဟေဂို  

ဆိုးလ်၊ မေ ၃ဝ

ကိုရီးယားမင်းသမီး ဆောင်းဟေဂိုသည် ရုပ်သံဒရာမာတစ်ခုတွင်ပါဝင်ရန် ဆွေးနွေး နေကြောင်း သိရသည်။ မေ ၃ဝ ရက်တွင် ထွက်ပေါ်လာသောသတင်းအရ မင်းသမီး ဆောင်းဟေဂိုနှင့် မင်းသားဂျိုဂျီဟွန်းတို့သည် 'Hyena ' အမည်ရှိ ဒရာမာတွင် ပါဝင်လာနိုင်ခြေရှိသည်ဟုဆိုသည်။ မင်းသမီးဆောင်း၏အေဂျင်စီမှ သတင်းရင်း မြစ်တစ်ခုက ''ဆောင်းဟေဂိုဟာ Hyena အတွက် ကမ်းလှမ်းချက်တစ်ခုကို လက်ခံ ရရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ 

ဆက်လက်ဖတ်ရှုရန် ...

''ကလေးကြောင့် အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ တော်တော်လေး အချိန်ယူရဦးမယ်'' သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ကလေးမွေးပြီးရင်အမြန်ဆုံး အလုပ်ပြန်လုပ်နိုင်မယ်လို့ စဉ်းစားထား ပေမယ့် ကလေးမျက်နှာလေးကိုကြည့်ပြီးတော့ သူ့အနားက မခွာချင်ဘူးဖြစ် နေတယ်ဆိုတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းနဲ့တွေ့ဆုံမေးမြန်းခြင်း..။

မေး။ ။သားလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။သားသားမွေးတာ အခုဆိုရင်တော့ တစ်လကျော်ပါပြီ။ နာမည် ကတော့ လောလောဆယ်မှာ အိမ်နာမည်လေးပဲပေးထားတာရှိပါတယ်။ မွေးတုန်းကလည်း အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။ စီစဉ်ထားတဲ့အတိုင်း အကုန်အဆင်ပြေပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

'ပရိသတ်တွေ နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် သည်းခံပြီး အားပေးခဲ့လို့သာ မြန်မာ့ရုပ်ရှင်က တည်တံ့ခိုင်မြဲခဲ့တာပါ' ဇင်ဝိုင်း

မြန်မာရုပ်ရှင် နှစ် ၁ဝဝ ပြည့်သည် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်၌ ကျ ရောက်မည်ဖြစ်ရာ ¤င်းရာ ပြည့်ပွဲတော်ကျင်းပသွားမည့် အကြောင်းအရာများနှင့်ပတ် သက်သည်များကို မြန်မာနိုင် ငံရုပ်ရှင်အစည်အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် ယခုလိုတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ပွဲလုပ်ဖို့အတွက် ပထမအကြိမ်အစည်း အဝေးကို လုပ်ခဲ့ ပြီးပြီဆိုတော့ ရှေ့ဆက်ပြီး တော့ ဘာ တွေ ဆက်လုပ်သွားဖို့ ရှိမလဲ။

ဖြေ။ ။ကျွန်တော်တို့ လာမယ့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ဆို ရင် မြန်မာရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပါပြီ။ ဒီနှစ် ၁ဝဝ ပြည့်ပွဲတော်ကို အဓိပ္ပာယ်ရှိရှိ ဘယ်လို ကျင်းပမလဲဆိုတဲ့ အကြံဥာဏ်ရ ယူတဲ့ပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။ အခုအချိန် မှာတော့ အကြံဉာဏ်ရယူ ပြီးပြီဆိုတော့ ဒီအကြံÓဏ် တွေကို စုစည်းပါမယ်။ ပြီး ရင်လိုအပ်တဲ့ ကော်မတီတွေ ဖွဲ့ပါမယ်။ အကြံÓဏ်ဆိုတာ ကလည်း ဖြစ်ချင်တာတွေကို စုစည်းထားတာဖြစ်တာကြောင့် ကျွန်တော်တို့ အဲဒီအထဲကမှ ဘာကအဖြစ်သင့်ဆုံးလဲဆိုတာ ကို ပြန်လည်ရွေးချယ်ရမှာဖြစ်ပါ တယ်။ တချို့ကိစ္စတွေက ကျွန် တော်တို့လုပ်လည်းလုပ်ချင်တယ်။ လုပ်လည်းလုပ်သင့်ပေမယ့် ငွေ ကြေးမတတ်နိုင်တဲ့ အပိုင်းလေး တွေလည်း ရှိကောင်းရှိနိုင်ပါ တယ်။ ဒါမျိုးတွေကိုတော့ နောက် ဆွေးနွေးပွဲတွေမှာလည်း ထပ်ပြီး တော့ဆွေးနွေးဖို့တွေရှိပါတယ်။

ဆက်လက်ဖတ်ရှုရန် ...