HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဟာရီကိန်း မာရီယာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပွာတိုရီကိုနိုင်ငံသို့ ဒေါ်လာ တစ်သန်း ဂျနီဖာလိုပက်ဇ် လှူဒါန်း

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ၂၆

 

ပွာတိုရီကိုနိုင်ငံတွင် ဟာရီကိန်း မုန်တိုင်းမာရီယာကြောင့် ထိခိုက် ခံစားခဲ့ရသူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်က ဒေါ်လာတစ်သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

Dior ဖက်ရှင်နဲ့ ကြော့ကြော့မော့မော့ လှခဲ့တဲ့ ဂျနီဖာလောရင့်စ်

ပဲရစ်၊ စက်တင်ဘာ ၂၄

မင်းသမီးဂျနီဖာလောရင့်စ် သည် Dior ဖက်ရှင်ကုမ္ပဏီထုတ် အ၀တ်အစားများဖြင့် ထိုကုမ္ပဏီ၏ အခမ်းအနားတစ်ခုတွင် ကြော့ ကြော့မော့မော့လှပခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက် Inquisitr သတင်းက ဆိုသည်။ အတန်အသင့်ကြီးမား သော နေကာမျက်မှန်၊ ဖိနပ် အရှည်၊ စကတ်ပါးပါးဖြင့်လှပ နေသော ဂျနီဖာလောရင့်စ် သည် လိမ္မော်ရောင်အကွက် များပါသည့် လက်ကိုင်အိတ် နှင့်အတူ ပါရီမြို့တွင်ကျင်းပ သည့် ဖက်ရှင်ပြပွဲတစ်ခုသို့ တက်ရောက်လာခြင်းဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အော်လန်ဒိုဘလူးမ် ကေတီပယ်ရီနဲ့ ပြန်တွဲ

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၄

ယခုနှစ်ထဲတွင် အသက်(၄၀) ပြည့်မည်ဖြစ်သော်လည်း မပျက်စီး သေးသော မင်းသားအော်လန်ဒို ဘလူးမ်သည် အဆိုတော်ကေတီ ပယ်ရီနှင့်ပြန်တွဲလျက်ရှိကြောင်း၊ စက်တင်ဘာ ၂၄ ရက် Inquisitr သတင်းက ဆိုသည်။ ကေတီပယ်ရီနှင့် ပြန်တွဲသ ဖြင့် သတင်း စာခေါင်းကြီး ပိုင်းများ တွင် နေရာယူခဲ့သော အော်လန်ဒို ဘလူးမ်သည် အလေးမ လေ့ကျင့် နေသည့် ဗီဒီယိုတစ်ခုကိုလည်း အင်စတာဂရမ်တွင် တင်ခဲ့သည်။ သာမန်အားဖြင့်ဆိုသော် အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးသည် အလေးမသည့်လေ့ ကျင့်ခန်း လုပ်လေ့ မရှိပါ။ သို့သော် အသက်ကြီးသော် လည်း မပျက်စီးချင်သေးသည့် အော်လန်ဒိုဘလူးဖ်သည် ကိုယ် ခန္ဓာကြည့်ကောင်းစေရန်နှင့် ကျန်း မာကြံ့ခိုင်စေရန် အတွက် အလေး မနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ခြေနှစ်ဖက် ဆုံးရှုံးလိုက်ရသော်လည်း ကမ္ဘာဆုံးအောင် လျှောက်မည့်သူ Stronger ရုပ်ရှင်

ဒါရိုက်တာ - ဒေးဗစ် ဂေါ်ဒန် ဂရင်း
ဇာတ်ညွှန်း - ဂျွန် ပိုလိုနို၊ ဂျက်ဖ် ဘောင်မန်း
သရုပ်ဆောင် - ဂျိတ်ခ် ဂိုင်လန်ဟားလ်၊ တာတီနာ မာစ်လန်နီ၊ မီရန်ဒါ ရစ်ချက်ဆန်
ပြသချိန် - ၁၁၆ မိနစ်
နိုင်ငံ - အမေရိကန်


ယခုသီတင်းပတ်မှစတင်ကာ နိုင်ငံတကာရှိရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည့် အတ္ထုပ္ပတ္တိ၊ ဒရမ်မာ ရုပ်ရှင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁၅ ရက်၊ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့တွင်ပြုလုပ်သော မာရသွန် ပြိုင်ပွဲတစ်ခု၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် လူ ၃ ဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်ဆိုးကို နောက်ခံထား ခြယ်မှုန်းထားသည့် ရုပ်ရှင်ဖြစ်သည်။

စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် တိုရန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်လည်း ပွဲဦးထွက်ပြသခဲ့ပြီးဖြစ်သည်။ မာရသွန်ပြိုင်ပွဲတွင် ဗုံးပေါက်ကွဲမှု ကြောင့် ခြေထောက်နှစ်ဖက် ဆုံးရှုံးလိုက်ရသော ဂျက်ဖ် ဘူမန်းအမည်ရှိ အမျိုးသားတစ်ဦး၏ ဒုက္ခိတအဖြစ် ရုန်းကန်ရသည့်ဘဝအခြေအနေနှင့် ဖြစ်ရပ်ဆိုးကြောင့် ဘဝတစ်ခုလုံးလဲပြိုခဲ့ခြင်းမရှိဘဲ အားကြိုးမာန်တက် ကြိုးစားခဲ့သဖြင့် ကမ္ဘာတစ်ဝန်းမှ လူအများ၏ ချီးကျူးမှု ရရှိခဲ့ပုံကိုစိတ်ဝင်စားဖွယ် ရိုက်ကူးထားသည်။

ဆက်လက်ဖတ်ရှုရန် ...