HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

စွန့်ပစ်ခံ ကလေးငယ်များကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် ဂေဟာတစ်ခု ဆောက်လုပ်သွားမည်ဟု ခိုင်နှင်းဝေပြော  

စွန့်ပစ်ခံကလေးငယ်များကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် အတွက် ဂေဟာတစ်ခုကို ယခုနှစ် အတွင်းဆောက်လုပ်နိုင်ရန် ကြိုး စားနေကြောင်း ခိုင်နှင်းဝေ ပရဟိ တအသင်းတည်ထောင်သူ သရုပ် ဆောင် ခိုင်နှင်းဝေကပြောသည်။ ယခုလက်ရှိတွင် ကလေးငယ် ၁၅ ဦးကိုပြုစုစောင့်ရှောက်လျက် ရှိနေပြီး ကလေးငယ်များကို ပိုမို လက်ခံနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆယ်ကျော်သက်အရွယ်မှာ ပထွေးရဲ့ အနိုင်ကျင့်စော်ကားမှုကို ခံခဲ့ရတဲ့ အယ်လန်ဒီဂျန်နာ  

လော့စ်အိန်ဂျလိစ် မေ ၂၉

ဟာသပညာရှင်နှင့် အစီအစဉ်တင်ဆက်သူ အယ်လန်ဒီဂျန်နာက ၎င်းင်းဆယ်ကျော်သက်အရွယ်က ပထွေးဖြစ် သူ၏အနိုင်ကျင့်စော်ကားခံခဲ့ရမှုအကြောင်း အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့သည်။ လာမည့် မေ ၃၁ ရက်တွင် အမေရိကန်၌ စတင် ပြသတော့မည့် Netflix  စီးရီး ''My Next Guest Needs No Introduction'' ၏ဒုတိယမြောက် Season အတွက် အင်တာဗျူးတစ်ခုတွင် ယင်းအတွေ့အကြုံအ ကြောင်း ဒေးဗစ်လတ်တာမန်းကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

''ရုပ်ရှင်ရိုက်ကူးခွင့် ရပြီဆိုတော့ ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း ဆုတွေလည်းရအောင် ကြိုးစားသွားမှာပါ'' အောင်ရေချမ်း  

ကိုယ်ဖြစ်ချင်တဲ့အတိုင်းရော ပရိသတ်တွေဆုတောင်း ပေးတာကြောင့်ပါ ပထမဆုံးရုပ်ရှင်ဇာတ်ကားရိုက်ကူးခွင့် ရခဲ့တာဖြစ်ပါတယ်လို့ သရုပ်ဆောင် အောင်ရေချမ်းက ပြော ပါတယ်။  ''ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောရရင် ရုပ်ရှင်နယ် ပယ်ကိုသိပ်ပြီးတော့မသိပါဘူး။ ကျွန်တော်က ဇာတ်လမ်း တွဲရိုက်ကူးတဲ့နေရာမှာပဲ အချိန်ကုန်တာများပါတယ်။ ဇာတ် လမ်းတွဲမှာ ပရိသတ်တွေအားပေးခဲ့တာကြောင့် တော်တော် လည်း ဝမ်းသာရပါတယ်။ အခု ကျွန်တော်ဖြစ်ချင်တဲ့အတိုင်း ရော ကျွန်တော်ပရိသတ်တွေဆုတောင်းပေးတာကြောင့် လည်း အခုလို ရုပ်ရှင်ဇာတ်ကားကြီးရိုက်ပြီဆိုတော့ ကိုယ် တိုင်က အကောင်းဆုံးကြိုးစားပြီးတော့ ပရိသတ်တွေ ဖြစ် စေချင်တဲ့အတိုင်း ဆုတွေလည်းရအောင် ကြိုးစားသွားမှာပါ''လို့ သူကပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

လက်ထပ်ပြီးတဲ့နောက် ကြီးကြီးမားမား ပြောင်းလဲတာမရှိဘူးလို့ ဆောင်းဂျွန်ကီ ဆို

ဆိုးလ် မေ ၂၈

ကိုရီးယားမင်းသား ဆောင်းဂျွန်ကီက မင်းသမီးဆောင်းဟေဂိုနှင့် လက်ထပ်ခဲ့သည့်ဘဝအကြောင်း ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် မေ ၂၈ ရက်တွင်  tvN ရုပ်သံလိုင်းမှ မကြာမီထုတ်လွှင့်တော့မည့် 'Arthdal Chronicles' ဇာတ်လမ်းတွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဆိုးလ်မြို့တွင် ကျင်းပခဲ့သည်။ ယင်းပွဲတွင် မင်းသားဆောင်းက လက်ထပ်ပြီးသည့်နောက် ၎င်းင်း၏ဘဝတွင် ပြောင်းလဲမှုမရှိသည့်အကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အခု တစ်ပတ်အတွင်းမှာ အခွေသစ် ဖြန့်ချိတော့မယ့် မိုင်လီဆိုင်းရပ်စ်

လော့စ်အိန်ဂျလိစ်၊ မေ ၂၈

အဆိုတော် မိုင်လီဆိုင်းရပ်စ်သည် လာမည့် မေ ၃၁ ရက်တွင် 'She Is Coming' အမည်ရှိ အယ်လ်ဘမ်အသစ်ကို ဖြန့်ချိမည်ဖြစ်ကြောင်းသိရသည်။ အသက် (၂၆)နှစ်အရွယ် အဆိုတော်သည် ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Younger Now အယ်လ်ဘမ်နောက်ပိုင်း ပထမဆုံး ပြန်လည် ဖြန့်ချိမည့် အယ်လ်ဘမ်နှင့်ပတ်သက်၍ တွစ်တာတွင် မေ ၂၇ ရက်က ကြေညာခဲ့ပြီး ထွက်ရှိမည့်ရက်ကို အတည်ပြုခဲ့သည်။ ယင်းအယ်လ်ဘမ်တွင် အနုပညာရှင် ရူပေါလ်၊ ရက်ပ်အဆိုတော် ဆွဲလီ၊ ဂို့စ်ဖေ့စ် ကေးလာတို့နှင့်အတူ ပူးတွဲဖန်တီးထားသည့် သီချင်းများပါဝင်သည်ဟုလည်းဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

လက်ထပ်ပွဲ မကျင်းပမီ စိတ်ကျန်းမာရေး အဆင်ပြေကောင်းမွန်ဖို့ အဓိကထားတဲ့ ဂျက်စတင်ဘီဘာနဲ့ ဟာလေဘဲလ်ဝင်း

လော့စ်အိန်ဂျလိစ်၊ မေ ၂၈

ဂျက်စတင်ဘီဘာနှင့် ဟာလေဘဲလ်ဝင်းတို့သည် ၎င်းင်းတို့၏ လက်ထပ်ပွဲအစီအစဉ်မတိုင်မီ စိတ်ကျန်းမာရေး ကောင်းမွန်မှုကိုသာ အဓိကထားနေကြောင်း သိရသည်။ ၎င်းင်းတို့စုံတွဲနှစ်ဦးသည် ပြီး ခဲ့သည့် စက်တင်ဘာလတွင် လက်ထပ်မှတ်ပုံတင်ခဲ့သည့် တစ်နေ့တည်း ၌ပင် လျှို့ဝှက်မင်္ဂလာအခမ်းအနား တစ်ခုကိုကျင်းပခဲ့သော်လည်း မိသားစုနှင့် သူငယ်ချင်းများအတွက် ပိုမိုကြီးမားသည့် လက်ထပ်ပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေသည် ဟုလည်းဆိုသည်။ ၎င်းင်းတို့အတွက် မင်္ဂလာပွဲကို အကြိမ်ပေါင်းများစွာ ရက်ရွှေ့ခဲ့ပြီးသည့်နောက် သတင်းရင်းမြစ်များ၏ အဆိုအရ ၎င်းင်းတို့၏ မင်္ဂလာနေ့အတွက် မပြင် ဆင်မီဘီဘာက စိတ်ကျန်းမာရေး ကောင်းမွန်မှုကိုသာ အလေးထား ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအသစ်မှာ ပါဝင်လာမယ့် ဆောင်းဂျွန်ကီနဲ့ ကင်ထယ်ရီ

ဆိုးလ်၊ မေ ၂၇

မေ ၂၇ ရက်တွင် 'Lightning Ship' ရုပ်ရှင်ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ချိရေးကုမ္ပဏီ Merry Christmas u Huayi Tencent အင်တာတိန်းမန့်သည် ဝမ်ငါးဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းရုပ်ရှင်သည် စကြဝဠာကို နောက်ခံထားမည့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဖြစ်သည်။ ယင်းဇာတ်ကားတွင် မင်းသား ဆောင်းဂျွန်ကီ၊ မင်းသမီး ကင်ထယ်ရီနှင့် မင်းသား ဂျင်ဆောင်းဂျူတို့ ပါဝင်မည်ဟု အတည်ပြုလိုက် ပြီဖြစ်သည်။ ဒါရိုက်တာဂျိုဆောင်းဟီးက ရိုက်ကူးမည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

'မြန်မာကိုရောက်တဲ့ အချိန်တုန်းက ရွှေနဲ့လုပ်ထားတဲ့ ဘုရားကို တွေ့ခဲ့တယ်။ ကြည့်ရတာ အရမ်းကို ခမ်းနားတင့်တယ်တယ်' ကိုရီးယားသရုပ်ဆောင် Lee Go Yeon

ကိုရီးယား-မြန်မာခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ရည်ရွယ်ပြီး ကိုရီးယားသရုပ်ဆောင် Lee Go Yeon က မြန်မာနိုင်ငံမှာ ရိုက်ကူးရေးလာရောက်စဉ် အခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ ပါတယ်။ 

မေး- မြန်မာနိုင်ငံနဲ့ ဒီ Travel & Tour အတွက် ရိုက်ကူးဖြစ်တဲ့အကြောင်းလေးပြောပြပေးပါ။

ဖြေ- အနုပညာအလုပ်ကိုလည်း အများကြီးတိုးတက်အောင်လုပ်ချင်တဲ့အတွက်ကြောင့် ဒီလိုမျိုးပူးပေါင်းပြီး ဆောင်ရွက်ဖြစ်တာပါ။ မြန်မာနိုင်ငံနဲ့တင်မဟုတ်ဘဲ နိုင်ငံမျိုးစုံနဲ့ ဒီလိုယဉ် ကျေးမှုတွေ ပူးပေါင်းပြီးလုပ်ရတာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ပိုပြီးသိသွားအောင်လုပ်ရတာ ပို ကောင်းပါတယ်။

ဆက်လက်ဖတ်ရှုရန် ...