HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'တချို့ပရိသတ်တွေ မြန်မာရုပ်ရှင်ကို မုန်းတယ်။ မကြည့်ဘူးဆိုတာက အားမလိုအားမရတဲ့ စိတ်တွေကြောင့်လို့ ထင်ပါတယ်' လွင်မိုး

သရုပ်ဆောင် လွင်မိုးနဲ့တွေ့ဆုံခိုက်မှာ အခုလိုမေးခွန်း တချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-အရင်တုန်းက မြန်မာ့ရုပ်ရှင်စိန်ရတုပွဲကို တွေ့ကြုံခဲ့ရတယ်ဆိုတော့ ဘယ်လိုမျိုးတွေမြင်တွေ့ခဲ့ရလဲ။

ဖြေ-ကျွန်တော်မှတ်မိသလောက်ကတော့ စိန်ရတုပေါ့နော်။ အဲဒါက ၁၉၉၅ ခုနှစ်မှာ ရုပ်ရှင်စိန်ရတုပွဲတော်ကို ကျွန်တော်တို့ မီပါတယ်။ အဲဒီတုန်းကဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေကလည်း မကောင်းသေးဘူး။ ဖုန်းတွေ၊ အင်တာနက်တွေကလည်း မရှိသေးတော့ အနယ်နယ်အရပ်ရပ်က ပရိသတ် တွေကို ပွဲကိုလာရောက်ကြရပါတယ်။ မြစ်ဝကျွန်း ပေါ်ဆိုရင် လှေကြီးတွေနဲ့လာကြတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းကို မော်တော်ကား တွေ မောင်းပေးရတယ်။ အရမ်းလည်း ပျော်ဖို့ကောင်းပါတယ်။ မင်းသား၊ မင်းသမီးတွေနဲ့ ဓာတ် ပုံရိုက်ရင် ရန်ပုံငွေရအောင်ယူပြီး ရိုက်တာတွေလည်းရှိခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ရော်ကီနှင့် ရမ်ဘို ဇာတ်ကောင်တို့ကို နိုင်ငံရေးအတွက် ရည်ရွယ်သရုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း မင်းသားကြီး စတားလုံးပြော  

ကိန်းစ်၊ မေ ၂၆

ဝါရင့်မင်းသားကြီး ဆေဗက်စတာစတားလုံးက ၎င်းင်း၏ပရိသတ်ကြိုက်နှစ်သက်သောဇာတ်ကောင်များဖြစ်သည့် ရော်ကီနှင့် ရမ်ဘိုတို့ကို နိုင်ငံရေးအတွက်ရည်ရွယ်လှုံ့ဆော် သရုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အသက်(၇၂)နှစ်အရွယ် မင်းသားကြီးစတားလုံးက ၁၉၇ဝ နှင့် ၁၉၈ဝ ပြည့်လွန်နှစ်များတွင် စတင်ရိုက် ကူးခဲ့သည့် ရုပ်ရှင်နှစ်ခုတွင် ပါဝင်ခဲ့သည့် ဇာတ်ကောင် များနှင့်ပတ်သက်၍ အမြဲတစေ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

'ရွှေထူးကို စတွေ့တဲ့ အချိန်တုန်းကတော့ ဒီကောင် အဆင်မှပြေပါ့မလား ဆိုပြီးတော့ တွေးမိတယ်' ဖြိုးငွေစိုး

''ဧည့်သည်''ရုပ်ရှင်ဇာတ်ကားမှာ အထူးဧည့်သည် သရုပ်ဆောင် အဖြစ်ပါဝင်ထားတဲ့သရုပ်ဆောင် ဖြိုးငွေစိုးနဲ့တွေ့ဆုံခိုက် . . .

 

မေး-လတ်တလော အနုပညာလှုပ်ရှားမှုတွေရှိရင် ပြောပြပေးပါဦး။

ဖြေ-ကျွန်တော်ကြားထဲမှာတော့ ဇာတ်လမ်းတွဲ Season 2 တစ်ခုရိုက်ဖို့ရှိပါတယ်။ နောက် Youtube  အတွက်ရိုက်ဖို့တစ်ခုရှိပါတယ်။ နောက် ဒါရိုက်တာဦးအောင်ကိုလတ်နဲ့တစ်ကားရိုက်ဖို့ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

'အချစ်ရေး အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ အလုပ်ကပဲ ကုစားပေးခဲ့တယ်' ခြူးလေး

ဇွန်လထဲတွင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးအ နေနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးသွားမယ့် သရုပ်ဆောင် ခြူးလေးကို အခုလိုတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး-လတ်တလောအနုပညာအလုပ် ဘာတွေလုပ်ဖြစ်ဖို့ရှိမလဲ။

ဖြေ-ရှေ့လထဲမှာ ''ချစ်ရပါသော နွေ''ဆိုတဲ့ဇာတ်လမ်းတွဲလေးပြဖို့ ရှိပါတယ်။ နောက်ရှေ့လထဲမှာပဲ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ နောက်ထပ်လည်းဇာတ်လမ်းတွဲအသစ်တွေထပ် ရိုက်သွားဖို့တွေလည်းရှိပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

Ivor Novellos ဆုပေးပွဲမှာ သီချင်းရေးသားမှုဆု ရရှိခဲ့တဲ့ မရိုင်ယာကာရေး  

လန်ဒန်


အဆိုတော် မရိုင်ယာကာရေးသည် ဂျာမန်သီချင်းရေးဆရာနှင့် သရုပ်ဆောင်ကိုအစွဲပြုပြီးပြုလုပ်သည့် (၆၄) ကြိမ်မြောက် Ivor Novellos ဆုပေးပွဲတွင် သီချင်းရေးသားမှုဆုကို ရရှိခဲ့ ကြောင်း သိရသည်။ ထူးခြားသည့် ကမ္ဘာကျော်အရည်အချင်းနှင့် ထိရောက်သည့်သီချင်းရေး ဆရာတစ်ဦးအနေဖြင့် အသိအမှတ်ပြု သည့် အထူးနိုင်ငံတကာဆုကိုလက်ခံ ရရှိခဲ့ခြင်းလည်းဖြစ်သည်။ အမေရိကန်စူပါစတား မရိုင်ယာကဆု ပေးပွဲအခမ်းအနားကို မတက် ရောက်ခဲ့သော်လည်း ဗီဒီယိုသတင်း စကားပေးပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်နှစ်ကို ကလေးပြုစုစောင့်ရှောက်ခ ဒေါ်လာ တစ်သန်းကျော် အကုန်အကျခံနေရတဲ့ ကင်ကာဒရစ်ရှန်  

လော့စ်အိန်ဂျလိစ်

ကင်ကာဒရစ်ရှန်၏ ကလေးစောင့်ရှောက်ခအသုံးစရိတ်သည် တစ်နှစ်လျှင် ဒေါ်လာတစ်သန်းကျော်ရှိကြောင်း သိရသည်။ Keeping Up With The Kardashians'  စတားကင်က ယခုလအစောပိုင်းတွင် အငှားကိုယ်ဝန်ဆောင်မှတစ်ဆင့် ၎င်းင်းနှင့်ကနေးဝက်စ်တို့၏ စတုတ္ထမြောက်ရင်သွေးကို ရရှိခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် ကလေးငယ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဝန်ထမ်းများ၏ လက်ထောက်များအတွက် ကုန်ကျစရိတ်မှာ များပြားသောပမာဏရှိသည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ PRISTIN ကို တရားဝင် ဖျက်သိမ်း

ဆိုးလ်

ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ PRISTIN ကို ဖျက်သိမ်းလိုက်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ သတင်းများ၏ အဆိုအရ အဖွဲ့ဝင်များနှင့် Pledis အင်တာတိန်းမန့်တို့သည် ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပြီး အဖွဲ့ကိုဖျက်သိမ်းရန် စိတ်မ ကောင်းစွာဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ပါဝင်သော 'ဧည့်သည်' ရုပ်ရှင်ဇာတ်ကား မကြာမီရုံတင်မည်

ရန်ကုန်၊ မေ ၂၄ 

ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူး ပုံဖော်ထားသော ''ဧည့်သည်'' အချစ်ဒရာမာ ရုပ်ရှင်ဇာတ်ကားကို မေ ၃ဝ ရက်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကားကို 7th Sense Film Production  က စီစဉ် ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...