HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သရုပ်ဆောင် လမ်းကြောင်း ဆက်လျှောက်ဖို့ရှိနေတဲ့ အဆိုတော် ရီတာအိုရာ  

လန်ဒန်၊ မေ ၂၁

အဆိုတော် ရီတာအိုရာသည် နောက်ထပ်ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်လိုစိတ်ရှိသည်ဟုဆိုသည်။ ၎င်းသည် ၂ဝ၁၅ ခု နှစ်တွင် ထွက်ရှိခဲ့သည့် Southpaw ရုပ်ရှင်၌ မူးယစ်ဆေးစွဲနေသူတစ်ဦးအဖြစ် ဧည့်သည်သရုပ်ဆောင် နေရာမှပါဝင်ခဲ့ပြီးနောက် ယင်းနှစ်တွင်ပင် 'Fifty Shades' ရုပ်ရှင်များတွင် မီယာဂရေးဇာတ်ကောင်နေရာမှလည်းကောင်း၊ Empire ရုပ်သံအစီအစဉ်တွင်လည်းကောင်း ပါဝင်ခဲ့သည်။ 'Fifty Shades'  ရုပ်ရှင်သုံးကားလုံးတွင် ပါဝင်ခဲ့သည့် ရီတာကလက်ရှိတွင်ရုံတင်နေသည့် 'Detective Pikachu' ရုပ်ရှင်တွင် ဒေါက်တာအန်လောရန့်အဖြစ် အသံသရုပ်ဆောင်ထားသည်။

ဆက်လက်ဖတ်ရှုရန် ...

လေဒီဂါဂါနဲ့ ပူးတွဲသီချင်းဆိုဖို့ လက်ခံမယ်လို့ ဆိုတဲ့ ရီဟားနား

လော့စ်အိန်ဂျလိစ်၊ မေ ၂၁ 

အဆိုတော် ရီဟားနားသည် လေဒီဂါဂါနှင့် ပူးတွဲသီဆိုနိုင်ခြေရှိသည်ဟု ပြောဆိုလိုက်သည်။ ၂ဝ၁၆ ခုနှစ်တွင် ' ANTI အယ်လ်ဘမ်ထွက်ရှိပြီးနောက် ဂီတလောကမှ အတန်ကြာအလှမ်းဝေးနေခဲ့သည့် ရီဟားနားက လက်ရှိတွင် ရက်ဂေးအယ်လ်ဘမ်တစ်ခုကို ဖန်တီး နေပြီး ကောလာဟလထွက်ပေါ်နေသည့်အတိုင်း ယင်းအယ်လ်ဘမ်တွင် လေဒီဂါဂါနှင့် ချစ်သူဟောင်း Drake တို့ကို ထည့်သွင်းထားသည်ဆိုခြင်းကို ပယ်ချခဲ့သည်။ သို့သော် ၎င်းက လေဒီဂါဂါနှင့် သီချင်းတွဲဆို ရမည့်အကြောင်းကို ဆန့်ကျင်ပြော ကြားခဲ့ခြင်းမရှိပေ။

ဆက်လက်ဖတ်ရှုရန် ...

လာမယ့် ဇူလိုင်လ အစောပိုင်းမှာ အယ်လ်ဘမ်အသစ်ဖြန့်ချိမယ့် အဆိုတော် Psy

ဆိုးလ်၊ မေ ၂၁

Kpop အဆိုတော် Psy သည် လာမည့်ဇူလိုင်လ အစောပိုင်းတွင် အယ်လ်ဘမ်အသစ်တစ်ခုဖြင့် ဂီတ လောကထဲသို့ ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ် ကြောင်း ¤င်း၏ စီမံခန့်ခွဲရေးအေဂျင်စီ P Nation  က မေ ၂၁ရက်တွင် ပြောကြားခဲ့သည်။  အေဂျင်စီက '' Psy ဟာ ဇူလိုင်လအစောပိုင်းမှာ သူ့ရဲ့နဝမမြောက်အယ်လ်ဘမ်နဲ့အတူ ပြန်လာမှာဖြစ် ပြီး 2019 Swag Show မှာ အယ်လ်ဘမ်ကို စတင် မိတ်ဆက်သွားမှာပါ'' ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

'အနုပညာလောကကို စဝင်တုန်းက တစ်ယောက်တည်း ကြိတ်ပြီး ငိုခဲ့ရတာတွေလည်း အများကြီး ရှိပါတယ်'  ဟန်လေး

အနုပညာလောကထဲကို စတင်ဝင်ရောက်တဲ့အချိန်တုန်းက အပြောခံရတာတွေ၊ ဖိအားတွေ အများကြီးရှိခဲ့တယ်လို့ မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဟန်လေးက အခုလိုပြောပါတယ်။ ''ဟန်လေးဒီအနုပညာလောကကို စတင်ဝင်တဲ့အချိန်မှာ အပြောခံရတာတွေရှိတယ်။ တစ်ယောက် တည်းကြိတ်ပြီးငိုခဲ့ရတာတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်အနားမှာရှိတဲ့ သူတွေဆိုလို့ ကိုယ့်ကိုအမြဲအားပေးတဲ့ ပရိသတ်တွေရှိပါတယ်။ ကိုယ့်ကို သူတို့က စကားတွေပြော ပေးတယ်။ ပြိုင်ပွဲပြိုင်တဲ့ကာလမှာလည်း ဖိအားတွေအများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုဝေဖန် တိုက်ခိုက်ခံရတာတွေကလည်း ကြာလာတော့ အသားမာတက်သလိုပါပဲ။ ခေါင်းထဲမှာ မရှိတော့ပါဘူး။ တချို့ချစ်တဲ့ပရိသတ်တွေကလည်း ကိုယ့်ကိုကောင်းတာတွေပဲဖြစ်စေချင်တယ်။ အခုလည်း ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ ဖြစ်စေချင်သလို ဖြစ်လာတဲ့အတွက်ကြောင့်လည်း အရမ်းကိုပျော် ရပါတယ်။ နောက်လည်း အများကြီးပိုပြီးတော့ ကြိုးစားသွားဦးမှာပါ''လို့ ဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ချစ်သူအတွက် ဓာတ်ပုံဆရာအဖြစ် တာဝန်ယူပေးနေတဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို

လော့စ်အိန်ဂျလိစ်၊ မေ ၂ဝ

မင်းသား လီယိုနာဒိုဒီကာပရီယိုသည် ချစ်သူကမ်မီလာမိုရွန်၏ အမာခံပရိသတ်တစ်ဦး အနေဖြင့် ဆောင်ရွက်ပေးခဲ့သည်ကို ကိန်းစ်မြို့တွင် မြင်တွေ့ခဲ့ကြရသည်။ မင်းသားလီ ယိုနာဒိုသည် အသက် (၂၁)နှစ်အရွယ် ချစ်သူမော်ဒယ်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက် ရောက်လာကြသည့်နာမည်ကျော်များနေထိုင်ရာ ပြင်သစ်နိုင်ငံမှ Hotel du Cap-Ed-en-Roc ဟိုတယ်အပြင်ဘက်တွင် မိုဘိုင်းဖုန်းကိုအသုံးပြုပြီး ဓာတ်ပုံများ ရိုက်ကူးပေးနေခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့ရုပ်ရှင် နှစ် (၁ဝဝ) ပြည့်ပွဲတော် ရုပ်ရှင်စာတမ်းဖတ်ပွဲကို သိဒ္ဓိ၊ ဏကြီး၊ ခရစ်(စ)တီးနားခီတို့လို လူငယ်ဒါရိုက်တာများက ဦးဆောင်စေလိုကြောင်း ဇာတ်ညွှန်း ဦးငြိမ်းမင်းပြော

ရန်ကုန်၊ မေ ၂ဝ 

မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ပွဲတော်တွင် စာတမ်းဖတ်ပွဲ ထည့်သွင်းပြုလုပ်မည်ဆိုပါက လူငယ်ဒါရိုက်တာများကို ဦးဆောင်စေလိုကြောင်း ဇာတ်လမ်း၊ ဇာတ်ညွန်းအလွှာမှ ဇာတ်ညွှန်း ဦးငြိမ်းမင်းကပြောသည်။ ''လူငယ်များပါဝင်သော လှုပ်ရှားမှုတွေကို ကျွန်တော်တို့က အပြည့်အဝထောက်ခံပြီးတော့ အကောင်အထည်ဖော်ဖို့လည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်နှစ်(၁ဝဝ)ပြည့်ပွဲဟာ အနှစ်သာရရော အသွင်သဏ္ဌာန်ပါ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဥပမာ ရုပ်ရှင်စာတမ်းဖတ်ပွဲမှာဆို ရုပ်ရှင်သမားမဟုတ်ဘဲ စာတမ်းဖတ်မယ်ဆိုရင် ပရိသတ်တွေကလာမှာ မဟုတ်ပါဘူး။ အရင်က ရုပ်ရှင်စာတမ်းဖတ်ပွဲတွေဟာ ပြပွဲတွေ လောက်လူမစည်တာကိုတွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ပြုတ်ကျတဲ့ မွေးနေ့ကိတ်ကို စားပြခဲ့တဲ့ IU

ဆိုးလ်၊ မေ ၁၉

လူငယ်ပရိသတ်တို့အသည်းစွဲ အဆိုတော်နဲ့ သရုပ်ဆောင်မလေး IU ဟာ မေ ၁၆ ရက်က Yonsei  တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ပျော်ပွဲရွှင်ပွဲ မှာ သီချင်းဆိုနေတုန်းမှာ ပရိသတ်တွေပေးတဲ့ မွေးနေ့ကိတ်ဟာ သူမ လက်ပေါ်မှ အောက်သို့ပြုတ်ကျခဲ့ပေမယ့် ''ကျွန်မ စားပါမယ်ဆိုပြီး'' စားပြခဲ့ပြီး ဒီသတင်းဟာ ခုရက်ပိုင်းမှာ လူမှုကွန်ရက်မှာ ရေပန်းစားနေ ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

John Wick-Chapter-3 Parabellum

ဒီတစ်ခါမှာတော့ မေ ၁၇ ရက်က စတင်ရုံတင်ပြသနေတဲ့ မင်းသားကီနူးရိဗ်စ်ရဲ့ နာမည်ကြီး ရုပ်ရှင် John Wick-Chapter-1 နဲ့ 2 တို့ရဲ့နောက်ဆက်တွဲရုပ်ရှင် John Wick-Chapter-3-Parabellum ကို ညွှန်းချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ အပစ်အခတ်ကြမ်းတမ်းလွန်းတဲ့ ဒီကားကို (၁၇)နှစ်အောက်တွေ မ ကြည့်ကြဖို့ပါ။
ဇာတ်လမ်းကတော့ လက်သည်ရှာမရဘဲ မိမိရဲ့ ဇနီးသည် သေဆုံးပြီးတဲ့နောက်မှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ တရားစီရင်သူ ဖြစ်လာတဲ့ John Wick (ကီနူးရိဗ်စ်) ဟာ နာမည်ကြီးလူသတ်သမား ဖြစ်လာပါတယ်။  အရင် Chapters-2 မှာ John Wick ကို လက်ရဖမ်းပေးနိုင်ရင် ဒေါ်လာငါးသန်းသာ ဖြစ် ပေမယ့် ဒီ Chapter-3 မှာတော့ ဒေါ်လာ ၁၄ သန်းအထိ ဆုကြေးတိုးလာတော့ သူဟာတစ်ကမ္ဘာလုံးက ကြေးစားလူသတ်သမား တွေရဲ့ပစ်မှတ်ဖြစ်လာကာ သူအသက်ရှင်လွတ်မြောက်ဖို့ နယ်ပယ်ကျဉ်းလာပါတယ်။ ဒါကြောင့် သူဟာ ကြေးစားလူသတ်သမားလည်းဖြစ် သူ့ရဲ့ပါတနာလည်းဖြစ်တဲ့ Sofia (ဟယ်လီဘယ်ရီ)ဆိုတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ ဒီအန္တ ရာယ်ကို အတူရင်ဆိုင်နိုင်ခဲ့ရပေ မယ့်လည်း Sofia က သူ့ကိုစွန့်ခွာ သွားတဲ့အခါမှာတော့ တစ်ယောက် တည်း ရင်ဆိုင်ခဲ့ရပါတော့တယ်။
ဒီဇာတ်ကားမှာ မြို့ပေါ်က မြေပေါ်မြေအောက် သေနတ်ပစ် ခတ်ခန်းတွေ၊ ကိုယ်ခံပညာဖိုက် တင်ဇာတ်ဝင်ခန်းတွေနဲ့ သဲကန္တာရထဲမှာ John Wick ဒုက္ခရောက်နေတဲ့ဇာတ်ဝန်းခမ်းတွေကို ရောယှက် ပြသထားပြီး Rating က ၉၈ ရာ ခိုင်နှုန်းအထိ ရထားပါတယ်။ အရွယ် မရောက်သေးသူတွေကို မိဘအုပ် ထိန်းသူမပါဘဲ မကြည့်ဖို့ အကြံပြု ထားပြီး Restrioted အဆင့်ကို R သတ်မှတ်ထားတဲ့ ဒီကားကို ဝင်ငွေကန်ဒေါ်လာ ၃၅ သန်း ခန့် ရမယ်လို့ မှန်းထားကြပါတယ်။
 #democracytoday
ဆက်လက်ဖတ်ရှုရန် ...