HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Avengers: Endgame က တောင်ကိုရီးယားတွင် ကြည့်ရှုသူအများဆုံး နိုင်ငံခြားရုပ်ရှင်ဖြစ်လာ  

ဆိုးလ်၊ မေ ၁၉


Avengers: Endgame ရုပ်ရှင်ဟာ တောင်ကိုရီးယားမှာ ပရိသတ်ကြည့်ရှုမှုနှုန်း ၁၃ ဒသမ ၃၃ သန်းအထိရှိနေပြီး ပရိသတ် အများဆုံးရရှိတဲ့ နိုင်ငံခြားရုပ်ရှင်ဖြစ်လာ တယ်လို့ Yonhap သတင်းအရ သိရပါတယ်။ ဒီရုပ်ရှင်ဟာ ယခင်က ကိုရီးယားမှာ ဝင်ငွေအများဆုံးရခဲ့တဲ့ နိုင်ငံခြားရုပ်ရှင် Avatar (2009) ရဲ့ ဝင်ငွေကန်ဒေါ်လာ ၁၃ ဒသမ ၃ဝ ကို ကျော်လွန်ကာ ဝင်ငွေကောင်းခဲ့ ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အချစ်ဒရာမာ ရုပ်ရှင်အသစ်မှာ ပါဝင်မယ့် မင်းသမီး ဇိုးလ်ဆန်ဒါနာ

လော့စ်အိန်ဂျလိစ်၊ မေ ၁၈

"Avengers: Endgame" စတားမင်းသမီး ဇိုးဆယ်ဒါနာသည် မကြာမီရိုက်ကူးတော့မည့် အချစ် ဒရာမာရုပ်ရှင် "Keyhole Garden"  တွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းရုပ်ရှင်သည် မင်းသမီး၏ခင်ပွန်း မာကိုပီရာဂိုဆယ်ဒါနာ၏ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးမှုလည်း ဖြစ်သည်။ ၎င်းသည် ရစ်ရာပိုဇာနှင့်တူ ဇာတ်ညွှန်းကို ပူးတွဲရေးသားထားကြောင်း Variety  မီဒီယာက ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာကျော် 'Saw' ရုပ်ရှင်စီးရီးများကို ပြန်လည် အသက်သွင်းမည်

လော့စ်အိန်ဂျလိစ်၊ မေ ၁၈

မင်းသားနှင့် ဟာသပညာရှင်ခရစ်ရော့ခ်သည် Lionsgate ထုတ်လုပ်ရေး၏ နာမည်ကျော် "Saw" ရုပ်ရှင်များကို ပြန်လည်ရိုက်ကူးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ Twisted Pictures မှထုတ်လုပ်ခဲ့ပြသခဲ့သည့် သည်းထိတ်ရင်ဖို စိတ္တဇ ရုပ်ရှင်သည် လူသတ်ပြကွက်များကြောင့် အထူးနာမည်ကျော်ကြားသည်။ သား ကောင်များကို အခြေအနေတစ်ခုအောက်တွင် ဖမ်းဆီးထားပြီး အသက်ရှင်လိုပါက စစ်ဆေးမှုများကို အသက်စွန့်ဖြေဆိုရသည့် ဇာတ်ကွက်များဖြင့် ဇာတ်အိမ်တည်ထားသော ရုပ်ရှင်များလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နာမည်ကျော် သီချင်းဗားရှင်းအသစ်နဲ့အတူ အဖွဲ့တည်ထောင်မှု နှစ် ၂ဝပြည့်ကို ဂုဏ်ပြုလိုက်တဲ့ Backstreet Boys

လော့စ်အိန်ဂျလိစ်၊ မေ ၁၈

Backstreet Boys  အဖွဲ့သည် ၎င်းတို့အဖွဲ့၏ တတိယ မြောက်အယ်လ်ဘမ် “Millennium” ကို ဖြန့်ချိခဲ့သည့်နှစ် ၂ဝပြည့်အထိမ်းအမှတ်အဖြစ် 'I Want It That Way' သီချင်းကို ဖြန့်ချိခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ တတိယ မြောက် အယ်လ်ဘမ်ကို နစ်ကာတာ၊ ကီဗင်ရစ်ချာဆန်၊ ဘရိုင်ယတန်လစ်တရဲ၊ အေဂျေမက်လင်းနှင့် ဟာဝီဒိုရော့ တို့ပါဝင်သည့် Backstreet Boys  အဖွဲ့က မေ ၁၈ရက်တွင် ယင်းနာမည် ကျော်သီချင်း၏ acoustic ဗားရှင်းကိုလည်း အပိုလက်ဆောင် အဖြစ် ပရိသတ်များထံမျှဝေလိုက်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

'ကိုယ်လိုအပ်တာတွေ ပြန်ဖြည့်နေတာမို့လို့ ပရိသတ်နဲ့ တမင်ဝေးအောင် နေနေတာပါ' မီးနို  

ရန်ကုန်၊ မေ ၁၇

အနုပညာနဲ့ပတ်သက်ရင် သူများတွေနဲ့ ပြိုင် ဆိုင်ဖို့ထက် ကိုယ့်အရည်အသွေးကို ပိုပြီးတော့တိုးတက်အောင်လုပ်ဖို့ လိုတယ်လို့ပဲထင်ပါတယ်လို့ တေးသံရှင်မီးနိုက အခုလိုပြောပါတယ်။ ''မီးနိုက အနုပညာနဲ့ပတ်သက်ရင် သူများတွေနဲ့ ပြိုင်ဆိုင်ဖို့ ထက် ကိုယ့်အရည်အသွေးကိုတက်အောင်လုပ်ဖို့ လိုတယ်လို့ပဲထင် ပါတယ်။ အခုလည်း အနုပညာအလုပ်တွေမလုပ်ဘူးဆိုပြီး အိမ်မှာ ထိုင်နေတာမျိုးမဟုတ်ဘဲ ကိုယ့်မှာ ဘာတွေလိုအပ်ချက်ရှိလဲ။ စန္ဒ ရားမတီးတတ်တာတွေ၊ ဂီတာမတီးတတ်တာတွေကို အိမ်မှာပြန် ပြီးတော့ တီးတတ်အောင်လေ့ကျင့်နေပါတယ်။ ဒီအချိန်မှာ အဓိက ကတော့ ကိုယ့်ရဲ့စွမ်းရည်ကိုပဲ မြင့်အောင်ကြိုးစားနေပါတယ်''လို့ ပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

'ပရိသတ်အတွက် TV ကနေကြည့်နိုင်ဖို့ ဇာတ်လမ်းတွဲလိုဟာမျိုး ရိုက်ဖို့ လိုအပ်လာရင်လည်း ရိုက်ဖြစ်မှာပါ' -ေ န တိုး

သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံ ခိုက်မှာ မြန်မာဇာတ်ကားတွေရဲ့အ ရွေ့တွေ၊ ဝေဖန်မှုတွေကြောင့် တိုး တက်မှုအနေအထားတချို့နဲ့ ဇာတ် ကားတွေ ပရိသတ်ဆီကိုရောက်ဖို့ ဘယ်လိုပို့မလဲ စတာတွေနဲ့ပတ်သက် ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - 'မီ'ဇာတ်ကားက လန်ဒန် မှာလုပ်မယ့်ရုပ်ရှင်ပွဲတော်မှာ သွား ပြရမယ်ဆိုတော့ စိတ်ခံစားချက်လေး နဲ့။ ကိုယ်တိုင်ရော ပွဲကိုတက်ရောက် ဖြစ်မှာလား။

ဖြေ - 'မီ'ဇာတ်ကားကို အခုလို နိုင်ငံတကာမှာ ပြသခွင့်ရတယ်၊ ဆု တွေလည်းရခဲ့တာကြောင့် ဒီဇာတ် ကားမှာပါဝင်ခွင့်ရတဲ့ ဇာတ်ကောင် တစ်ကောင်အနေနဲ့ အရမ်းဝမ်းသာ ကျေနပ်မိပါတယ်။ ကျွန်တော်လက် ရှိက ဇာတ်ကားရိုက်နေတာက နယ် မှာ ဖြစ်နေတာကြောင့် ခရီးသွားဖို့က အဆင်မပြေဘူးဖြစ်နေပါတယ်။ ရုပ် ရှင်ပွဲတော်ကလည်း ကြိုပြီးတော့မသိ ရတော့ ရက်အခက်အခဲဖြစ်သွား တော့ မတက်ရောက်နိုင်ပါဘူး။

ဆက်လက်ဖတ်ရှုရန် ...

ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ဖျော်ဖြေမည့် 'ရွှေနှလုံးသား ဂီတည' ဂီတဖျော်ဖြေပွဲပြုလုပ်မည်  

ရန်ကုန်၊ မေ ၁၇ 

တေးသံရှင် ခုနစ်ဦး၏ လူကြိုက်များသောကိုယ် ပိုင်သံစဉ်တေးသီချင်းများဖြင့် ဖျော် ဖြေမည့် 'ရွှေနှလုံးသား ဂီတည' ဂီတဖျော်ဖြေပွဲကို မေ၃ဝရက် ည ၇နာရီတွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ယင်းဖျော်ဖြေပွဲနှင့်ပတ်သက် သည့် စာနယ်ဇင်းမိတ်ဆက်ရှင်းလင်း ပွဲကို မေ ၁၆ ရက် နံနက်က Orchid Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

Cover Song က မူရင်းသီချင်းကိုလည်း မပျက်အောင်၊ တစ်မျိုးလည်း ဆွဲဆောင်မှုရှိအောင် ဆိုရတာဖြစ်လို့ အခက်အခဲရှိတယ်' မေလသံစဉ်

ယခုနှစ်မိုးကာလတွင် ကိုယ်တိုင်ရေးသီချင်းများအများစုပါဝင် သည့် ဒုတိယတစ်ကိုယ်တော်အခွေထွက်ရှိဖို့ကြိုးစားနေသော အဆို တော်မေလသံစဉ်နှင့် တွေ့ဆုံခိုက်မှာ ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး-လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ-ညီမလတ်တလောကတော့ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ပွဲတွေလည်းလိုက်ဆိုဖြစ်ပါတယ်။ ပွဲကတော့ ရန်ကုန်ပွဲဆိုရတာ ပိုများ ပါတယ်။ ကိုယ်အားတဲ့ရက်နဲ့ တိုက်ဆိုင်တဲ့ပွဲတွေဆိုရင်ဆိုဖြစ်ပါ တယ်။

ဆက်လက်ဖတ်ရှုရန် ...