HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဆံပင်ထိန်းသိမ်းရေး အလှကုန်ပစ္စည်း ထုတ်ဖို့ ပြင်နေတဲ့ ကိုင်လီဂျန်နာ

လော့စ်အိန်ဂျလိစ်၊ မေ ၁၆

နာမည်ကျော် ဘီလျံနာသူဌေးမလေး ကိုင်လီဂျန်နာသည် ဆံပင်ထိန်းသိမ်းရေး အလှကုန်ပစ္စည်းတစ်ခုအတွက် ကုန်ပစ္စည်း အမှတ်တံဆိပ်ကို မှတ်ပုံတင်ရန် ပြင်ဆင်နေပြီဟုသိရသည်။ အသက်(၂၁)နှစ်အရွယ် ကိုင်လီသည် ကလေး များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့်ပစ္စည်းဖြစ်သည့် 'Kylie Baby'  ၏ ကုန်အမှတ်တံဆိပ်ကိုလည်း မှတ်ပုံတင်ရန် လုပ်ဆောင်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာ ၎င်းသည် 'Kylie Hair' အမည်ရှိ ဆံပင်ထိန်းသိမ်းရေးအလှဆင်ပစ္စည်းအတွက် စာရွက်စာတမ်းများကို တင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အဖွဲ့အနာဂတ်အရေး မသေချာသော်လည်း အယ်လ်ဘမ် အသစ်ဖြန့်ချိခဲ့သည့် EXID

ဆိုးလ်၊ မေ ၁၆

အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားသည့် EXID အဖွဲ့သည် ပြီးခဲ့သည့် မေ ၁၅ ရက်တွင် 'WE' အမည်ရှိ နောက်ဆုံး အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် ယခုလအကုန်တွင် လက်ရှိ အနုပညာ အေဂျင်စီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်လည်းဖြစ်သည်။ သီချင်းခုနစ်ပုဒ်ပါဝင်သည့် ယင်း အယ်လ်ဘမ်အသစ် ခေါင်းစီးတေး မှာ "Me & You" ဖြစ်ပြီး အသည်း ကွဲသီချင်းတစ်ပုဒ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

''နိုင်ငံရေးဟာ အာဏာရှင်ဝါဒီဆီ ပြန်သွားနေပါတယ်'' - ဂျော့ခ်ျကလူးနေး

လော့စ်အိန်ဂျလိစ်၊ မေ ၁၅

မင်းသား ဂျော့ခ်ျကလေူးနေးသည် နိုင်ငံရေးတွင် ဝင်ပါရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်မှ အမေရိကန် သမ္မတအထိဖြစ်ခဲ့သော ဒေါ်နယ်ထရန့်အပေါ် ဝေဖန်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည့် အသက် (၅၈)နှစ်အရွယ် မင်းသားကလူးနေးသည် နိုင်ငံရေးပြောဆိုလှုပ်ရှားမှုများတွင် တက်တက် ကြွကြွပါဝင်လှုပ်ရှားလာသည့်အပြင် ၂ဝ၂ဝရွေး ကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်လိမ့်မည်ဟု ထင်ကြေးပေးမှုများရှိလာခဲ့သည်။ သို့သော် ၂ဝဝ၈ခုနှစ်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေးစေတမန်နှင့် နိုင်ငံတကာဆက်ဆံရေး ကောင်စီအဖွဲ့တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင် နေသူ မင်းသားကလူးနေးက ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိဘဲ ကောင်းမွန်သည့် နိုင်ငံရေး သမားတစ်ဦးဖြစ်စေမည့်ကျွမ်းကျင်မှု ၎င်းထံတွင် မရှိကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မကြာခင်မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် ဂျန်နီဖာလောရန့်စ်  

လော့စ်အိန်ဂျလိစ်၊ မေ ၁၅

မင်းသမီးဂျန်နီဖာလောရန့်စ်နှင့်ချစ်သူ ကွတ်ကီမာရွန်နေတို့၏ လက်ထပ်ပွဲမှာ မကြာမီလများအတွင်းဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ မင်းသမီးဂျန်နီဖာသည် ချစ်သူကိုပရိသတ်နှင့် မိတ်ဆက်ပေးပြီး သုံးလ အကြာတွင် နယူးယောက်မြို့၌ စေ့စပ်ပွဲပါတီတစ်ခုကိုကျင်းပခဲ့ကြသည်ဟု ဆိုကြသည်။ မင်းသမီး၏ မိတ်ကပ်ပညာရှင်ဖာလ်ဗီယာဖာရိုဖီ၏ အင်စတာဂရမ်တွင် တင်ထားသည့် ပို့စ်တစ်ခု၌ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းတွင် စေ့စပ်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ ပုံစာတွင်လည်း ''ဂျန်နီဖာ လောရန့်စ်က သတို့သမီးတစ်ယောက်ဖြစ်လာတော့မှာကြောင့် ငါတို့ပိုပြီး ပျော်ရွှင်စိတ်လှုပ်ရှားနေပါတယ်''ဟု ရေးသားခဲ့သည်။ ယင်းဓာတ်ပုံထဲတွင် မင်းသမီးသည် နယူးယောက်အခြေစိုက်ဖက်ရှင်ပစ္စည်း L.WELLS ထံမှ လက်ထပ်ဝတ်စုံဖြင့် ပျော်ရွှင်နေသည်ကို တွေ့ရသည်။ Harper's Bazaar မဂ္ဂဇင်းက ''ဒီဇိုင်နာ လော်ရန်ဝဲလ်စ်ဟာ သူ့ရဲ့သတို့သမီးဝတ်စုံကို မဖန်တီးခင် ဗီရာဝမ်နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ဖူးပါတယ်''ဟု ရေးသားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အာလာဒင် ရုပ်ရှင်တွင် ပါဝင်ရခြင်းသည် ကျွမ်းကျင်မှုများကို အပြည့်အဝ အသုံးချနိုင်သည့် အခွင့်အရေးဟု ဝီလ်စမစ်ပြောဆို  

လော့စ်အိန်ဂျလိစ်၊ မေ ၁၅

Disney ၏ "Aladdin" ရုပ်ရှင်တွင် မီးခွက်စောင့်ဘီလူးအဖြစ် သရုပ် ဆောင်ထားသည့် မင်းသားဝီလ်စမစ်က ၁၉၉ဝပြည့်လွန်နှစ်များတွင် နာမည် ကျော်ခဲ့သည့် "The Fresh Prince of Bel-Air" ဇာတ်လမ်းတွဲနောက်ပိုင်း အတွေ့အကြုံများကို အများဆုံး ဖြည့်ဆည်းနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ အသက် (၅ဝ)အရွယ် မင်းသားစမစ်က ယင်းဇာတ်ကောင်တွင် သရုပ်ဆောင် ရန် ¤င်းကျွမ်းကျင်မှုအားလုံးကို အသုံးချနိုင်မည့် အခွင့်ရေးကောင်းတစ်ခုကို ရရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကင်ကာဒရစ်ရှန်ဟာ ထက်မြက်တဲ့ ရှေ့နေတစ်ဦးဖြစ်လာမှာပါ - ပဲရစ်ဟီလ်တန်

လော့စ်အိန်ဂျလိစ်၊ မေ ၁၄

အဆိုတော်နှင့် ဒီဂျေ ပဲရစ်ဟီလ်တန်က ကင်ကာဒရစ် ရှန်အနေဖြင့် ထက်မြက်သည့် ရှေ့နေတစ်ဦးဖြစ်လာမည်ဟုပြော ဆိုလိုက်သည်။ 'Keeping Up With the Kardashians' အစီအစဉ်စတား ကင်ကာဒရစ်ရှန်သည် ၂ဝ၂၂ခုနှစ်တွင် ရှေ့နေစာမေးပွဲဖြေဆိုနိုင်ရန် ဆန်ဖရန်စစ္စကိုရှိ ဥပဒေရုံးတစ်ခု တွင်လေးနှစ်ကြာ အလုပ်သင်သင်တန်း တက်ရောက်နေ လျက်ရှိသည်။ အဆိုတော် ပဲရစ်က ၎င်းအနေဖြင့် အိပ်မက်ကို အကောင်အထည်ဖော်နေသည့် သူငယ်ချင်းဖြစ်သူအတွက် ဂုဏ်ယူကြောင်းနှင့် တရားဥပဒေနယ်ပယ်တွင်လည်း အကောင်း ဆုံး လုပ်ဆောင်နိုင်မည်ဟု ထင်ကြောင်း ပြောဆိုထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗုဒ္ဓဖွားတော်မူနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့တဲ့ မင်းသား ကင်ဝူဘင်

ဆိုးလ်၊ မေ ၁၄

နာမည်ကျော်ကိုရီးယား မင်းသားကင်ဝူဘင်၏ အေဂျင်စီ SidusHQ  အင်တာတိန်းမန့်မှ သတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဖွားတော်မူနေ့အတွက် ပွဲတစ်ခုသို့ မင်းသားတက်ရောက်ခဲ့သည့် သတင်းများကို မေ ၁၄ရက်၌ တုံ့ပြန်ပြော ဆိုခဲ့သည်။ အဆိုပါ သတင်းရင်းမြစ်က ''ကင်ဝူဘင်ရဲ့ ဘာသာရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို ကျွန်တော်တို့ မသိရပါဘူး။ သူဟာ သူငယ်ချင်း ဂျိုအင်ဆောင်ကြောင့် ဂျောင်တို လူမှုအသိုင်းအဝိုင်းက ကျင်းပခဲ့တဲ့ပွဲတစ်ခု ကို သီးသန့်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်''ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖြစ်ရပ်မှန် ဇာတ်လမ်း ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကား ယခုလအတွင်း ရိုက်ကူးမည်  

ရန်ကုန်၊ မေ ၁၄

စာရေးဆရာတင်ညွန့်၏ ဖြစ် ရပ်မှန်ဇာတ်လမ်းဖြစ်သည့် ရိုးမ ပေါ်ကျတဲ့မျက်ရည်ဝတ္ထုကို ဒါရိုက် တာကိုပေါက်မှ ဇာတ်လိုက်အမည် ဖြင့် ယခုလအတွင်း ရုပ်ရှင်ဇာတ် ကားရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကား မိတ်ဆက်ပွဲ ကို မေ ၁၃ရက် နံနက်က M3 Food Center  တွင်ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...