HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သည်းထိတ်ရင်ဖို ဒရာမာမှာ အင်စီဝမ်နှင့်အတူ ပါဝင်လာမည့် မင်းသား လီဒုံဝု  

ဆိုးလ် မေ ၁၃

မင်းသား လီဒုံဝုနှင့် မင်းသား အင်စီဝမ်တို့သည် OCN ရုပ်သံလိုင်းမှ မကြာမီပြသမည့် Strangers From Hell ဒရာမာတွင် ပါဝင်ကြမည်ဟုသိရသည်။ နာမည်ကျော် webtoon ကို အခြေခံထားသည့် ယင်းဒရာမာသည် အဆောက်အအုံတစ်ခုတည်းတွင် အတူနေထိုင်သည့်သူများကြောင့် အဆောင်သို့ ပြောင်းသွားခဲ့သည့် အမျိုးသားတစ်ဦးကြုံတွေ့ခဲ့ရသော ထူးဆန်းသည့်ဖြစ်ရပ်များ အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

'Game of Thrones' ရုပ်သံစီးရီးရဲ့ လွှမ်းမိုးမှုအကြောင်း ပြောပြခဲ့တဲ့ တေလာဆွစ်ဖ်  

လော့စ်အိန်ဂျလိစ်၊ မေ ၁၃

အဆိုတော်တေလာဆွစ်ဖ်က "Game of Thrones" ရုပ်သံစီးရီးသည် "Reputation" အယ်လ်ဘမ်အပေါ် လွှမ်းမိုးမှုရှိကြောင်း Entertainment Weekly  မီဒီယာနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ အဆို တော်ဆွစ်ဖ်သည် HBO ရုပ်သံလိုင်းမှ ထုတ်လွှင့် နေသည့် ယင်းရုပ်သံစီးရီးကို ၂ဝ၁၆ခုနှစ်မှစတင် ကာ ကြည့်ရှုခဲ့သည်ဟု ပြောဆိုခဲ့ဖူးသည်။

ဆက်လက်ဖတ်ရှုရန် ...

ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ ထိပ်ဆုံးဆုရဖို့ ရေပန်းစားနေတဲ့ 'Parasite' ကိုရီးယား ရုပ်ရှင်

ဆိုးလ်၊ မေ ၁၃

ယခုနှစ်အတွက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မဖွင့်လှစ်မီ တောင်ကိုရီးယားဒါရိုက်တာ ဘုံဂျွန်ဟို၏ 'Parasite'  ရုပ်ရှင်သည် ထိပ်တန်းဆုကိုရရှိမည်ဟု ရေပန်းစားနေသည်ကို တွေ့ရသည်။ ဒါရိုက်တာဘုံ၏ သတ္တမမြောက်ရုပ်ရှင် 'Parasite' သည် (၇၂)ကြိမ်မြောက်ကျင်းပမည့် ယင်းပွဲတော်တွင် အမြင့်ဆုံးဆုဖြစ်သည့် Palme d'Or  အတွက် ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာ နောက်ထပ် သရုပ်ဆောင်ချင်တယ်လို့ ဆိုတဲ့ မင်းသမီး ဟယ်လီဘယ်ရီ  

လော့စ်အိန်ဂျလိစ်၊ မေ ၁၂

မကြာမီရုံတင်တော့မည့် "John Wick 3: Parabellum" ရုပ်ရှင်တွင် ဆိုဖီယာအဖြစ် သရုပ်ဆောင်ထား သော အသက် (၅၂)နှစ်အရွယ် မင်းသမီးဟယ်လီဘယ်ရီက အနာဂတ်ကာလတစ်ခုတွင် ရိုက်ကူးမည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်တစ်ခုတွင် ပါဝင်သရုပ်ဆောင်မည်ဆိုသည့် အ ကြောင်းပြောကြားခဲ့သည်။ ၎င်းသည် ၂ဝဝ၂ ခုနှစ်က "Die Another Day"  အမည်ရှိ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွင် ဂျင့်ဂျွန်ဆင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းရုပ်ရှင်အသစ်တွင် ပါဝင်နိုင်ခြေနှင့်ပတ်သက်၍ မင်းသမီးက ''မနက်ဖြန်တော့ မဖြစ်နိုင်ဘူး လေ။ ကျွန်မက အခုတလော အလုပ်များနေလို့ အချိန်က ပြည့်နေတယ်။ နည်းနည်းလောက်ကြာမှဆိုရင် တော့လုပ်မှာပါ။ အခုတော့ ဆိုဖီယာအနေနဲ့ သရုပ်ဆောင်ရဖို့ အလုပ်များနေပါတယ်''ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ရုပ်ရှင်အသစ်မှာ ကြမ်းတမ်းတဲ့ ဇာတ်ကောင် ပုံစံမျိုးနဲ့ မြင်တွေ့ရမယ့် မင်းသား မာဒုံဆော့

ဆိုးလ်၊ မေ ၁၂

မင်းသား မာဒုံဆော့သည် တောင်ကိုရီးယားရုပ်ရှင်လောကထဲသို့ တစ်ကျော့ပြန်ဝင်ရောက်လာ ခဲ့ပြီဖြစ်သည်။ ၎င်း၏ ကြွက်သား ပေါများသည့်လက်မောင်း၊ ကျောက်သားကဲ့သို့ မာကျောသော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကြမ်းတမ်းသော အကြည့်များကြောင့် လူကြိုက်များသည့် မင်းသားမာသည် လာမည့်သီတင်းပတ်တွင် ဖြန့်ချိမည့် "The Gangster,the Cop, The Devil" အက်ရှင် ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းရုပ်ရှင်တွင် ၎င်း၏ ယောကျာ်းပီသမှုကို အလေးပေးထားသည့် ဇာတ်ကောင်အနေဖြင့် သရုပ် ဆောင်ထားသည်ကို တွေ့ရမည်။

ဆက်လက်ဖတ်ရှုရန် ...

'အဲဒီအချိန်မှာ အစ်မတို့အတွက် အားကိုးစရာဆိုလို့ ဘုရားရယ်၊ လေယာဉ်မှူးရယ်ပဲ ရှိတယ်' ခင်လေးနွယ်  

လေယာဉ်ရှေ့ဘီးများချမရ သည့်အတွက် တရွတ်တိုက်ဆင်း သက်ခဲ့ရသည့် MNA လေယာဉ် ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သရုပ်ဆောင်ခင်လေးနွယ်ကို ဆက် သွယ်ပြီး အခုလိုမေးမြန်းဖြစ်ခဲ့ပါ သည်။

မေး - မန္တလေးကို သရုပ်ဆောင် နေမင်းတို့နဲ့အတူတူ သွားဖြစ် တာလား။

ဖြေ - အမှန်တော့ အစ်မနဲ့ ယုသန္တာတင်တို့က ကိစ္စတစ်ခုနဲ့ သွားတာ။ နေမင်းတို့ စည်သူမောင် တို့က ကိစ္စတစ်ခုနဲ့ သွားတာပါ။ လေယာဉ်က တစ်စီးတည်းဖြစ် သွားတာပါ။

ဆက်လက်ဖတ်ရှုရန် ...

'စီနီယာတွေရဲ့ ရုပ်ရှင် မရိုက်ခင်မှာ ဘာတွေ ကြိုတင်ပြင်ဆင်တယ်၊ ဘယ်လိုတွေ ကြိုးစားတယ်ဆိုတာကို လေ့လာတာက ကျွန်တော့်အတွက်တော့ ပညာရပါတယ်' သရုပ်ဆောင် ကျော်ထက်အောင်

မကြာခင်ရုံတင်ပြသတော့မည့် 'စရိုက်'ရုပ်ရှင်ဇာတ်ကားကြီးနှင့်ပတ်သက် ပြီး ယင်းရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ကျော်ထက်အောင်နှင့်တွေ့ဆုံကာ ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-'စရိုက်'ဇာတ်ကားကြီးရုံတင်တော့မှာတော့ အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး တော့ ပြောပြပေးပါဦး။

ဖြေ-ဟုတ် ရင်ခုန်ပါတယ်။ ကျွန်တော်တို့က Family Show တော့ ကြည့်ပြီးပြီ။'စရိုက်'ဇာတ်ကားကအရင်တုန်းကလည်း အန်တီဝါနဲ့ ဦးထွန်းထွန်းနိုင်တို့ ရိုက်ခဲ့ ဖူးတယ်။ 'ဒေါင်ဒေါင်မြည်တဲ့အသည်း'ဆိုတဲ့နာမည်နဲ့ရိုက်ခဲ့ဖူးတာပါ။ အခု ကျွန်တော်တို့က ပြန်ရိုက်တာပေါ့နော်။ အခု'စရိုက်'ဇာတ်ကားမှာတော့ ကျွန်တော် က ဦးထွန်းထွန်းနိုင်နေရာကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားတာပါ။ Family Show ကြည့်တော့ အန်တီဝါနဲ့အတူတူကြည့်ဖြစ်ကြတယ်။ အန်တီဝါ ကိုလည်း ကျွန်တော်မေးပါတယ်။ ကာရိုက်တာဝင်ရဲ့လားလို့။ အန်တီဝါက ကာရိုက်တာဝင်တယ်လို့ ပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ လမ်းခွဲခဲ့တဲ့ Bora နဲ့ Feeldog 

ဆိုးလ်၊ မေ ၁၁

တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသမီးအဆိုတော် ဘိုရာနဲ့ နာမည်ရတေးရေးတေးဆို Feeldog  တို့နှစ်ဦးဟာ ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ လမ်းခွဲခဲ့ပြီဖြစ်လို့ all k pop  သတင်းက ဖော်ပြခဲ့ ပါတယ်။ ¤င်းတို့နှစ်ဦးဟာ ချစ်သူဖြစ်နေကြပြီလို့ ၂ဝ၁၇ခုနှစ်က ပရိသတ်ထံ အတည်ပြုအသိပေးခဲ့ကြတာပါ။  ဒါပေမဲ့ ယခုနှစ် ၂ဝ၁၉ မေ ၁ဝရက်က အနုပညာသတင်းတွေအရ ဒီ ကြယ်ပွင့်စုံတွဲဟာ ယခုနှစ် အစောပိုင်းမှာကတည်းက လမ်းခွဲခဲ့ကြပြီးဖြစ်တယ်လို့ သတင်းထွက်လာတာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...