HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အပ်ချည်ကြိုးနဲ့ ချည်နှောင်ထားတယ်လို့ ဆိုတဲ့ ဘရက်ဒလေကူးပါးနဲ့ အီရိန်ရှန့်က်တို့ရဲ့ ဆက်ဆံရေး  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၄-

မင်းသား ဘရက်ဒလေကူးပါး၏ အချစ်ရေးမှာ အပ်ချည်ကြိုးဖြင့် ချည်နှောင်ထားသည်ဟုဆိုသည်။ 'A Star is Born' ရုပ်ရှင်စတား ဘရက်ဒလေသည် ၂ဝ၁၅ ခုနှစ်မှ စတင်ကာ စူပါမော်ဒယ် အီရိန်ရှန့်က်နှင့် တွဲခဲ့သော်လည်း နှစ်ဦးသား ဆက်ဆံရေးမှာ အခြေအနေမ ကောင်းလှဘဲ သမီးဖြစ်သူကြောင့် နှစ်ဦးသားမှာ အတူရှိနေရခြင်း ဖြစ်သည်ဟု သတင်းများတွင် ဖော် ပြကြသည်။

ဆက်လက်ဖတ်ရှုရန် ...

'ကိုယ်က ချစ်ပြီ ကြိုက်ပြီ ဆိုရင် ဘေးစကား ခေါင်းထဲ မထည့်ဘူး။ ကိုယ့်ကောင်လေး ဘက်မှာပဲ ရှိတယ်' ပက်ထရစ်ရှာ

မကြာမီ ရုံတင်ပြသတော့မည့် ''ကောင်းကင်တစ်ခုအလိုရှိ သည်''ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ပက်ထရစ်ရှာနှင့် တွေ့ဆုံမေးမြန်းခြင်း..။

မေး-''ကောင်းကင်တစ်ခုအလိုရှိသည်''ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ-ဒီဇာတ်ကားကို ရိုက်ထားတာ လွန်ခဲ့တဲ့သုံးနှစ်ကျော် လောက်ကပါ။ ရုံတင်တာက တော်တော်လေးကြာတော့ မတင် တော့ဘူးလို့တောင်ထင်ခဲ့တာလေ။ အတတ်နိုင်ဆုံးတော့ ဖက်ရှင်ကို ဘယ်ခေတ်မှာဖြစ်ဖြစ် မရိုးသွားအောင် ရိုးရိုးလေးပဲ ဝတ်ဆင်ထားပါတယ်။ ကြည့်လို့အဆင်ပြေအောင် ဝတ်ဆင် ထားပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အင်တာဗျူးတစ်ခုမှာ အိုင်တီသမား ကာရိုက်တာနဲ့ ပတ်သက်ပြီး မှားယွင်းဖြေကြားထားမှုအပေါ် ပြန်လည်တောင်းပန်လိုက်တဲ့ ကောင်းမြတ်စံ  

သရုပ်ဆောင်ကောင်းမြတ်စံဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သူဖြစ်ပါတယ်။ ကောင်းမြတ်စံအနေနဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ IT သမားတစ် ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အဲဒီကာရိုက်တာပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီး အင်တာဗျုးဖြေဆိုရာမှာ စကားလုံးအသုံးအနှုန်းတစ်ခုကြောင့် ဝေဖန်မှုများစွာခံခဲ့ ရပါတယ်လို့သိရပါတယ်။ ''အဲဒီအင်တာဗျူးဖြေတဲ့အချိန်မှာ ပရိသတ်တွေကို ကျွန်တော်က လက်မှတ်ထိုးပေးနေတဲ့အချိန် ပရိသတ်တွေကလည်းများသလို ရာသီဥတုကလည်းအရမ်းကိုပူ နေတဲ့အချိန်မှာ အင်တာဗျူးဖြေလိုက်ရတာကြောင့် စကားလုံးအသုံးအနှုန်းတွေလွဲသွားတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပို၊ ပက်ထရစ်ရှာတို့၏ 'ကောင်းကင်တစ်ခု အလိုရှိသည်'ရုပ်ရှင် မကြာမီ ရုံတင်မည်

လွန်ခဲ့သော သုံးနှစ်ခန့်ကတည်းက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးပုံဖော်ထားသည့် ''ကောင်းကင်တစ်ခု အလိုရှိသည်'' အချစ်၊ ဒရာမာရုပ်ရှင်ဇာတ်ကားကို ဇွန် ၁၃ ရက်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကားတွင်ပါဝင်ထားသော သရုပ်ဆောင် အောင်ရဲလင်းက ''ဒီဇာတ်ကားထဲမှာ အိုက်တင်တွေလည်းပြောင်းထားပါတယ်။ ကျွန်တော်အရင်ကသရုပ်ဆောင်ထားတဲ့ အိုက်တင်တွေနဲ့မတူအောင်လို့ ပြောင်းလဲထားတာကြောင့် ကျွန် တော့်ရဲ့အိုက်တင် နောက်တစ်မျိုးပြောင်းထားတာကို ပရိသတ်တွေဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်''ဟု ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

X-Men ရုပ်ရှင်ကနေရတဲ့ အတွေ့အကြုံကို နှစ်ခြိုက် သဘောကျတယ်လို့ ဆိုတဲ့ မင်းသမီး ဆိုဖီတန်နာ  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂

မင်းသမီးဆိုဖီတန်နာက "X- Men: Dark Phoenix" ရုပ်ရှင်ရိုက်ကွင်းတွင် ပြိုင်ပွဲအောင်နိုင်သူတစ်ဦးအနေဖြင့် ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။ အသက်(၂၃)နှစ် အရွယ်မင်းသမီးသည် ဝင်ငွေကောင်းမည့်ရုပ်ရှင်တွင်  Phoenix  Force ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ရုပ်သရုပ် ဆောင်ရင်းရရှိခဲ့သည့် အတွေ့အကြုံကို နှစ်ခြိုက်သဘောကျသည်ဟုလည်း ၎င်းင်းက ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

'Rocketman' ရုပ်ရှင်မှ ဂေးလ်ဇာတ်ဝင်ခန်းများ ဖြတ်တောက်မှုနှင့် ပတ်သက်၍ ရုရှားကို အဆိုတော် အယ်လ်တန်ဂျွန် ဝေဖန်  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂-

အဆိုတော်ကြီး အယ်လ်တန်ဂျွန်သည် ၎င်းင်း၏ ဘဝဇာတ် ကြောင်းကို အခြေခံထားသည့် တေးသံစုံရုပ်ရှင် 'Rocketman' မှ ဂေးလ်ဇာတ်ဝင်ခန်းများအား ဆင်ဆာဖြတ်တောက်မှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံကို ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းဆုံးဖြတ်ချက်သည် လူနှစ်ဦးကြားမှ အချစ်ကို မတရားသဖြင့် လက်မခံခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ လိင်တူချစ်သူ ဗြိတိသျှဂီတပညာရှင်ကြီးအကြောင်း ပုံဖော်ထားသည့် ယင်းရုပ်ရှင်ထုတ်လုပ်သူများနှင့်အဆိုတော် ဂျွန်က ရုရှားနိုင်ငံတွင် ပြသမှုအတွင်း ဂေးလ်လိင်ဆက်ဆံမှုနှင့် မူးယစ်ဆေးသုံးစွဲ သည့် ဇာတ်ဝင်ခန်းများဖယ်ရှားခံခဲ့ရကြောင်း မီဒီယာများက သတင်း ဖော်ပြခဲ့ပြီးနောက် ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

LGBTQ အသိုင်းအဝိုင်းအတွက် ထောက်ခံမှုကိုပြသလိုက်တဲ့ တေလာဆွစ်ဖ်    

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂

အဆိုတော် တေလာဆွစ်ဖ်က LGBTQ လိင်တူချစ်သူ လူမှုအသိုင်းအဝန်းအတွက် ကာကွယ်မှုများကို တိုးမြှင့် ပေးရေးစဉ်းစားပေးရန် လွှတ်တော်အမတ်ကို တိုက်တွန်းခဲ့ပြီး ထောက်ခံကြောင်း ပြသခဲ့သည်။ အသက် ၂၉ နှစ်အရွယ် အဆိုတော်ဆွစ်ဖ်သည် ၎င်းင်း၏မွေးရပ်မြေ တန်နန်စီပြည်နယ်မှ အထက်လွှတ်တော်အမတ် လာမာအလက်ဇန္ဒားထံသို့ ရေးပို့သော စာတစ်စောင်ထဲတွင် လုပ်ငန်းခွင်၊ အိမ်နှင့် ကျောင်းများတွင် ခွဲခြားဆက်ဆံမှုမှ LGBTQ လူမှုအသိုင်းအဝန်းကို ကာကွယ်ပေးမည့် တန်းတူညီမျှမှု အက်ဥပဒေကို အဆိုတော်ဆွစ်ဖ်က ''အရမ်း အရေးကြီးတဲ့ မဲပေးမှုက မကြာခင်လာတော့မှာမို့လို့ စိတ်ဝင်တစားနဲ့ ဒီနေ့မှာ ရှင့်ဆီ စာရေးလိုက်တာပါ။

ဆက်လက်ဖတ်ရှုရန် ...

စတိတ်စင်ပေါ်မှာ ချော်လဲလို့ ဆေးရုံပြေးခဲ့ရတဲ့ HyunA

ဆိုးလ်၊ ဇွန် ၁

နာမည်ကျော် အမျိုးသမီး ကေပေါ့ပ်အဆိုတော်ဖြစ်တဲ့ Mononym အဖွဲ့မှ HyunA ဟာ Cheongju  တက္ကသိုလ်ပျော်ပွဲရွှင်ပွဲမှာ ဖျော်ဖြေနေရင်း ချော်လဲခဲ့ရကာ ယင်းဒဏ်ရာ အတွက် ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး ယခုအခါ စိုးရိမ်စရာမရှိတော့ကြောင်း ပရိသတ်တွေကို ဇွန် ၁ ရက်မှာ အင်စတာဂရမ်ကတစ်ဆင့် အသိပေး ခဲ့ပါတယ်။ HyunA ဟာ မေ ၃ဝ ရက် ဖျော်ဖြေပွဲမှာ အခြား သော ကေပေါ့ပ်အဆိုတော်တွေနဲ့အတူ သူမရဲ့ ပေါက် သီချင်းဖြစ်တဲ့ Red ကိုသီဆိုကာ စင်မြင့်ထက်မှာ ပါဖော မန့်ပြုလုပ်နေစဉ်မှာ ချော်လဲခဲ့တာပါ။ သူမကို နဘေးရှိ အမျိုး သားအဆိုတော်တစ်ဦးက ဖေးမထိန်းကူပေးခဲ့ပြီး HyunA ကလည်း သီချင်းပြီးဆုံးတဲ့အထိ ပညာရှင်ပီသစွာ ဖျော်ဖြေခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...