HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းနိုင်ငံတွင် 5G ကွန်ရက် စတင်အသုံးပြုတော့မည်  

ဘန်ကောက်

ထိုင်းနိုင်ငံတွင် စမတ်ဖုန်းအ သုံးပြုသူများ၏ တစ်ဝက်ခန့်သည် 5G ကွန်ရက်စနစ်ကို ခြောက်လအတွင်း ပြောင်းလဲသုံးစွဲကြလိမ့် မည်ဟု ဇွန် ၅ ရက်သတင်းများ အရ သိရှိရသည်။ ယင်းကို  Eric-sson Consumer Lab  က မတ်လ မှစတင်ကာ လူပေါင်း ၁၅ဝဝ ကို သုတေသနပြုကာ သတင်းထုတ် ပြန်ခြင်းဖြစ်သည်။ ယင်းသို့စတင် ရာတွင် ပြည်တွင်း Operator များ က စတင်ပြောင်းလဲသုံးစွဲကြမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

Future Forward Party ခေါင်းဆောင်ကို ထိုင်းပါတီခုနစ်ခုက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်း  

ဘန်ကောက်

ဖူထိုင်းပါတီဦးဆောင်သော ထိုင်းနိုင်ငံရေးပါတီ ခုနစ်ပါတီသည် Future Forward Party ခေါင်း ဆောင် သာနတ်သွန်ဂျုအမ်ဂရွန်းဂရူ ဟန်ကစ်အား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလိုက်သည်ဟု ဇွန် ၅ ရက်သတင်းများအရသိရသည်။ ယင်းသည် ထိုင်းဝန်ကြီးချုပ်သစ်တစ်ဦး ရွေးချယ်နိုင်ရေးအတွက် နောက်ဆုံးအမည်စာရင်း တင်သွင်းလာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အင်ဒိုနီးရှားနိုင်ငံတွင် ကုန်တင်လှေတစ်စင်း နစ်မြုပ်၊ ၁၇ ဦးပျောက်ဆုံးနေ

ဂျကာတာ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်တင်လှေတစ်စင်းနစ်မြုပ်ခဲ့ပြီး နောက် လူ ၁၇ ဦးပျောက် ဆုံးနေကြောင်း အာဏာပိုင်များက ဇွန် ၅ ရက်တွင်ပြောဆိုခဲ့သည်။  ယင်းဖြစ်ရပ်သည် ကျွန်းစုများဖြင့်ဖွဲ့စည်းထားသည့် အင် ဒိုနီးရှားနိုင်ငံတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် ရေကြောင်းမတော် တဆမှုလည်းဖြစ်သည်။ ယင်းလှေမှာ ဇွန် ၁ ရက်နေ့လယ် ပိုင်းတွင် ယာဉ်ပေါ်ပါ လူ ၁၈ ဦးနှင့်အတူ မှောက်သွားခဲ့ခြင်းဖြစ်သည်။ ယင်းလှေသည် ဆူလာဝေစီကျွန်းမြောက်ပိုင်းရှိ ဘစ် တွန်းမြို့မှ တောင်ပိုင်း မိုရိုဝါလီဒေသသို့ ခုတ်မောင်းနေခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးအရာရှိများကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းခြေအောင်ပွဲ ၇၅ နှစ်မြောက်နေ့ ဗြိတိန်တွင် ကျင်းပ

လန်ဒန်

လွန်ခဲ့သော (၇၅)နှစ်ကာလ ဒုတိယကမ္ဘာစစ်အတွင်းက နာစီဂျာမန်တို့ ဥရောပအား လွှမ်းမိုးရန်ကြံစည်ခဲ့သော ကျူး ကျော်မှုအား မဟာမိတ်တပ်များက ပြင်သစ်နော်မန်ဒီကမ်းခြေမှ စစ်ရေးအရ တိုက်ခိုက်အောင်ပွဲခံနိုင်ခဲ့သော D-Day အောင်ပွဲခံ (၇၅)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို အင်္ဂလန်နိုင်ငံတောင်ပိုင်း ပို့စ်မောက်မြို့ကလေး၌ ဇွန် ၅ ရက်က ကျင်းပခဲ့ရာ ဒုတိယကမ္ဘာစစ်ပြန် စစ်သည်သူရဲကောင်းကြီးများနှင့်အတူ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ ဗြိတိန်ဘုရင်မကြီး ဒုတိယ မြောက် အဲလီစဘတ်တို့ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ဟု ဇွန် ၅ ရက် သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံအတွင်း ပလတ်စတစ်အိတ် မသုံးရန် ရည်ရွယ်ချက်ဖြင့် တန်ဇန်းနီးယား သမ္မတ ကိုယ်တိုင် ဝါးခြင်းတောင်းဖြင့် ဈေးဝယ်ထွက်ပြ  

ဒါရက် ဆာလမ်

နိုင်ငံတွင်း ပလတ်စတစ်အိတ်အသုံးပြု ခြင်းအပေါ် တားဆီးခြင်းကို ထောက်ခံမှုတစ်ခု အနေဖြင့် တန်ဇန်းနီးယားသမ္မတက ဝါးခြင်း တောင်းလေးနှင့် ဈေးဝယ်ထွက်ခဲ့သည်။ ဘူဒိုဇာဟု နာမည်ပြောင်ရရှိထားသော တန်ဇန်နီးယားသမ္မတ ဂျွန်မာဂူဖူလီက ဒါရက် ဆာလမ်မြို့ရှိ ငါးဈေးတစ်ခုသို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သာမန်အားဖြင့် တန်ဇန်းနီးယားနိုင်ငံတွင် အမျိုးသားတစ်ဦးကို ဈေးဝယ်ခြင်းတောင်းလေးဖြင့် မြင်တွေ့ရ ခြင်းမှာ ထူးဆန်းသောကိစ္စတစ်ခုပင်ဖြစ်သည်။ သမ္မတတစ်ဦးအတွက်ဆိုလျှင် ပို၍ထူးဆန်း နေသေးသည်။ သမ္မတ၏လုပ်ရပ်က နိုင်ငံတွင်း ဇွန် ၁ ရက်မှ စတင်အကျုံးဝင်ခဲ့သည့် ပလတ် စတစ်အိတ် အသုံးပြုခြင်းအပေါ် တားဆီးခြင်း ကို ထောက်ခံသည့်သဘောလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တိန့်အန်မင်ရင်ပြင် ဖြိုခွဲခံရမှု နှစ် ၃ဝ ပြည့်အခမ်းအနား ကျင်းပ၊ လူထောင်ချီ တက်ရောက်  

ဟောင်ကောင်၊

ပေကျင်းမြို့ တိန့်အန်မင်ရင်ပြင်ရှိ ဆန္ဒ ပြသူများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း နှစ်၃ဝ ပြည့် အခမ်းအနားကို ဟောင်ကောင်မြို့တွင် ပြုလုပ်ခဲ့ရာ လူထောင်ပေါင်းများစွာ တက် ရောက်ခဲ့ကြောင်း သိရသည်။ တိန့်အန်မင် ဖြိုခွင်းမှုအတွင်း လူမည်မျှ သေဆုံးခဲ့သည်ကို တရုတ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာဖူးခြင်း မရှိသော်လည်း သေဆုံးသူ ရာချီရှိနိုင်သည်ဟု ယူဆရသည်။

ဆက်လက်ဖတ်ရှုရန် ...

လူမြင်ကွင်းမှ ကာလရှည် ပျောက်ကွယ်နေသည့် ကင်ဂျုံအန်ညီမ ပြန်လည်ထွက်ပေါ်လာ  

မားနက်

အမေရိကန်နှင့် မအောင်မြင်ခဲ့သော နျူကလီးယားအရေး ဆွေးနွေးပွဲများအပြီး ရာထူးမှဖယ်ရှားခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမငယ်ဖြစ်သူကို ဇွန် ၃ ရက်က လူမြင်ကွင်းတွင် ပြန်လည်မြင်တွေ့ခဲ့ရသည်ဟု Fox News သတင်းတွင် ဖော်ပြသည်။ ယင်းက ရက်ပေါင်း ၅ဝ အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၅ဝ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းလျှော့ချနိုင်ရေး ဒေါ်လာ ၅ ထရီလီယံတန် စီမံကိန်းကို ကန်ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဖော်ထုတ်တင်ပြ  

ဝါရှင်တန်၊ ဇွန် ၎

အမေရိကန်ဒီမိုကရက်ပါတီ မှ ၂ဝ၂ဝ ပြည့်နှစ် သမ္မတဟောင်း တစ်ဦးဖြစ်သူ ဂျိုးဘိုင်ဒင်က ဒေါ်လာ ၅ ထရီလီယံတန် ရာသီဥတု စီမံကိန်းတစ်ရပ်အား တင်ပြခဲ့ပြီး၊ ယင်းအရသက္ကရာဇ် ၂ဝ၅ဝ ပြည့် နှစ်တွင် ကာဗွန်ဓာတ်ငွေ့လျှော့ချသည့် အစီအစဉ်သည် သုညရာခိုင် နှုန်း ထုတ်လွှတ်မှုရှိစေမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံအနေဖြင့် ယင်း အစီအစဉ်ကို ရာသီဥတုဆိုင်ရာ ပြောင်းလဲစေနိုင်မှုအတွက် ပါဝင်နိုင်စေရန် မိမိဦးဆောင်သွားမည် ဟုလည်း ထုတ်ဖော်ပြောကြား လိုက်သည်ဟု ဇွန် ၄ ရက်သတင်း များအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...