HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဖိလစ်ပိုင်အစိုးရက ဝန်ထမ်းများအား ကနေဒါနိုင်ငံသို့ ခရီးသွားလာခြင်း မပြုရန် တားမြစ်

ဖိလစ်ပိုင်အစိုးရက ဝန်ထမ်းများအား ကနေဒါနိုင်ငံသို့ ခရီးသွားလာခြင်း မပြုရန် တားမြစ်

မနီလာ၊ မေ ၂၆

ဖိလစ်ပိုင်အစိုးရသည် ကနေဒါနိုင်ငံမှ အမှိုက်များအား ကွန်တိန်နာပုံးများတွင်ထည့်ကာ ဖိလစ်ပိုင်နိုင်ငံသို့လာရောက်စွန့်ပစ်မှုအား အကြိမ်ကြိမ်ကန့်ကွက်နေသည့်ကြားမှ မနာခံဘဲ ဆက်လက်စွန့် ပစ်မြဲစွန့်ပစ်နေသောကြောင့် ဖိလစ်ပိုင်အစိုးရအရာရှိနှင့်ဝန်ထမ်းများ ကနေဒါနိုင်ငံသို့ ရုံးကိစ္စတာ ဝန်ဖြင့်ဖြစ်စေ၊ အလွတ်သဘော မျိုးသွားရောက်သည်ဖြစ်စေ သွား ရောက်ခြင်းမှ တားမြစ်လိုက်သည်ဟု ဖိလစ်ပိုင်သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဆေလ်ဗိဒိုပီနာလိုက မေ ၂၆ ရက်က သတင်းအတည် ပြုထုတ်ဖော်ပြောဆိုလိုက်သည်။

''ဖိလစ်ပိုင်အစိုးရဌာနအကြီး အကဲများ၊ ပြည်တွင်းအေဂျင်စီအ ဖွဲ့အစည်းများကို အထက်ပါအ တိုင်း ညွှန်ကြားချက်ကို မေ ၂ဝ ရက်ကတည်းက ညွှန်ကြားစာပို့ ထားပြီးဖြစ်ပါတယ်''ဟု ၎င်းင်းက ဆက်လက်ပြောကြားလိုက်သည်။ ကနေဒါနိုင်ငံသည် ၎င်းင်းနိုင်ငံ ထွက်အမှိုက်သရိုက်စွန့်ပစ်ပစ္စည်း များကို ကွန်တိန်နာများဖြင့်ထည့်ကာ ဖိလစ်ပိုင်နိုင်ငံသင်္ဘောဆိပ်များသို့ သင်္ဘောဖြင့် ခြောက်နှစ် ကြာတင်ပို့နေခဲ့ပြီးဖြစ်သည်။ ယင်းသို့ ကနေဒါ၏စော်ကားသောပြုမူမှုကို ဖိလစ်ပိုင်အစိုးရက အကြိမ် ကြိမ်ကန့်ကွက်ခဲ့ပြီးဖြစ်သည်။ သို့ သော် ကနေဒါအစိုးရသည် ယင်းသို့ယဉ်ကျေးမှုကင်းမဲ့သောလုပ်ရပ်ကို မရပ်ဘဲ ဆက်လက်လုပ် ကိုင်ကာ ဖိလစ်ပိုင်နိုင်ငံတွင်းသို့ အမှိုက်များသင်္ဘောဖြင့်တင်ပို့စွန့် ပစ်နေဆဲဖြစ်သည်။


၂ဝ၁၃ နှင့် ၂ဝ၁၄ ခုနှစ်များအတွင်း အမှိုက်ကွန်တိန်နာ ၁ဝ၇၃ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ဖိလစ်ပိုင်တအကောက်ခွန်ဌာနကလည်း အိမ်သုံးမီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များ၊ ပလတ်စတစ်ဘူးခွံများ၊ ပလတ်စတစ်အိတ်များ၊ သတင်းစာအဟောင်းများနှင့် အမျိုးသမီး သုံးအညစ်အကြေးများထည့်ထား သော ပလတ်စတစ်အိတ်များ ကွန်တိန်နာများအတွင်းတွေ့ရှိရ၍ ပြင်းထန်စွာကန့်ကွက်ကာ အစိုးရထံ တင်ပြအစီရင်ခံခဲ့သည်။ လက်ရှိတွင်လည်း မနီလာနှင့်ဆူဘစ်ဆိပ် ကမ်းများတွင် အမှိုက်ကွန်တိန်ာ ၆၉ လုံးစုပုံလျက်ရှိနေသည်ဟု ပီနာလို၏စာတွင်ဖော်ပြသည်။ ယခုလအစောပိုင်းကလည်း ကနေ ဒါအမှိုက်ကွန်တိန်နာသင်္ဘောများ အား မေ ၁၅ ရက်မတိုင်မီ ပြန်လှည့် သွားရန်ကနေဒါအစိုးရသို့ မေတ္တာ ရပ်ခံခဲ့သော်လည်း အော့တဝါ အစိုးရသည် လိုက်နာမှုမရှိခဲ့ချေ။ အမှိုက်များကို ပြန်လည်သယ် ယူပါက သင်္ဘောတင်ခကုန်ကျစရိတ် ကို ဖိလစ်ပိုင်အစိုးရမှပေးချေမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ကနေဒါ အစိုးရသည် အကြောင်းပြန်ခြင်း မပြုလုပ်ခဲ့ချေ။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top