HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မက္ကဆီကို စစ်တပ်ရဟတ်ယာဉ် ပျက်ကျ၊ ခြောက်ဦးသေဆုံး

မက္ကဆီကို စစ်တပ်ရဟတ်ယာဉ် ပျက်ကျ၊ ခြောက်ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ မေ ၂၆

မီးသတ်စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်နေခဲ့သော မက္ကဆီကိုစစ်တပ်ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်းတွင်မေ ၂၄ ရက်ကပျက်ကျခဲ့ပြီးနောက် ရေတပ်အဖွဲ့သားငါးဦးနှင့် အမျိုးသားသစ်တောကော်မရှင်မှ စုံစမ်းရေးမှူးတစ်ဦးတို့ သေဆုံးခဲ့ ကြောင်းရေတပ်က မေ ၂၅ ရက် တွင်ပြောဆိုခဲ့သည်။ MI-17 အမျိုးအစားရဟတ်ယာဉ်သည် အလယ် ပိုင်းရှိ ကွာရီတာရိုပြည်နယ်မှ ဂျယ်ပန်ဒီဆီရာမြို့ မြောက်ဘက် ၅၅ မိုင်အကွာခန့်တွင်ထိုးကျခဲ့ ခြင်းဖြစ်ကြောင်း ရေတပ်ကပြောခဲ့သည်။

ပျက်ကျရသည့်အကြောင်း အရင်းကို ရှင်းရှင်းလင်းလင်းမသိရ သေးပေ။ ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ညပိုင်းအတွင်း စစ်ဆင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရပြီးနောက် နောက်တစ် နေ့နံနက်အစောပိုင်းတွင် ရဟတ်ယာဉ်မှ အပျက်အစီးအပိုင်းအစများကို ကင်းထောက်အဖွဲ့တစ်ခုကရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်သတင်းထုတ်ပြန်ချက်တစ်ခုတွင်ဆိုသည်။ သမ္မတအန် ဒရီးမန်နူယယ်လိုပက်ဇ်အိုဘရာ ဒေါအပါ အဝင်တာဝန်ရှိသူများ ကရဟတ်ယာဉ်ပျက်ကျသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မေ ၂၄ ရက်တွင် သေဆုံးသူအမှုထမ်းများ အတွက်တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ ကြသည်။ 

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top