HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပိုလန်နိုင်ငံ၏ အာဏာရဥပဒေနှင့် တရားမျှတရေးပါတီက ဥရောပ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိ

ပိုလန်နိုင်ငံ၏ အာဏာရဥပဒေနှင့် တရားမျှတရေးပါတီက ဥရောပ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိ

ဝါဆော၊ မေ ၂၇

ပိုလန်နိုင်ငံ၏အာဏာရဥပဒေနှင့်တရားမျှတရေးပါတီ(Pis)သည် ဥရောပပါလီမန်ရွေးကောက်ပွဲတွင် မဲ ၄၂ ဒသမ ၄ ရာခိုင်နှုန်းကိုအနိုင်ရရှိခဲ့ကြောင်း။ ဥရောပမဟာ မိတ်ပါတီ (KE)မှာ မဲ ၃၉ ဒသမ ၁ ရာခိုင်နှုန်းရရှိခဲ့ကြောင်း မဲရေတွက်ပြီးနောက်စာရင်းက ဖော်ပြလိုက်ကြောင်း ဆင်ဟွာသတင်းက မေ ၂၇ ရက်တွင်ရေးသားခဲ့သည်။ Pis ပါတီသည် အမတ်နေရာ ၂၄ နေရာရရှိခဲ့ပြီး Pis ပါတီသည် အမတ် ၂၂ နေရာရရှိခဲ့ကြောင်း သတင်းကဖော်ပြလိုက်သည်။

ဥရောပပါလီမန်တွင် အခြား ပါတီနှစ်ခုသာပါဝင်ခွင့်ရတော့မည် ဖြစ်သည်။ အသစ်ဖွဲ့စည်းလိုက် သော ဆိုရှယ်ဒီမိုကရက်ပါတီ Wiosna (spring) မှာ အမတ်သုံး နေရာရရှိခဲ့ပြီး မဲ ၆ ဒသမ ၆ ရာ ခိုင်နှုန်းရရှိခဲ့သည်။ လက်ယာစွန်း မဟာမိတ် ကွန်ဖီဒါရေးရှင်းပါတီ ကလည်း အမတ်သုံးနေရာရရှိခဲ့ပြီး မဲ ၆ ဒသမ ၁ ရာခိုင်နှုန်းရရှိခဲ့ ကြောင်းသိရသည်။ ယနေ့သည် အလွန်အရေးပါ သောနေ့ဖြစ်ကြောင်း၊ ဤနေ့ကို မိမိတို့တန်ဖိုးထားကြောင်း။ မိမိတို့၏ ဥရောပပါလီမန်သည် စိန်ခေါ် မှုများစွာနှင့်တွေ့ကြုံရလိမ့်မည်ဖြစ် ကြောင်း။ သို့ရာတွင်မိမိတို့နိုင်ငံ အတွက် အရေးတကြီးလုပ်ဆောင် ရမည်မှာ ဆောင်းရာသီဖြစ်ကြောင်း မိမိတို့သည်မဲများစွာကွာခြားကာ အနိုင်ရရှိခဲ့ကြောင်း Pis ခေါင်း ဆောင် ဂျော်ရို့စ်လောကာဇင်စကီ ကပြောကြားလိုက်သည်။


ပါတီဗဟိုဌာနချုပ်၌ မိန့်ခွန်း ပြောကြားနေစဉ် ထောက်ခံသူများ နှင့်ပါတီဝင်များက ''ဂျော်ရို့စ်လော'' ''ဂျော်ရို့စ်လော''ဟု ကျယ်လောင် အော်ဟစ်ကာ ထောက်ခံခဲ့ကြသည်။ ယင်းအောင်မြင်မှုမှာ တစ်ဝက်သာရှိသေးကြောင်း။ မိမိတို့သည် ဥရောပမဟာမိတ်များထူထောင် သွားရမည်ဖြစ်ကြောင်း။ ဤသည်မှာကြီးမားသောအောင်ပွဲပင်ဖြစ် ကြောင်း။ KE ခေါင်းဆောင်ဂေါ်ရက်ဇ်က ရွေးကောက်ပွဲအဖြေထွက်ပြီး နောက် ပြောကြားလိုက်သည်။


၎င်းင်းကပါတီငါးခုမဟာမိတ် ဖွဲ့ကာ KE ပါတီက Pis ပါတီကို ရင်ဆိုင်သွားမည်ဟု ပြောကြားလိုက်သည်။ KE  ပါတီခေါင်းဆောင်က အတိုက်အခံများ ညီညွတ်ရမည် ဖြစ်ကြောင်း၊ ဤသည်မှာပထမအဆင့်သာရှိသေးကြောင်း ပြောကြားခဲ့သည်။ ယခုအနိုင်ရရှိမှုသည် အောက် တိုဘာရွေးကောက်ပွဲအတွက် အဓိကအချက်ဖြစ်သည်ဟုလည်း ၎င်းင်းကဆိုသည်။ 

 

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top