HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းဘုရင့်အကြံပေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရင်တင်ဆူလာနွန်ဒါ အသက် (၉၈)နှစ်တွင် ကွယ်လွန်

ထိုင်းဘုရင့်အကြံပေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရင်တင်ဆူလာနွန်ဒါ အသက် (၉၈)နှစ်တွင် ကွယ်လွန်

ဘန်ကောက်၊ မေ ၂၇

ထိုင်းနိုင်ငံ ဘုရင့်အကြံပေးအဖွဲ့ ပရီဗီးလ်ကောင်စီဥက္ကဋ္ဌနှင့် ထင်ရှားကျော်ကြားသော ထိုင်းနိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးပရင်တင်ဆူလာနွန်ဒါ(အသက် ၉၈ နှစ်)သည် ပရန်မွန်ကွတ်လောင် ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်ဟု မေ ၂၇ ရက် ထိုင်းမီဒီယာသတင်းများအရ သိရှိရသည်။ နှလုံးရောဂါ ရုတ်တရက်ဖောက်လာသော¤င်း အားယင်းနံနက် ၅ နာရီအချိန်က ဆီဆောင်သီဝက်စ်နေအိမ်မှ စစ် ဆေးရုံသို့ အရေးပေါ်တင်ပို့ကုသခဲ့သော်လည်း ယင်းနေ့နံနက်ပိုင်း အချိန်ကပင် သေဆုံးသွားခဲ့သည် ဟု နံနက် ၉ နာရီ ၉ မိနစ်အချိန်က သတင်းထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရင်သည်ထိုင်း တော်ဝင်ဘုရင်ဖြစ်သူနှင့်ဆက်ဆံ ရေးအဆင်ပြေသူဖြစ်သည်။ ယခင်နတ်ရွာစံဘုရင် ဘူမိဘော၏ဘကြီး တော်အရာရှိတစ်ဦးလည်းဖြစ်သည်။ ထိုင်းနိုင်ငံအား ထိန်းကျောင်းမှုရှိ သော ဒီမိုကရေစီစနစ်ချမှတ်ကျင့် သုံးလိုသူဖြစ်သည်။ ၎င်းင်းအား ၁၉၂ဝ ပြည့်နှစ် သြဂုတ်၂၆ ရက်က ဆောင် ခလာပြည်နယ်၊ မောင်းခရိုင်တွင်ဖွားမြင်ခဲ့ပြီး မွေးချင်းရှစ်ဦးရှိသည်။ ပရင်ဟူသော ၎င်းင်း၏အမည်အား ထိုင်းသာသနာပိုင်ဘုန်းတော်ကြီး တစ်ပါးဖြစ်သော ဖရာရတ္ထန်နာသာ မုနိက မှည့်ခေါ်ပေးခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်က ဆွန်ခလာပြည်နယ် မဟာဝိဇယဗောဓိ တိုင်းရင်းဘာ သာသင်ကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၉၃၇ ခုနှစ်တွင်ဘန်ကောက် တက္ကသိုလ်မှဘွဲ့ရရှိခဲ့သည်။ ဆက်လက်၍ထိုင်းတပ်မတော်စက်မှုပ ညာရေးကျောင်း၊ မြင်းသည်တော် တပ်ဖွဲ့သို့တက်ရောက်ကာ ဒုတိယ ကမ္ဘာ့စစ်အတွင်း အင်ဒိုချိုင်းနား စစ်ပွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်။


စစ်ကြီးပြီးဆုံးပြီး ထိုင်းတပ် မတော်အရာရှိ¤င်းအား ၁၉၅၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကင်တပ်ကီ ပြည်နယ် Fort Knox မြင်းစီးသင် တန်းကျောင်းသို့ ပညာတော်သင် အဖြစ်စေလွှတ်ခံခဲ့ရသည်။ သင်တန်းဆင်းပြီးနောက် ထိုင်းနိုင်ငံ ဆာရာဘူရီပြည်နယ် စစ်မြင်းတပ် ဖွဲ့ကျောင်းအုပ်ကြီးအဖြစ် ခန့်ထား ခြင်းခံရသည်။ ၁၉၆၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့်ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ထိုင်းအရှေ့မြောက်ဖျား အမှတ်(၂)တပ်မတော်၌ ဒု-တပ်ရင်း မှူးအဖြစ်တာဝန်ထမ်းဆောင်ရသည်။ ၁၉၇၄ ခုနှစ်တွင် ယင်းတပ်တွင်ပင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင် ထိုင်းဒုတိယကာကွယ် ရေးဦးစီးချုပ်။ ၁၉၇၈ ခုနှစ်တွင် ထိုင်းတပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ဗိုလ်ချုပ်ကြီးပရင်သည် ထိုင်းကွန်မြူနစ်သူပုန်များနှင့်အောင်မြင်စွာ စေ့စပ်ညှိနှိုင်းနိုင်ခဲ့၍ ထိုင်းနိုင်ငံရေးလောကတွင် ထင်ရှားသူတစ်ဦးနှင့်ထိုင်းခေတ်သစ်နိုင်ငံရေးဗိသုကာတစ်ဦးလည်းဖြစ်သည်။


၎င်းင်းအား ၂ဝဝ၆ ခုနှစ်က ထိုစဉ်က ဝန်ကြီးချုပ် သက်ဆင်ရှီ နာဝပ်ထရာထံမှ အာဏာသိမ်းယူခဲ့သူအဖြစ် ဝေဖန်ပြောဆိုခံရသူ ဖြစ်သည်။ ၎င်းင်းသည် ထိုင်းနိုင်ငံရေးလောကသို့ ၁၉၅၉ ခုနှစ်တွင်စတင်ဝင် ရောက်လာခဲ့ကာ ၁၉၆၈ မှ ၁၉၇၁ ခုနှစ်များအတွင်း ထိုင်းအထက် လွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့သည်။ ၁၉၇၂-၇၃ ခုနှစ်တွင် ပါလီမန်အမတ်၊ ၁၉၇၆ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်၏ အကြံပေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဒုတိယဝန်ကြီး၊ ကာကွယ်ရေးဒုတိယဝန်ကြီးနှင့် ၁၉၈ဝ မှ ၁၉၈၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ၁၆ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ဘုရင့်အကြံပေးကောင် စီ(ပရီဗီးလ်ကောင်စီ)ဝင်တစ်ဦးအ ဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ဗိုလ်ချုပ်ကြီး ပရင်သည် အိမ် ထောင်မရှိသူ လူပျိုကြီးတစ်ဦးဖြစ်သည်။ 

Ref:The Bangkok Post

#democracytoday

Rate this item
(0 votes)
back to top