HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကွန်ဂိုနိုင်ငံတွင် လှေမှောက်၊ လူ ၃ဝ သေဆုံး၊ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ  

ကွန်ဂိုနိုင်ငံတွင် လှေမှောက်၊ လူ ၃ဝ သေဆုံး၊ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ   

ကင်ရှာဆာ၊ မေ ၂၇

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအနောက်ပိုင်းရှိ ရေကန်တစ်ခုတွင် လှေမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နောက် မေ ၂၇ ရက်တွင် အနည်း ဆုံးလူ ၃ဝ သေဆုံးခဲ့ပြီး ဒါဇင်နှင့် ချီ၍ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ မြို့တော်ဝန်က ပြော ကြားခဲ့သည်။ အင်နိုဂိုမြို့တော်ဝန် မစ္စတာဆိုင်မွန်ဘိုဝမ်ဘာက 'ကျွန်တော်တို့ ဟာ အမျိုးသမီး ၁၂ ဦး၊ ကလေးငယ် ၁၁ ဦးနှင့် အမျိုးသားခုနစ်ဦးအ ပါအဝင် အလောင်း ၃ဝ ကို တွေ့ ရှိထားပါတယ်'ဟု ပြောကြားခဲ့သည်။ ထို့ပြင် လှေပေါ်တွင် ခရီးသည် ၃၅ဝ ကျော်ပါရှိခဲ့ပြီး ၁၈၃ ဦး အသက် ရှင်ကျန်ခဲ့သည်ဟု ဆိုသည်။

ယင်းမတော်တဆမှုသည် မိုင်- ဒွန်ဘဲရေကန်တွင် မေ ၂၅ ရက် ညပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြို့တော်ဝန်က 'သေဆုံးသူအရေအတွက် အခြေအနေအရ ပြောင်းလဲ နေဆဲဖြစ်ပါတယ်'ဟု ပြောကြားခဲ့သည်။ ထို့ပြင် အများစုမှာ တရားမဝင် နယ်မြေရွှေ့ပြောင်းလာသူများ ဖြစ်နိုင်သည့်အတွက် ခရီးသည်အ ရေအတွက် အတိအကျသိရှိနိုင် ရန်ခက်ခဲကြောင်းဆိုသည်။ မြစ် ကြောင်းသယ်ယူပို့ဆောင်ရေးသည် ကွန်ဂိုနိုင်ငံတွင် ရေလမ်းကြောင်း များစွာဖြင့် အသုံးအများဆုံးလည်း ဖြစ်သည်။ လှေမတော်တဆမှုများသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ဝန်ပိုတင်ဆောင်ခြင်းကြောင့် ပုံမှန်ဖြစ်ပွားလေ့ရှိသည်။


အသက်ကယ်အင်္ကျီများ မပါရှိခြင်းနှင့် ကွန်ဂိုနိုင်ငံသားများ သည် ရေမကူးတတ်သည့်အတွက် သေဆုံးသူ အရေအတွက်မှာ ရံဖန်ရံခါ မြင့်တက်လေ့ရှိသည်။ လွန်ခဲ့ သောလတွင် မတော်တဆမှုနှစ်ခု၌ အနည်းဆုံးလူ ၁၆၇ ဦးသေဆုံး ခဲ့ပြီး သမ္မတ ဖိလစ်ရှီဆဲကဲဒီကလည်း ခရီးသည်လှေများအနေဖြင့် အသက်ကယ်ဗောကွင်းများ မဖြစ်မနေထား ရှိရန် တိုက်တွန်းထားသည်။


လွန်ခဲ့သောနှစ် စက်တင်ဘာလတွင်နစ်မြုပ်ခဲ့သော လှေတစ်စင်း ကြောင့် လူ ၂၇ ဦး၊ ယင်းနှစ် ဇူလိုင်လတွင် ၂၆ ဦး၊ မေလတွင် ၅ဝ ဦး၊ ဧပြီလတွင် ၄ဝ ဦးတို့သည်လည်း တိုက်ခိုက်မှုများမှ ထွက်ပြေးလာစဉ် လှေနစ်မြုပ်မှု ကြောင့် ရေနစ်သေဆုံးခဲ့ရကြောင်းသိရသည်။ ဆာဟာရဝန်းကျင်ရှိ အာဖရိက၏ အကြီးမားဆုံးနိုင်ငံ ဖြစ်သော ကွန်ဂိုတွင် ဒေသတွင်း ပဋိပက္ခများနှင့် ရုန်းကန်နေရလျက် ရှိနေပြီး နယ်ဝေးဒေသများတွင် ကင်ရှာဆာရှိ ဗဟိုအစိုးရ၏ ထိန်း ချုပ်မှုမှာ အားနည်းလျက်ရှိသည် ဟုဆိုသည်။

Ref:AFP

#democracytoday

Rate this item
(0 votes)
back to top