HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လူသေဆုံးမှုနှင့် ပြည့်ကျပ်မှုများရှိခဲ့ပြီးနောက် ဧဝရက်တောင်တက် စည်းမျဉ်းများကို ပြောင်းလဲမည်ဟု နီပေါ ဆို

လူသေဆုံးမှုနှင့် ပြည့်ကျပ်မှုများရှိခဲ့ပြီးနောက် ဧဝရက်တောင်တက် စည်းမျဉ်းများကို ပြောင်းလဲမည်ဟု နီပေါ ဆို

ခတ္တမန္ဒူ၊ မေ ၃ဝ

ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ပေါ်သို့ တက်ရောက်သည့် လူများပြည့်ကျပ်နေခြင်းနှင့် ပတ် ဝန်းကျင်အခြေအနေမှာ တိရစ္ဆာန်ရုံသကဲ့သို့ ဖြစ်နေခြင်းကြောင့် တောင်တက်စည်းမျဉ်းများကို ပြောင်းလဲရန် စဉ်းစားနေကြောင်း နီပေါတာဝန်ရှိသူများက မေ ၂၉ ရက်တွင်ပြောဆိုခဲ့သည်။  ပါလီမန်အဖွဲ့ဝင် မစ္စတာယက် ရာရတ်ဂ်ျဆူနူဝါက ''ဥပဒေဟောင်း တွေအားလုံးကို ပြန်သုံးသပ်ဖို့အချိန်ကျပါပြီ''ဟုပြောခဲ့သည်။ ယခု အချိန်အထိ မည်သူမဆိုဧဝရက်တောင်တက်ခွင့်ရရှိနိုင်သော်လည်း ယခုနှစ်တွင် တောင်ထိပ်ပေါ်တွင် လူများစုပုံနေခြင်းနှင့် မကျွမ်းကျင် သော တောင်တက်သူများပါရှိ လာမှုတို့ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ် တောင်တက်ရာသီ အတွင်း တောင်တက်သမား အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပြီဖြစ်ပြီး လူသေဆုံးမှုအများဆုံး တောင်တက်ရာသီလည်း ဖြစ်ခဲ့သည်။ အများစုမှာမလိုအပ်ဘဲ သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း ဝါရင့်တောင် တက်သူများက ပြောဆိုထားပြီး ဧဝရက်တောင်တက်ရန် ကြိုးစားသည့် တက်သစ်စ တောင်တက် သမားအရေအတွက် တိုးမြင့်လာ ခြင်းသည် လူတိုင်းအတွက် အန္တ ရာယ်ပိုများစေကြောင်း သိရသည်။


နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ ရှိ အစိုးရအရာရှိများက တောင် တက်သမားအားလုံးအနေဖြင့် တောင်တက်အတွေ့အကြုံသက် သေနှင့် ကျန်းမာရေးကောင်းမွန် ကြောင်း အသိအမှတ်ပြုလက်မှတ် တင်သွင်းရန်လိုအပ်ကြောင်း လေ့ လာတွေ့ရှိထားရသည်ဟုဆိုသည်။
နီပေါခရီးသွားလုပ်ငန်းဌာန မှ အကြီးတန်းအရာရှိ မစ္စမီရာ အက်ချာရာက ''လေ့လာရေးကဏ္ဍ မှာ ပြောင်းလဲမှုအချို့ ရှိလာမှာပါ။ ဧဝရက်တောင်တက်သမားအားလုံးအတွက် အရေးကြီးတဲ့အချက် တွေအပါအဝင် တချို့ကိစ္စတွေကို ပြောင်းလဲဖို့ ကျွန်မတို့ဆွေးနွေး နေကြပါတယ်''ဟုဆိုသည်။ ဧဝရက်တောင်သည် နီပေါနှင့်တရုတ် နယ်စပ်ရှိ ရေခဲနှင့်ကျောက်တုံးထူ ထပ်သောတောင်ကြီးဖြစ်သည်။ တရုတ်ဘက်အခြမ်းမှ ယခုနှစ်အတွင်း တောင်တက်သမား ၃ဝဝ ကျော်တက်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ပြီး နီပေါဘက်အခြမ်းမှ လူပေါင်း ၈ဝဝ နီးပါးတက်ရောက်ခဲ့ရာတွင် ကိုးဦးသေဆုံးခဲ့ရသည်။

Ref: NTTIMES

#democracytoday

Rate this item
(0 votes)
back to top