HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဖိလစ်ပိုင် ဆိပ်ကမ်းတွင် စွန့်ပစ်ထားသော အမှိုက်များကို ကနေဒါအစိုးရ ပြန်သယ်ယူ  

ဖိလစ်ပိုင် ဆိပ်ကမ်းတွင် စွန့်ပစ်ထားသော အမှိုက်များကို ကနေဒါအစိုးရ ပြန်သယ်ယူ   

မနီလာ၊ မေ ၃၁

ကနေဒါအစိုးရက ဖိလစ်ပိုင် ဆိပ်ကမ်းများသို့ လာရောက်စုပုံထားသော စွန့်ပစ်အမှိုက်ကွန်တိန်နာ ၆၉ လုံးကို မေ ၃၁ ရက် နံနက် ပိုင်းမှစတင်ကာ ပြန်လည်သယ်ယူ နေပြီဖြစ်သည်ဟု ဖိလစ်ပိုင်ဆိပ်ကမ်း အရာရှိတစ်ဦးဖြစ်သူ ဝီလ်မာအစ္စမာ က ထုတ်ဖော်ပြောဆိုလိုက်သည်။ ကနေဒါနိုင်ငံသည် ၂ဝ၁၃ ခုနှစ်မှစတင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာနှင့် ဆူးဘစ်ဆိပ်ကမ်းများသို့ ကွန်တိန်နာများဖြင့် စွန့်ပစ်အမှိုက် များထည့်ပြီး တင်ပို့ခဲ့ရာ စုစုပေါင်း ကွန်တိန်နာ ၁ဝ၃ လုံးရှိခဲ့ရသည်။

''ဆူးဘစ်မှာ ၆၇ လုံးနဲ့ မနီလာမှာ နှစ်လုံးကို လစ်ဗျားအလံလွှင့် ထူထားတဲ့ MV Bavarsa သင်္ဘော ဖြင့် ကနေဒါအစိုးရက နံနက် ၃နာရီ အချိန်ကစသယ်နေပါတယ်''ဟု ဖိလစ်ပိုင်ပတ်ဝန်းကျင်ရေးရာဌာန အမြဲတမ်းအတွင်းဝန် ဘန်နီအင် တီပိုဒါက ထုတ်ဖော်ပြောဆိုလိုက် သည်။ ကနေဒါအစိုးရသည် ယခုကဲ့သို့ အမှိုက်များပြန်လည်သယ် ယူရာတွင် သင်္ဘောခ၊ ရှင်းလင်း အလုပ်သမားများအား ဖိလစ်ပိုင် အစိုးရမှကျခံမည်ဟု ကမ်းလှမ်း ချက်ကို သဘောတူညီလက်ခံခဲ့သည်။


ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနအတွင်းဝန် သီယိုဒိုရိုလော့စ်ဆင်းက ကနေဒါသံအမတ်ကြီးအား ဆင့် ခေါ်ကာ အမှိုက်များကိစ္စကြောင့် မိမိနှစ်နိုင်ငံသံတမန်ဆက်ဆံရေး ဖျက်သင့်ကဖျက်မည်ဟု ဆင့်ခေါ် ကာ သတိပေးပြောဆိုခဲ့ပြီး ပထမ အဆင့်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ သားများ ကနေဒါနိုင်ငံသို့ မသွား ရောက်ရန် တားမြစ်ခဲ့သည်။ သို့ သော် ကနေဒါနိုင်ငံက အမှိုက် များပြန်သယ်ယူနေခြင်းကြောင့် ယင်းအမိန့်အား ပယ်ဖျက်လိုက်သည် ဟု အတွင်းဝန်လော့စ်ဆင်းက တွစ်တာမှတစ်ဆင့် ထုတ်ဖော်ပြော ဆိုလိုက်သည်။


ဖိလစ်ပိုင်သမ္မတဒူတာတေက မည်သည့်အမှိုက်တင်သင်္ဘောမျှ ဖိလစ်ပိုင်ဆိပ်ကမ်းများသို့ အကပ်မခံရန် အကောက်ခွန်ဦးစီး ဌာနသို့ အမိန့်ထုတ်ပြန်ညွှန်ကြား လိုက်သည်။ သမ္မတဒူတာတေ၏ ညွှန် ကြားချက်ထုတ်ပြန်ပြီးနောက် တောင်ကိုရီးယားအမှိုက်တင်သင်္ဘော တစ် စင်း ဖိလစ်ပိုင်ဆိပ်ကမ်းသို့ အမှိုက် စွန့်ပစ်ရန် လာရောက်နေသည်ကို တွေ့ရှိရ၍ အကောက်ခွန်ဌာနက အဝင်မခံဘဲ တားမြစ်ခဲ့သည်ဟု သတင်းများအရသိရှိရသည်။ ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ တောင် ကိုရီးယားအစိုးရက အထက်ပါဖြစ် ရပ်မှန်ကန်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top