HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘိုးရင်း ၇၃၇ ဂျက်လေယာဉ် တချို့တွင် မှားယွင်းသော ပစ္စည်းများဖြင့် တပ်ဆင်ထားကြောင်း အမေရိကန်လေကြောင်း ကြီးကြပ်သူများ ပြောကြား  

ဘိုးရင်း ၇၃၇ ဂျက်လေယာဉ် တချို့တွင် မှားယွင်းသော ပစ္စည်းများဖြင့် တပ်ဆင်ထားကြောင်း အမေရိကန်လေကြောင်း ကြီးကြပ်သူများ ပြောကြား   

ဝါရှင်တန်၊ ဇွန် ၃

အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းရေးအုပ်ချုပ်မှုအဖွဲ့ (FAA) က မြေပြင်၌ရပ်ထားရသည့် ဘိုးရင်း 737 MAX လေယာဉ်များ၏ ပြဿနာအသစ်တစ်ရပ်တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက ဇွန် ၃ ရက်တွင် ဖော်ပြခဲ့သည်။  ဘိုးရင်းကုမ္ပဏီက FAA အား အကြောင်းကြားပြောကြားခဲ့သည်မှာ 737 NG နှင့် 737 MAX လေယာဉ် များတွင် တပ်ဆင်ထားသော လျှပ်စစ်စီးတုတ်ချောင်းမှာ လုပ်ထုံးလုပ်နည်းနှင့်အညီတပ်ဆင်ထားခြင်းမဟုတ် ကြောင်း၊ ခံနိုင်ရည်နှင့် ကြံ့ခိုင်ရည်မရှိကြောင်း FAA ၏ ကြေညာချက်တွင် ဖော်ပြလိုက်သည်။

ဘိုးရင်းကုမ္ပဏီနှင့် FAA  အုပ်ချုပ်မှုရုံးတို့ပူးတွဲစစ်ဆေးခဲ့ရာ ဘိုးရင်း၏ ကန်ထရိုက်လုပ်ငန်းခွဲက လေယာဉ်အစိတ်အပိုင်း ၁၄၈ မျိုးကို ထုတ်လုပ်ခဲ့ရာတွင် အရည်အသွေး မမီကြောင်း မိမိတို့ဆုံးဖြတ်ခဲ့သည် ဟု FAA  ၏ ကြေညာချက်က ဆက်လက်ဖော်ပြခဲ့သည်။ ဘိုးရင်းကုမ္ပဏီကပြောကြားရာတွင် အဆိုပါအစိတ်အပိုင်းများကို ဘိုးရင်း 737 NG နှင့် ဘိုးရင်း 737 MAX  လေယာဉ်များတွင် တပ်ဆင်ခဲ့သည့်မှတ်တမ်းများကို တွေ့ရှိရသည်ဟု ဆိုသည်။ အဆိုပါ သံသယရှိသောပစ္စည်းမှာ အချိန်ကာလမရောက်မီ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုမမှန်ကန်၍ ပျက်စီးသွားလည်းဖြစ်နိုင်ကြောင်း FAA  က ဆက်လက်ဖော်ပြခဲ့သည်။


FAA က ပြောကြားရာတွင် ကမ္ဘာတစ်ဝန်းလုံး 737 MAX လေယာဉ် ၁၇၉ စင်းနှင့် 737 NG လေယာဉ် ၁၃၃ စင်းတို့မှာ အထက် ဖော်ပြပါပစ္စည်းများကို တပ်ဆင်ထားခဲ့သည်ဟုဆိုသည်။ သို့ရာတွင် အဆိုပါပစ္စည်း ကြောင့် လေယာဉ်ပျက်ခြင်းမဟုတ် သော်လည်း ထိုပစ္စည်းချွတ်ယွင်း၍ အနာဂတ်တွင်လေယာဉ်များပျက်ကျမှုဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ ကြေညာချက်ကဖော်ပြခဲ့သည်။ FAA က ဘိုးရင်းအား အဆိုပါအစိတ်အပိုင်းများကို ၎င်းင်း၏လေယာဉ်များမှ ဖြုတ်လဲရန်အမိန့်ပေး ထားခဲ့ကြောင်း၊ လေယာဉ်ပိုင်ရှင်များကလည်း ဤပစ္စည်းများကို ၁ဝ ရက်တွင်း အပြီးလဲလှယ်ရာတွင် ပါဝင်ကြရန် တိုက်တွန်းထားခဲ့သည်။ ဘိုးရင်း၏ 737 MAX လေယာဉ်များလုံခြုံစိတ်ချစေရန် ဘိုး ရိန်းကုမ္ပဏီအား ဖိအားပေးလျက် ရှိသည်။ 

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top