HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မက္ကဆီကို သွင်းကုန်ခွန် ကိစ္စရပ်ကို အလေးအနက် သဘောထားဟု သမ္မတဒေါ်နယ်ထရန့် ပြောဆို  

မက္ကဆီကို သွင်းကုန်ခွန် ကိစ္စရပ်ကို အလေးအနက် သဘောထားဟု သမ္မတဒေါ်နယ်ထရန့် ပြောဆို   

ဝါရှင်တန်၊ ဇွန် ၃

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် မက္ကဆီကိုမှ အမေရိကန်သို့ သွင်းကုန်များအဖြစ်တင်သွင်းခြင်းအပေါ် အခွန်ကောက်ခံ ခြင်းအား ''အထူးအလေးထား ဆောင်ရွက်''နေပြီး ယင်းသည် နယ်စပ်ခိုလှုံရွှေ့ပြောင်းသွားလာသူများ ပမာဏအနည်း၊ အများပေါ် မူတည်နေကြောင်း အိမ်ဖြူတော် ခေတ္တအရာရှိချုပ် မစ်မူလ်ဗန်နီက ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Fox News Sunday သတင်းစာကြီးတွင် ဇွန် ၃ ရက်က ထုတ်ဖော် ရေးသားလိုက်သည်။

''မက္ကဆီကို သွင်းကုန်တွေအ ပေါ် ဒီလိုအခွန်သတ်မှတ်ကောက်ခံခြင်းဟာ တခြားရည်ရွယ်ချက်အထူးမရှိပါဘူး'' ဟုလည်း ပြောကြား ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားခဲ့သည်။ ယင်းသည်မက္ကဆီကို အစိုးရသို့ ကြိုတင်အသိပေးထား ပြီးဖြစ်သည်ဟုလည်း ရေးသား ဖော်ပြလိုက်သည်။ ''မက္ကဆီကိုစီးပွား ရေးဝန်ကြီး ဂရေစီလာမာကေးနဲ့ အမေရိကန်ကူးသန်းရောင်းဝယ် ရေးဌာနဝန်ကြီး ဝီလ်ဘာရို့စ်တို့လည်း ပြီးခဲ့တဲ့နှစ်ရက်က ဆွေးနွေး ခဲ့ကြပြီးသားပါ။ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့မက္က ဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘရာ့(ခ်)တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးကြပါလိမ့်ဦးမယ်''ဟုလည်း သတင်းတွင်ဖော်ပြထားသည်။


''မက္ကဆီကိုနိုင်ငံကနယ်စပ် အရေးဆွေးနွေးဖို့ ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်မယ်လို့ အကြောင်း ကြားထားပါတယ်'' ဟု ဒေါ်နယ်ထရန့်ကတွစ်တာတွင် ရေးသားဖော် ပြလိုက်သည်။ ''မက္ကဆီကိုရွှေ့ပြောင်းခိုလှုံ သူများအရေး ကျွန်တော်ကျေနပ် အောင် မဖြေရှင်းပေးနိုင်ဘူးဆိုရင် တော့ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း လတိုင်းတိုးနေမှာပဲ။ ၂၅ ရာခိုင်နှုန်း အထိပေါ့''ဟု ရေးသားဖော်ပြခဲ့သည်။

Ref:AP

#democracytoday

Rate this item
(0 votes)
back to top